Tuesday, August 20, 2013
မြန်မာနိုင်ငံအကြောင်းသိကောင်းစရာ
မြန်မာနိုင်ငံအကြောင်းသိကောင်းစရာ
Image Upload
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကိုယခင်က ဗမာ လို့ ကမ္ဘာမှာလူသိများကြပါသည်။ ရှေးအခါက အိန္ဒိယတိုင်းရင်းသားတို့သည် မြန်မာကို ဗြဟ္မာ ဟုခေါ်ခဲ့ကြသည်။ မြန်မာဟု စောဆုံးခေါ်သော အသုံးအနှုန်းကို ပုဂံခေတ် တောင်ဂူနီ ကျောက်စာ၌ ရေးထိုးထားသည်။ ဗမာကို ၁၅ ရာစု မြန်မာနိုင်ငံကို ကုန်သွယ်ရန် ရောက်ရှိလာသော ပေါ်တူဂီ တို့ မှ Burma ဟု စခေါ်ရာမှ ဗမာဖြစ်လာသည်။ ကိုလိုနီခေတ် တခေတ်လုံးတွင် အင်္ဂလိပ်တို့က Burma ဗမာ လို့ခေါ်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ်မှ စ၍ မြန်မာ Myanmar ဟု ပြန်လည် ပြောင်းလဲခဲ့သည်။
တည်နေရာ
မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအကြား အာရှတိုက်၏အရှေ့ တောင် ပိုင်းရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် တည်ရှိသည်။ အရှေ့ မြောက်ဘက်တွင် တရုပ်ပြည်သူ့ သမ္မတနိုင်ငံ (၁၃၈၄ မိုင်)၊ အရှေ့ ဘက်တွင် လာအိုနိုင်ငံ (၁၄၆ မိုင်)၊ အရှေ့ တောင်ဘက်တွင် ထိုင်းနိုင်ငံ(၁၃၀၄ မိုင်) ၊ အနောက်ဘက်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ (၁၆၉ မိုင်)နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ (၉၀၃ မိုင်)တို့နှင့် နယ်နမိတ် ထိစပ်နေသည်။
အကျယ်အ၀န်း
မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၂၀၀၀ (၆၇၈ ၅၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ အရှေ့ တောင်အာရှတွင် အကြီးဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး နိုင်ငံများထဲတွင် အမှတ်စဉ် ၄၀ မြောက် အကြီးဆုံးဖြစ်သည်။ အဓိကတောင်တန်းကြီး ၃ ခုရှိသည် ပဲခူးရိုမတောင်တန်း၊ ရခိုင်ရိုးမတောင်တန်းနှင့် ရုမ်းတောင်တန်းတို့ဖြစ် သည်။ မြန်မာနိုင်ငံတွင် မြစ်ချောင်းအင်းအိုင်များပေါ်များသည် ထိုထဲမှ အထင်ကရမြစ်ကြီးများမှာ ဧရာဝတီမြစ်၊ ချင်းတွင်မြစ်နှင့် စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့ဖြစ်သည်။
အမြင့်ဆုံးတောင်
 Image Upload
 မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်သည် အမြင့် ၅၈၈၁ မီတာ (ပေ ၁၉၂၉၀) ခန့် မြင့်မားသည်။
အရှည်ဆုံးမြစ်
Image Hosting Site
ဧရာဝတီမြစ်သည် မိုင်းပေါင်း ၁၃၅၀ (၂၁၇၀ ကီလိုမီတာ) ရှည်လျားသည်။
လွတ်လပ်ရေးနေ့
ဇန္န၀ါရီလ ၄ ရက်၊ေ၉၄၈ ခုနှစ် နံနက် ၄း၂၀ အချိန်တွင် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရခဲ့သည်။
ရာသီဥတု
နွေ၊ မိုး၊ ဆောင် ဟူ၍ သုံးမျိုးရှိပါသည်။
နွေရာသီ - ဖေဖေါ်ဝါရီ မှ မေလကုန်အထိဖြစ်သည်။
မိုးရာသီ - ဇွန်လမှ စက်တင်ဘာလကုန်အထိ ဖြစ်သည်။
ဆောင်းရာသီ - အောက်တိုဘာလမှ ဇန္န၀ါရီလကုန်အထိဖြစ်သည်။
ကိုးကွယ်မှု
ထေရ၀ါဒ ဗုဒ္ဒဘာသာနိုင်ငံဖြစ်သည်။ အခြားဘာသာများကို ကိုးကွယ်သူများလည်း နေထိုင်သည်။ ဗုဒ္ဒဘာသာ ၈၉ %၊ ခရစ်ယန်ဘာသာ ၄ %၊ မူဆလင်ဘာသာ ၄ % နှင့် အခြား ကိုးကွယ်သည့်ဘာသာဝင် ၃ % ရှိသည်။( ၂၀၀၆ ခုနှစ်စာရင်းဖြစ်သည်။)
ပည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ
Image Search
ရည်ညွှန်းချက်
  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ သည် သုံးရောင်ခြယ်အလံဖြစ်သည်။ (အ၀ါ၊ အစိမ်း၊ အနီ)
  - အ၀ါရောင်သည် ဘာသာ၊သာသနာနှင့်ပညာတို့ တိုးတက်ခြင်းကို လည်းကောင်း
  - အစိမ်းရောင်သည် စပါးဆန်ရေ၊ကျွဲနွား အထွေထွေပေါများခြင်းကို လည်းကောင်း
  - အနီရောင်သည် မြင်သူအသဲတွင် ရဲစိတ်ရဲမာန် ထက်သန်စေခြင်းကို လည်းကောင်း
  အသီးသီးကိုယ်စားပြုကာ အလံ၏အလယ်ဗဟိုရှိ ကြယ်ဖြူကြီးမှာ တစ်စည်းတစ်လုံးတည်းရှိသော ပြည်ထောင်စုကြီးကို ကိုယ်စားပြုပါသည်။
နိုင်ငံတော်သီချင်း
ကမ္ဘာမကြေ သီချင်းဖြစ်သည်။ ၀ိုင်အမ်ဘီဆရာတင် ရေးစပ်ခဲ့ခြင်းဖြစ်သည်။
ရုံးသုံးစာ
အဓိကမြန်မာစာကိုသုံးသည်။နိုင်ငံခြားဘာသာစကားအတွက် အင်္ဂလိပ်စာကို အသုံးပြုသည်။
ငွေကြေး
ကျပ်ငွေကို အသုံးပြုသည်။ ၁ ကျပ်တွင် ပြား ၁၀၀ ပါရှိသည်။ ယနေ့ အမြင့်ဆုံး ငွေစက္ကူမှာ ကျပ် ၁၀၀၀၀ တန် ဖြစ်သည်။ကျပ် ၅၀၀၀၊၁၀၀၀၊၅၀၀၊၂၀၀၊၁၀၀ နှင့် ၅၀ တန်များကိုအသုံးပြုကြပါသည်။
စံတော်ချိန်
ကမ္ဘာ့စံတော်ချိန်နှင့် (+ ၆.၃၀) နာရီကွားသည်။
နိုင်ငံတကာ Code
နိုင်ငံတကာ Code မှာ ၉၅ (95) ဖြစ်သည်။
ကမ္ဘာ့အသင်းဝင်
၁၉၄၈ ခုနှစ် ဧပြီလ တွင် ၅၈ နိုင်ငံမြောက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ ဝင် နိုင်ငံဖြစ်လာသည်။
မြန်မာ့ပြည်နယ်နှင့်တိုင်းများ အကြောင်း
၁။ကချင်ပြည်နယ်
၂။ကယားပြည်နယ်
၃။ကရင်ပြည်နယ်
၎။ချင်းပြည်နယ်
၅။မွန်ပြည်နယ်
၆။ရခိုင်ပြည်နယ်
၇။ရှမ်းပြည်နယ်
၈။ရန်ကုန်တိုင်း
၉။မန္တလေးတိုင်း
၁၀။ပဲခူးတိုင်း
၁၁။စစ်ကိုင်းတိုင်း
၁၂။ဧရာဝတီတိုင်း
၁၃။မကွေးတိုင်း
၁၄။တနသာင်္ရီတိုင်း
မြန်မာ့တိုင်းရင်းသားလူမျိုးများ အကြောင်း
ကချင်
Image Upload
ကချင် - တရုမ်း - ဒလောင် - ဂျိမ်းဖောလူမျိုး(သိန်းပေါ်၊ ဂျင်းဖော) - လော်ဝေါ်(မရူလူမျိုး) -ရဝမ်လူမျိုး- လာချိဒ်- လီဆူလူမျိုး- ဇိုင်ဝါး- ဂေါ်ရစ် - ခါ့ခူးလူမျိုး - ဒုရင် - လရှီလူမျိုး - အဇီး
ကယား
Image Upload
Image Upload
ကယား(သို့)ကယန်း - ဇယိန်လူမျိုး - ပဒေါင်လူမျိုး - ဂေခို - ဂေဘား - ပရဲလူမျိုး - မနူမနော် - ယင်းတလဲ - ယင်းဗော်လူမျိုး
ကရင်
Free Image Hosting
ကရင် - ကရင်ဖြူ - ပလေကီး (ပလေချီ) - မွန်ကရင် - စကောကရင် - တလှေပွာ - ပကူး - ဘွဲ - မောနေပွား - မိုးပွ - ပိုးကရင်
ချင်း
Image Search
ချင်း - ကသည်း - မယ်တိုင် (ကသဲ) - ဆလိုင်း - ကလင်ကော (လူရှေ) - ခမီ - အောဝခမီ - ခေါနိုး - ခေါင်စို - ခေါင်ဆိုင်ချင်း - ခွာဆင်းမ် - ခွန်လီ (ဆင်မ်) - ဂန်တဲ့ (လင်တဲ) - ဂွေးတဲ - ငွန်း - ဆီစာန် - ဆင်တန် - ဆိုင်းဇန် - အရှိုချင်း - -ချိုး - ခမီ - လိုင်မီး - - ဇိုမီး - မီဇိုး - ဇာဟောင် - ဆိုင်းတန်လူမျိုး - ဇိုဖေ - ဇို - ဇန်ညှပ် - တပေါင် - တီးတိန် (တဲဒင်မ်) - တေဇန် - တိုင်ချွန်း - တာ့ဒိုး - တောရ် - ဒင်မ် - ဒိုင်လူမျိုး - နာဂ - တိုင်ချွန်း - မာရင် - ပနမ်း - Magun - မတူ - မီရမ် (မရာ) - မီအဲ - မကန်း - လူရလူမျိုး၊လူရှိုင်း (လူရှေ) - လေးမြို - လျင်းတု - လောက်ထူ - လိုင် - လိုင်ဇို - ပါကင်းမ် - ဟွာလ်ငို - အနူး - အနန် - အူပူ (မရို) - လျင်းတု - အရှိုချင်း - ရောင်ထု
ဗမာ
Image Hosting Site
 ဗမာ - ထားဝယ် - မြိတ် - ယော - ရဘိန်း - ကတူး - ကနန်း - ဆလုံလူမျိုး - ဖွန်း (ဖုန်း) မွန်
Free Image Hosting
မွန် လူမျိုး
ရခိုင်
Image Hosting
ရခိုင် - ကမန် - ခါမီ - ဒိုင်းနက် - မြို - သက်
ရှမ်း
Image Hosting Site
ရှမ်း - ဓနောလူမျိုး - ဓနုလူမျိုး - အိုက်ဆွယ် - အင် - ဂုံလူမျိုး(ခွန်) - အင်းသား - ကော် (အခါအိကော) - ခန်တီးရှမ်း - ခမူ - ကိုးကန့် - ကွီ - လားဟူ - မိုင်းသာ - မြောင်ဇီး - မောရှမ်း - ပလောင် - ပလေး - ပအိုဝ်း(တောင်သူ) - ဖျင် - ရှမ်းကလေး - ရှမ်းကြီး - မုံလူမျိုး - တိုင်းလွယ် - တိုင်းလျမ် - တိုင်းလုံ - တိုင်းလေ့ - တောင်ရိုး - ဝ - ယောင် - ယင်ကျား - ယင်းနက်လူမျိုး - ယွန်း
မြန်မာအနုပညာပန်း ၁၀ မျိုး
၁။ ပန်းပဲ
Image Upload
၂။ ပန်းထိမ်
Image Upload
၃။ ပန်းတဉ်း
Image Upload
၎။ ပန်းတော့
Image Hosting
၅။ ပန်းတမော့
 Image Hosting
၆။ ပန်းရံ
Image Hosting Site
၇။ ပန်းပု
Image Search
၈။ ပန်းပွတ်
Image Sharing
၉။ ပန်းချီ
Image Hosting Site
၁၀။ ပန်းယွန်း
 Image Upload
                                        ၁၂ လရာသီများ
၁။ တန်းခူးလ သင်္ကြန်ပွဲ
Image Hosting
တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး ။      ။ တန်ခူးလတွင်ဖက်ဆွတ်ရေခေါ်သော 
 ရေသည် ဧရာဝတီမြစ်မှာ တိုးမြဲ၊ သင်္ကြန်မိုးခေါ်သော မိုးသည် ရွာမြဲဟုဆိုလိုသည်။
၂။ ကဆုန်လ ညောင်ရေသွန်းပွဲ
Image Hosting Site
တန်ခူး ရေကုန်၊ ကဆုန်ရေခန်း ။               ။ အချို့ကန်များ အိုင်များသည် တန်ခူးလတွင် ရေနည်းစပြုလာပြီး ကဆုန်လတွင် ခန်းခြောက်လေ့ရှိသည်။ (တန်ခူး ရေကုန်၊ ကဆုန် ရေစစ် ဟူ၍လည်း အဆိုရှိသည်။    တန်ခူး ရေကုန်၊ ကဆုန် ရေစစ် ဆိုသည့်အတိုင်း မြစ်ရေသည် စစ်နေလေသည်။ တန်ခူး ရေကုန်၊ ကဆုန်ရေခန်းဟူသော စကားနှင့်အညီ ကျွန်းလှရွာရှိရေတွင်းများသည် နွေကာလ၌ ရေနည်းလာတတ်၏။ ငါးလွှတ်ပွဲလည်း ကျင်းပကြလေသည်။ တန်ခူး ရေကုန်၊  ကဆုန်ရေခန်းဟူသော စကားအတိုင်းပင် ကဆုန်လ၌ ရေကန်ရေအိုင်များ ခန်းခြောက်နေတတ်ပေသည်။
ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့ ။          ။ ကဆုန်လတွင်မိုးသည် မြေငွေ့ပြန်အောင် မိုးရွာပုံဆော့ပြီး  မြေသင်းနံ့ထွက်ရုံလောက် ဖွဲဖွဲရွာသည် ဟုဆိုလိုသည်။
၃။ နယုန်လ စာပြန်ပွဲ
 Image Search
ကဆုန်နယုန် ဆွေ့ဆွေ့ခုန် ။         ။ ကဆုန်လနှင့် နယုန်လ၌ ဆွေ့ဆွေ့ခုန်လောက်အောင် နေပူရှိန် အလွန်ပြင်းလှသည်။ မေလ၏နေသည် ချစ်ချစ်တောက်ပူနေသည်။ ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန် ဟူသော မြန်မာ ဆိုရိုးနှင့်လည်း ညီလှသည်။ နွေဥတုတွင် ပါဝင်သောကြောင့် ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်ဟု စာချိုးရသည့် အထိ နေအပူ ပြင်းလှပေသည်။
ဝါကဆုန် နှမ်း နယုန်။     ။ ၀ါပင်ကို ကဆုန်လတွင် စိုက်ပျိုးရသည်။ နှမ်းပင်ကို နယုန်လတွင် စိုက်ပျိုးရသည်။
“ ၀ါစိုက်ခြင်းသည် နှမ်းစိုက်ခြင်းကဲ့သို့ အချိန်ကို လု၍ လုပ်ရသော စိုက်ပင်တစ်မျိုး ဖြစ်ရာ အချိန်ရာသီ မလင့်စေရန် အထူးဂရုပြုရသော အပင်မျိုးဖြစ်၏။ ထို့ကြောင့် ၀ါ၊ ကဆုန်၊ နှမ်းနယုန်ဟု ရှေးသူဟောင်းတို့ ဆိုရိုး ပြုခဲ့ကြလေသည်။
နယုန်မိုးသေး မြက်သားမွေး ။        ။ နယုန်လတွင်း မိုးပေါက်ငယ်ငယ် ရွာတတ်သဖြင့် မြက်ပင်ကလေးများ   ပေါက်ဖွားကြဆဲ ဟုဆိုလိုသည်။ နယုန်မိုးသေး မြက်သားမွေး ဆိုသော စကားအတိုင်း တိမ်လိပ်တိမ်ခဲများမှ မိုးသေး မိုးဖွဲ ကလေးများ တစ်ပြိုက်နှစ်ပြိုက် ကျလျက် မြက်ခင်း စိမ်းလဲ့လဲ့ ကလေးများ မြင်ရစပြုလျှင်ပင်။
၎။ ၀ါဆိုလ ရှင်ပြုရဟန်းခံပွဲ
Image Upload
ဝါဆိုလတွင် မိကျောင်းပွင့် အားကြီးဖြူးအောင် ပွင့်သည်။ မိုးရွာ၍ ရာသီအပူကင်းသည် ဟုဆိုလိုသည်။
၅။ ၀ါခေါင်လ စာရေးတံမဲပွဲ
Image Hosting
ဝါဆိုဝါခေါင် ရေဖောင်ဖောင်        ။ ၀ါဆိုလနှင့် ဝါခေါင်လတွင် မိုးကောင်းစွာ ရွာလေ့ရှိ၍  မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့တွင် ရေပြည့် နေတတ်သည်။  ၀ါဆိုငယ်မှ ၀ါခေါင်၊ ရေဖောင်ဖောင်နှင့်။ အားရပါးရ ရွာချလိုက်သော မိုးသားမိုးရေများ ချောင်းပြည့်ကန်ပြည့် လျှံပြည့်လာသော ၀ါဆိုဝါခေါင် ရေဖောင်ဖောင် အချိန်သို့ရောက်ခဲ့သောအခါ ဟု ဤလကို စာဆိုဖွဲ့ကာ သင်္ကေတ ပြုကြသည်။
ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်း ။         ။ 
ဝါခေါင်လတွင် အညာဒေသ၌  ထနောင်းပင်၊ ကြောင်ကျစ်ပင်၊ ဆူးရစ်ပင်တို့ပွင့်ကြသည်။ မိုးမှာမူမရွာတတ်၊ ရွာပါလျှင်လည်း မိုးမသည်းတတ်။ ၀ါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ ၊ ရွာပါသော်လည်း မိုးမသည်း။ ၀ါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ၊ရွာပါသော်လည်း မိုးမသည်း။             ။ ၀ါခေါင်လ ထနောင်းပင်၊ ကြောင်ကျစ်ပင်၊ ဆူးရစ်ပင်စသော သစ်ပင်များပွင့်သည့်အခါ မိုးအနည်းငယ်သာ ရွာသည်ဆိုလိုသည်။
ဝါခေါင် မိုးစိပ် ထွန်တုံးပိ ။      ။မိုးစိပ်စိပ်ရွာသည့်ဝါခေါင်လသည်လယ်သမားများအတွက် ထွန်ယက်စိုက်ပျိုးသောလုပ်ငန်း ပြီးဆုံး၍ ထွန်တုံးပိတ်ချိန် ၀ါခေါင် မိုးပိတ် ထွန်တုံးပိတ် ဆိုသလို မိုးဖြူကလေးဖွဲဖွဲဟာ စဲတယ်လို့မှ မရှိဘဲ အခုလို မိုးရွာတုန်း ထွန်တုံးပိတ်ဖို့ အလုပ်ကလေးကလည်းအားနေကြတော့ တစ်ရွာလုံးလိုလို မိုးအေးအေးနဲ့ ကွေးနေကြတဲ့အခါ ဟုလည်း ဆိုလိုသည်။
၆။ တော်သလင်းလ လှေပြိုင်ပွဲ
Image Hosting
တော်သလင်းညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမ ။       ။ တော်သလင်းလတွင် ရွာသွန်းသောမိုးသည် မရပ်မစဲရှိတတ်ရာ စားဖိုသည်များ ဒုက္ခကြုံရသည်။
တော်သလင်းနေပုစွန်သေ ။ ။     တော်သလင်းလသည် မိုးကာလပင်ဖြစ်သော်လည်း နေ့အချိန်၌ နေပူရှိန်မှာမူ ပုစွန်သေလောက်အောင် ပူပြင်းလှသည်။
တော်သလင်းမိုး ကန်သင်းကျိုး ။    ။ တော်သလင်းလတွင် ရွာသော မိုးသည် လယ်ကန်သင်းများ ကျိုးအောင် သဲသဲမဲမဲရွာတတ်သည်။ တော်သလင်း မိုးရွာခဲ့သော် တော်သလင်းမိုး ကန်သင်းကျိုးဟူသော ဆိုရိုးစကားကဲ့သို့ လယ်ကန်သင်းများ ကျိုးအောင် မပြတ်မစဲ တသဲသဲ ရွာနေတတ်သည်။  တစ်ခါတစ်ရံ မိုးကြီး တတ်သေးသည့် အတွက် တော်သလင်းမိုး ကန်သင်းကျိုးဟု ဆိုရိုးရှိခဲ့ပြန်ပေသည်။
တော်သလင်းမြစ်တွင်း သင်ဖြူးခင်း။     ။ တော်သလင်းလတွင် လှိုင်းလေငြိမ်သက်သဖြင့် ရေပြင်သည် သင်ဖြူးခင်းဘိသကဲ့သို့ ပြန့်ပြန့်ပြူးပြူးရှိသည်။ ယမုန်သာထူးတော့တယ်၊ သင်ဖြူးငယ် မြူစင်ဝယ်၊  ရေသဘင်သာညီဖွဲ့ ၊ ကန်ရာသီ ကြိမ်ဆဲပေမို့ ၊ ခါပွဲတော်၊ ။ ရေစီးအဟုန်မညံ့မပြင်း မြစ်တွင်းသာသောကြောင့် သစ်ဖောင် ၊ ၀ါးဖောင်အများ စုန်ဆင်းသည်၊ တော်သလင်းကို မြစ်တွင်း သင်ဖြူခင်းဟု ရှေးသူဟောင်းတို့ဆိုရိုးရှိသည်။
၇။ သီတင်းကျွတ်လ မီးထွန်းပွဲ
Free Image Hosting
 သီတင်းကျွတ်တွင် ၊ ပလ္လင်ဆေးမိုး ၊ ရွာသွန်ဖြိုး ။     ။ သီတင်းကျွတ်လတွင် မိုးသည် သင်ပုတ်ပလ္လင် (ဘုရား ဆွမ်းတော်စွန့်ရာ အုတ်ခုံ) သန့်စင်သွား လောက်အောင်ရွာသည်။
၈။ တန်ဆောင်မုန်းလ ကထိန်ပွဲ
Image Upload
တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက ။         ။ တန်ဆောင်မုန်းလတွင် ဆီးနှင်းကျလိုက်၊ မိုးရွာလိုက်ဖြစ်တတ်သည်။ 
တန်ဆောင်မုန်းမိုး၊ ကန်ကျိုးအောင်ရွာ ။      ။ အညာရပ်၌ တန်ဆောင်မုန်းလတွင် မိုးသည် ကန်များကျိုးပေါက်လောက်အောင် သဲသဲမဲမဲ ရွာတတ်သည်။
တန်ဆောင်မုန်းမိုးစွေ ကျွဲအိုနွားအိုသေ ။             ။ အညာရပ်၌ တန်ဆောင်မုန်းလတွင် မိုးဆက်တိုက်ရွာသွန်းပါက ကျွဲအိုနွားအိုများသေကြသည်။
တန်ဆောင်မုန်းမိုးစွေ ကျွဲအိုနွားအိုသေ
ဟူသော စကားကဲ့သို့ မိုးစွေနေတတ်သည်။
တန်ဆောင်မုန်း၊ သောင်ကတုံးချောင်ခွာ၊ မအိပ်ရာ ။          ။ တန်ဆောင်မုန်းလတွင် တစ်ခါတစ်ရံ မိုးသက်မုန်တိုင်းကျတတ်သဖြင့် သောင်ကတုံး၌ လှေမရပ်နားဆိုက်ကပ်မည်ဆိုပါက အတွင်းကျသော၊ အကာအကွယ်ကောင်းသော နေရာ၌ ဆိုက်ကပ်ရပ်နားအိပ်စက်ရာသည်။ တန်ဆောင်မုန်းလတွင် အကာအကွယ်မရှိသော သောင်ကတုံးများ၌ လှေဆိုက်ကပ်အိပ်မိ၍ မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ရန်၊ တန်ဆောင်မုန်း၊ သောင်ကတုံးချောင်ခွာ၊ မအိပ်ရာ ဟူသော ကဗျာလင်္ကာဖြင့် လှေသမားအချင်းချင်းသတိပေးခဲ့လေသည်။
မီးပန်းပွင့်တုန်းတန်ဆောင်မုန်း ။      ။ တန်ဆောင်မုန်းလသည် မီးထွန်းပွဲတော်ကျင်းပသောကာလ ဖြစ်သည်။ မီးပန်းပွင့်တုန်း၊ တန်ဆောင်မုန်း၌၊ မအုန်းဝဿ၊ မကျနှင်းမြူ၊ မီးပန်းပွင့်တုန်း၊ တန်ဆောင်မုန်း၊ ထစ်အုန်းမိုးမဖွဲ၊
၉။ နတ်တော်လ စာဆိုပွဲ
Image Upload
နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိ ။             ။ နတ်တော်လသို့ ရောက်လျှင် ဆင်ခြေရာပျောက်ရုံ ရွာသော ဆင်ရာတိမ်မိုးဟူသော ရာသီမိုးရွာသည်။          
နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်၊ နတ်အိမ်မြှောက်ချီး၊ မုန့်ဓားလှီး ။          ။ 
နတ်တော်လခါ ဆင်ခြေရာ၊ မြင်းခြေရာ တိမ်မြုပ်အောင်မိုးရွာသောကြောင့် အဖျားအနာ များ၍ နတ်များကိုသော်မှ ဆီကြော်မုန့်များအစား ဓားလှီးမုန့်နှင့် တင်ရသည်ဆိုလိုသည်။
၁၀။ ပြာသိုလ မြင်းခင်းသဘင်ပွဲ
Free Image Hosting
ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက် ။ အလွန်ချမ်းအေးလှသည့် ပြာသိုလတွင် ဆီးနှင်းနှင့် ရောထွေးရွာသွန်းတတ်သည့် မိုးသည် စုပုံထားသော နှမ်းများကို ပျက်ဆီးစေတတ်သည်။  (ပြာသိုအတွင်း၊ မိုးညင်းညင်း၊ ဆီးနှင်းရောယှက်၊ နှမ်းထောင်ပျက် ဟူ၍လည်း အဆိုရှိသည်။ ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက် နှမ်းထောင်ပျက်။         ။ မိုးငယ်မိုးသေးနှင့် ရောနှော၍ ရွာသောကြောင့် ပြာသိုလအတွင်း 
ရိတ်သိမ်းစုပုံထားသော နှမ်းထောင်များ ပျက်လေ့ရှိသည်ကို ဆိုလိုသည်။
ပြာသိုတစ်ချက် တလင်းဖျက်  ။              ။ ပြာသိုလ၌ ရွာသောမိုးသည် တလင်း၌ ထားသော စပါးများ၊ 
သီးနှံများကို ပျက်စီးစေသည်။ ပြာသိုတစ်ချက် တလင်းဖျက်ဟူသော စကားနှင့်အညီ ပြာသိုလဆီ၌ မိုးကြွင်းမိုးကျန်များ ရွာလိမ့်မည်လားဟု တလင်းဆင်းနေဆဲ (၀ါ) မြေပဲရိုက်နေဆဲ၊ လှေ့ဆဲယာသမားတို့ စိတ်ပူတတ်ကြရသည်။
ပြာသိုလမိုက် ကဏန်းတိုက် ။          ။ ပြာသိုလတွင် လဆုတ်လကွယ် ရက်များ၌ 
ကဏန်းအထွက်များသဖြင့် ကဏန်းရှာသူတို့ ကဏန်းအရများသည်။ ပြာသိုလမိုက် ကဏန်းတိုက် ဟူသော ပင်လယ်သားတို့ ဆိုရိုးစကားအတိုင်း ပြာသိုလသည် ကဏန်းအလွန်ပေါသော လဖြစ်ပါသည်။ ပြာသိုလမိုက် ကဏန်းတိုက် ဟူသောအဆိုအရ ပြာသိုလတွင် ကဏန်းအမိများကြောင်းသိရပါသည်။
၁၁။ တပို့တွဲလ ထမနဲပွဲ
Image Sharing
တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း ။           ။ တပို့တွဲလတွင်မိုးကျွင်းမိုးကျန်ကလေးများရွာတတ်သည်။
တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ ကျန်မိုးကြွင်း ။            ။ အကြွင်းအကျန်ဖြစ်သော မိုးကလေးများကို ကြိုးစား၍ ရွာဘိသကဲ့သို့ တပို့တွဲလမှာ မိုးရွာသေးသည်လိုလိုသည်။
တပို့တွဲ၊ ပေါက်လဲငုံကင်း၊ ထန်းရည်နင်း ။            ။ ပေါက်ပွင့်၊ လက်ပံပွင့်များပွင့်သည့် တပို့တွဲလတွင် ထန်းသမားတို့သည် ထန်းရည်နင်းကြသည်။  ထန်းဥယျာဉ်သမားတို့သည် ထန်းပင်ပေါ်သို့ တက်၍ ထန်းလက်၊ ထန်းနို့၊ ထန်းခိုင်တို့ကို ညွတ်ကျလာအောင်ခြေနှင့်နင်းကြရပါသည်။ ပြီးလျှင် ထန်းလှီးကာ      ထန်းရည်ခံရပါသည်။ ဤသို့နင်းသည်ကို ထန်းရည်နင်းသည်ဟု ခေါ်စမှတ်ပြုကြောင်း သိရပါသည်။
တပို့တွဲ၊ ပေါက်လဲငုံကင်း၊ ထန်းရည်နင်း ဟူသော စကားပုံမှာ ဤအချက်ကို ရည်ညွန်းခြင်းဖြစ်ပါသည်။
၁၂။ တပေါင်းလ သဲပုံစေတီပွဲ
Free Image Hosting
တပေါင်း၊ တန်ခူး၊ မိုးသားကျူး         ။  တပေါင်းလနှင့် တန်ခူးလတို့တွင် ကောင်းကင်ယံ၌ မိုးသားတိမ်တိုက်များ ဖြစ်ပေါ်လာသည်။
တပေါင်း၊ တန်ခူး၊ လေရူးဆော ။             ။ တပေါင်း၊ တန်ခူးလများတွင် လေရူးများဖြစ်ပေါ် တိုက်ခတ်သည်။ တန်ပေါင်း တန်ခူး လေရူးဆော်စ ခါသမယမို့ လေပြည်လေညှင်းသည် သုတ်သွင်းတိုက်ခတ်လေရာ၊
တပေါင်းလည်းကူးမိုးသားကျူး ။တပေါင်းလတွင် ကောင်းကင်တစ်ခိုဝယ် မိုးသားတိမ်တိုက်များ ဖြစ်ထွန်းပေါ်ပေါက်လာသည်။  
တပေါင်းသာခေါင်လများနော ။          ။ တစ်ဆယ့်နှစ်လရာသီတွင် တပေါင်းလသည် အသာယာဆုံးဖြစ်သည်။ တပေါင်းသာခေါင် လများနောင်တွင် တပေါင်းလသည် အသာယာဆုံးဖြစ်သည်။
Ref: လပြည့် ခရီးသွားဝန်ဆောင်မှု
No comments: