Friday, July 19, 2013

နှိုးဆော်အကြံပေးချက်




                                              ဗုဒ္ဓဂုဏ်တော် ( ၉ ) ပါး 
http://www.imagehousing.com/image/1151026">http://img1.imagehousing.com/90/f84f6a65419f089102817e3ab9f4d6ff.jpg" alt="Image Hosting">


                     ဓမ္မဂုဏ်တော် ( ၆ ) ပါး 
Image Hosting Site


သံဃဂုဏ်တော် ( ၉ ) ပါး  
Image Upload

ဂုဏ်တော်များအား ( ပါဠိလိုရောမြန်မာလိုပါ )နေ့စဉ်နေ့တိုင်း မနက်တစ်ခေါက်၊ နေ့လည်တစ်ခေါက်၊ ညတစ်ခေါက် မှန်မှန်စိတ်ထဲမှ ရွတ်ပွါးနိုင်သော လူများသည်  
( ၁ ) ဉာဏ်ရည်ထက်မြက်ခြင်း၊
( ၂ ) ရုပ်ရည်လှပခြင်း၊
( ၃ ) ယဉ်ကျေးလိမ္မာလာခြင်း၊
( ၄ ) လူချစ်လူခင်ပေါများလာခြင်း နှင့် နေ့စဉ်နေ့တိုင်း ( ၁၀၊ ၂၀၊ ၅၀ ) များများရွတ်ပွါးနိုင်သောလူများသည် ( ၅ ) သရဏဂုံတည်ပြီး အပါယ်မကျနိုင်တော့ပါဘူးခင်ဗျ။
ဂုဏ်တော်များအား ( ပါဠိလိုရောမြန်မာလိုပါ ) အနက်အကုန်လုံးကိုကျက်ရပျင်းသူများအဖို့ ကျွန်တော်
ထုတ်ထားတဲ့နုတ်( အကျဉ်းချုပ် )ကလေးများကိုပင် အလွတ်ကျက်ပြီးပါဠိလိုရောမြန်မာလိုပါ နေ့တိုင်းပွါး များ
စေလိုပါတယ်။ နုတ်( အကျဉ်းချုပ် )ကလေးများကို အပုံတွေမှာတခါတည်းရေးပေးထားပါတယ်ခင်ဗျ။
ကျွန်တော်တို့လိုယောင်္ကျားလေးများအဖို့ လက္ဘရည်ဆိုင်များ ထိုင်သောအခါမှာလည်းပွါးလို့ရပါတယ်ခင်ဗျ။
မိန်းကလေးတွေကတော့ အလှပြင်တဲ့အချိန်မှာလည်းပွါးများနိုင်ပါတယ်နော်။ ဂုဏ်တော်များအားပွါးများပြီး
၃/၄ လ လောက်ကြာလာပြီဆိုရင် ကိုယ့်ကိုကိုယ်ပြန်ပြီးလေ့လာကြည့်လို့ရပါတယ်ခင်ဗျ။ ကျွန်တော်ပြောထားသလိုဖြစ်လာလား၊ မဖြစ်လာဘူးလားဆိုတာပါ။ မဖြစ်သေးရင် များများသာပွါးများပါ။
ပွါးများတဲ့လူတိုင်း( လူတိုင်း )အတွက် ကျိန်းသေပေါက်ကို ကျွန်တော်ပြောထားတဲ့အကျိုးထူးတွေရလာမှာပါ။
ကျွန်တော့်ရဲ့ နှိုးဆော်အကြံပေးချက်လေးကို လူတွေများများဖတ်ပြီး များများပွါးများနိုင်ကြပါစေလို့
ဆုတောင်းနေပါတယ်ခင်ဗျ။   
                                
                          " ဘုရားကိုလည်း၊ စိတ်မှာစွဲ၊ အမြဲကိုးကွယ်မည် "
                          " ဘုရားကိုးကွယ်၊ တန်ခိုးကြွယ်၊ အပါယ်မကျ၊ နိဗ္ဗ္ဗာန်ရ "
                         " တရားကိုလည်း၊ စိတ်မှာစွဲ၊ အမြဲကိုးကွယ်မည် "
                         " တရားကိုးကွယ်၊ ပညာကြွယ်၊ အပါယ်မကျ၊ နိဗ္ဗ္ဗာန်ရ "
                         " သံဃာကိုလည်း၊ စိတ်မှာစွဲ၊ အမြဲကိုးကွယ်မည် "
                       " သံဃာကိုးကွယ်၊ ဥစ္စာကြွယ်၊ အပါယ်မကျ၊ နိဗ္ဗ္ဗာန်ရ "

ပုဂံပြည် နရသီဟပတေမင်းလက်ထက်က အချစ်ကြီးပြီး အရှက်ကြီးခဲ့သော မိဖုရားစောလုံ သမိုင်းကား နှစ်ပေါင်းဘယ်လောက်ပင် ကြာညောင်းသွားသောလည်း မေ့ပျောက်မရနိုင်ပဲ ချစ်သူတွေကြား မျက်မာန်မပွားကြစေဖို့ သင်္ခန်းစာ တစ်ခုအဖြစ်မှတ်တမ်းတင် ကျန်းရစ်ခဲ့သည်ကား မှတ်သား ထိုက်ပေစွ၊
ထိုထက် အဖိုးတန်းသော သင်္ခန်းစာကား ဂုဏ်တော်၏ အကျိုးထူးများ မိဖုရားစောလုံးကောင်းကောင်း ရရှိခံစား သွားရခြင်းပင်မဟုတ်ပါလား။

ပုဂံပြည် နရသီဟပတေ့မင်းလက်ထက်တွင် မိဖုရား စောလုံသည် အမျိုးသမီးတို့၏ ကောင်းခြင်းငါဖြာနှင့်ပြည့်စုံ ပြီး မိဖုရားများအားလုံးတွင် ဘုရင်အမြတ်နိုးဆုံး မိဖုရားဖြစ်ခဲ့သည်။မိဖုရားစောလုံ အလှမှာ ထူးခြားသလို၊ အရှက်အကြောက်တရားတွင်လည်း မိန်းမလေးပီသူဖြစ်ပါသည်။ ထို့ကြောင့် အခြားမိဖုရားများကဲ့သို့ မင်းကြီးအား ပြုံးရွှင်ပြူပျူငှာ မဟာပရိယာယ်မကြွယ်လှ၊ထိုမိန်းကလေးသဘာဝအလှကိုပင် မချိတင်ကဲ အသဲယားလှသော မင်းတရားကြီး သင်္ကြန်ရောက်တိုင်း မိဖုရားစောလုံကို အစသန်ခဲ့သည်။
စောလုံး၏ ထူးခြားချက်ကား လောကစည်းစိမ်းအလည်တွင် ပျော်ရွင်ဖွယ်ရာများဖြင့်နေရသော်လည်း ရတနုာသုံးပါကိုကာ အထူးကြည်ညိုလေးစာသော မိဖုရားတစ်ယောက်ဖြစ်သည်။

နွေရာသီရောက်တိုင်းတွင် မင်းတရားကြီးသည် ဧရာဝတီမြစ်ကမ်းတွင် နန်းစံတော်မူ၍ မောင်းမိဿံ အခြံအရံများ ဖြင့်ရေကစားတော်မူမြဲဖြစ်၏။ တစ်ခုသော နွေရာသီ ရေကစားပွဲတွင် မိဖုရားစောလုံးကို ကျီစယ်လိုသဖြင့် မျက်နှာဆံပင်ပါမကျန် တစ်ကိုယ်လုံး ရွှဲရွှဲစိုအောင် ရေဖြင့်ပတ်တော်မူသည်။

မိဖုရားစောလုံသည် ကျီစယ်သည်ကို အရှက်ကြီး၍ အမျက်ထားကာ မင်းတရားကြီး စားတော်ပွဲ၌ အဆိပ်ခတ်ကာ စာတော်ကို ဆက်သစေလေသည်။ မင်းတရားကြီးလည်း စာတော်ပွဲအောက် ကြောင်းချေဆတ်သံကိုကြား၍ သံသယဝင်ကာ ပွဲတော်မတည်သေးဘဲ ခွေကိုချကျွေးစဉ် တစ်ခဏချင်း ခွေးသေသည်ကို မြင်၍ ပွဲတော်ဆက်သူကို စစ်ဆေးသော အခါ မိဖုရားစောလုံဖြစ်ကြောင်း မင်းကြီးသွားလေသည်။
မင်းကြီး မိဖုရားစောလုံးအား အကြောင်းစုံကို စစ်ဆေးမေးမြန်းရာ “ ရေကစားစဉ်က မောင်းမမိဿံများအလည် သူ့တစ်ကိုယ်လုံး ရေစိုရွဲအောင် ရေပက်စေကာ အရှက်ကွဲသောကြောင့် ၊ မကျေနပ်လို သေကြောင်းကြံမိ ကြောင်းနှင့် သူအားအပြစ်ရှိသည်ဆိုက ပေးသော အပြစ်ခံရန် အသင့်ရှိကြောင်း” စကားခပ်ခပ်မာမာ ပြောဆိုက်လေသည်။

မင်းတို့မျက်စောင်း အကြောင်းသုံးပါး မရွေးဆိုသကဲ့သို့ သူအချစ်မြတ်နိုးဆုံး မိဖုရားစောလုံကို ပန်းပဲသမားကို ခေါ်ကာ မီးရဲရဲတောက်သော ကျပ်စင်ပေါ်တင်၍” သတ်စေဟု အမိန့်ချမှတ်လိုက်လေသည်။

မိဖုရားစောလုံးလည်း ဒီအချိန်ဟာ အရေးကြီးသော ဘဝနောက်ဆုံးအချိန်ဆိုတာ သိလို့ ပန်းပဲသမားများကို ရွှေငွေများစွာပေးကာ ၊ သူ့တင်သတ်မည့် ကျပ်စဉ်ကို ခုနစ်ရက်ကြာအောင် တည်ဆောက်ခိုင်းပြီးနေ့ရော ညဥ့်ပါတရားနာ သီလဆောက်တည်၊ ဂုဏ်တော်ပွားကာ နေထိုင်ခဲ့သည်။ ခုနစ်ရက်ပြည့်သောအခါ .. သူ့ကို သတ်မည့် ရဲရဲတောက် သံကျပ်စင်ထက်သို့ မကြောက်မရွံ့တက်ရောက်လေရာ အလွန်အေးမြ မွေးကြိုင်သော ဂေါသီတ စန္ဒကူနံ့သာ ထည့်လိုက်သလို တစ်ခါတည်း မီးငြိမ်းသွားလေသည်။

မိဖုရားစောလုံးတစ်ယောက် သံကျပ်စဉ်ပေါ်ကာ ဂုဏ်တော်ပွား၍ နေသောကြောင့် မီးလောင်ကျွမ်းခြင်းမရှိ သုံးကြိမ်တိုင်အောင် မိးငြိမ်းသွားသောကြောင့် နောက်ဆုံး “ ဤဘဝ ချမ်းသာခွင့် ရမည်မဟုတ်လျှင် တခဏချင်း လောင်ကျွမ်းစေတော့” ဟုစိတ်ကို လျော့ချ အဓိဋ္ဌာန်လိုက်သောအခါမှ တစ်ခဏချင်း လောင်ကျွမ်း ကွယ်ပျောက်သွားပါတော့သည်။

မင်းကြီးလည်း အမြတ်နိုးဆုံး မိဖုရားတစ်ယောက် သေကြေပျက်စီးပြီးမှ နောင်တရခါ မိဖုရားစောလုံးကို လွမ်းဆွတ်တမ်းတ သတိရသော ဝေဒနာဖြင့်နေရရှာပါတော့သည်။

မိမိတို့အနီးနားမှာ ခေတ်ပေါ် လက်နက်ကြီးများထက် အစွမ်းထက်သော ရှေးဟောင်းအစွမ်းထက်သည့်
လက်နက်ကောင်းကြီးများ ရောက်ရှိနေပါပြီ။

ဒီေ
ရှေးဟောင်းအစွမ်းထက်သည့်လက်နက်ကြီးကို ကောင်းကောင်းအသုံးချတတ်မယ်ဆိုရင် လောကီလူမှုရေး အခက်အခဲများ၊ လောကီစီးပွားရေးအခက်အခဲများကို အတိုင်းအတာတစ်ခုလောက်တော့ ကူညီပါလိမ့်မယ်။
စိတ်ဝင်စားတယ်ဆိုရင် လုပ်သာ လုပ်ကြည့်လိုက်ပါ။ အလုပ်ရဲ့ အကျိုးပေးကတစ်စုံတစ်ခုတော့
ပြန်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

No comments: