
သွာက္ခာတော ဘဂ၀တာ ဓမ္မော = နာစဉ်ချမ်းသာ၊ ကျင့်စဉ်ချမ်းသာ၊ အေးမြသောနိဗ္ဗ္ဗာန်ဟု
ထင်ရှားစွာပြသထားသော
ဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ် ဟောကြားခဲ့သည့်မဂ်လေးပါး၊
ဖိုလ်လေးပါး၊ နိဗ္ဗ္ဗာန်၊ ပရိယတ်ဆယ်ပါးသော တရားတော်မြတ်။
သန္ဒိဌိကော = သူတပါးပြောစကားမယုံကြည်ဘဲနှင့် ကျင့်ကြံသူလူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါတို့ကိုယ်တိုင်ကိုကျ
သိရှိခံစား နိုင်သောဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ် ဟောကြားခဲ့သည့်မဂ်လေးပါး၊
ဖိုလ်လေးပါး၊ နိဗ္ဗ္ဗာန်၊ ပရိယတ်ဆယ်ပါးသော တရားတော်မြတ်။
အကာလိကော = အခါမလင့်၊ ချက်ချင်းလက်ငင်း ကောင်းကျိုးချမ်းသာကို ပေးတတ်မူသော
ဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ် ဟောကြားခဲ့သည့်မဂ်လေးပါး၊
ဖိုလ်လေးပါး၊ နိဗ္ဗ္ဗာန်၊ ပရိယတ်ဆယ်ပါးသော တရားတော်မြတ်။
ဧဟိပဿိကော = လာပါ၊ ရှုပါ၊ ကျင့်ကြံအားထုတ်ပါဟု ဖိတ်ခေါ်တိုက်တွန်းထားသော
ဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ် ဟောကြားခဲ့သည့်မဂ်လေးပါး၊
ဖိုလ်လေးပါး၊ နိဗ္ဗ္ဗာန်၊ ပရိယတ်ဆယ်ပါးသော တရားတော်မြတ်။
သြပနေယျိကော = အ၀တ်၊ ဥသျှောင်မီးလောင်သော်လည်း မငြိမ်းသတ်ဘဲ ကိုယ်နှင့်မကွာ
စိတ်ထဲရောက်အောင်ကပ်ငြိဆောင်ထားထိုက်သော
ဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ် ဟောကြားခဲ့သည့်မဂ်လေးပါး၊
ဖိုလ်လေးပါး၊ နိဗ္ဗ္ဗာန်၊ ပရိယတ်ဆယ်ပါးသော တရားတော်မြတ်။
ပစ္စတံ္တ ဝေဒိတဗ္ဗော ၀ိညူဟိ = ပညာရှိသူ၊ ရှင်၊ လူ၊ သူတော်ကောင်း၊ အရိယာအပေါင်းတို့သာ သိအပ်၊
ရှုအပ်၊ခံစားအပ်သောဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ်
ဟောကြားခဲ့သည့်မဂ်လေးပါး၊
ဖိုလ်လေးပါး၊ နိဗ္ဗ္ဗာန်၊ ပရိယတ်ဆယ်ပါးသော တရားတော်မြတ်။
ဓမ္မဂုဏ်တော် အာရုံပြုရကျိုး
တရားမြတ်ဂုဏ် အာရုံညွတ်လို့
မပြတ်မလပ် အောက်မေ့လျှင်
အမြဲတမ်းသာ ကောင်းစွာနိုးလို့
ကြီးမားဖွံ့ဖြိုး အကျိုးထင်။
No comments:
Post a Comment