
ဘဂ၀တော - မြတ်စွာဘုရား၏ ၊ သာဝကသံဃော - သံမ္မုတိ, အရိယာ နှစ်ဖြာသောတပည့်သားတော်သံဃာတော်အ
ပေါင်းသည် _
သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော = ကိလေသာကင်းစင်ပြီးနိဗ္ဗ္ဗာန်ရောက်ကြောင်း
တရားတော်မြတ်ကို ကျင့် ကြံနေသော သံဃာတော်မြတ်။
ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော = မာယာများကင်းစင်၍ ရိုးသားဖြောင့်မတ်စွာ ကြံဆောင်
နေသောသံဃာတော်မြတ်။
ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော = နိဗ္ဗ္ဗာန်အကျိုးမျှော်ကိုး၍ကျင့်ကြံနေသောသံဃာတော်မြတ်။
သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော = မဂ္ဂင်ရှစ်ပါးတရားတော်မြတ်
ကိုတုပ်ဝပ်ရိုသေစွာ
ကြံဆောင်၊ ကျင့်ကြံနေသော သံဃာတော်မြတ်။
ယဒိဒံ စတ္တာရိ ပုရိသယုဂါရိ အဌပုရိသပုဂ္ဂလာ
ဧသ ဘဂ၀တော သာဝကသံဃော_ မြတ်စွာဘုရားရှင်မြတ်၏တပည့်သားတော် သံဃာတော်မြတ်အပေါင်းသည်
အာဟုနေယျော = အဝေးမှဆောင်ယူလာသောပစ္စည်းများကို လှူဒါန်း၍ ထိုပစ္စည်းများကိုအလှူခံထိုက်ပါ၏ ။
ပါဟုနေယျော = ဧည့်သည်များအတွက် ရည်မှန်း၍အထူးစီမံထားသော ပစ္စည်းများကို လှူဒါန်း၍
ထိုပစ္စည်းများကိုအလှူခံထိုက်ပါ၏ ။
ဒက္ခိဏေယျော = တမလွန်အကျိုး၊ ကံ , ကံ၏အကျိုးကို ယုံကြည်မျှော်ကိုး၍ လှူအပ်သော အလှူကိုလည်း
ခံယူတော်မူ ထိုက်ပါ၏ ။
အဉ္ဇလိကရဏီယော = လူ၊ နတ်၊ ဗြဟ္မာများ၏ ရိုသေ၊ မြတ်နိုး၊ လက်အုပ်မိုး၍ ရှိခိုး၊ ပူဇော်ခြင်းကို ခံယူတော်မူ
ခံယူတော်မူထိုက်ပါ၏ ။
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ = လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်းတို့ တရား၊ ဘာဝနာများပွါးများနိုင်
ကြစေရန် မျိုးချ၊ ကြဲပြန့်ထားသော လယ်ယာမြေများပမာ
ဖြစ်နေသောသံဃာတော်မြတ်။
သံဃဂုဏ်တော် အာရုံပြုကျိုး
သံဃာမြတ်ဂုဏ် အာရုံညွတ်လို့
မပြတ်မလပ် အောက်မေ့လျှင်
အမြဲတမ်းသာ ကောင်းစွာနိုးလို့
ကြီးမားဖွံ့ဖြိုး အကျိုးထင်။
No comments:
Post a Comment