ရတနာမည်ပုံ_
စိတ်နှလုံး မွေ့လျော် ရွှင်ပျော် နှစ်သက်ခြင်းကို ဖြစ်စေတတ်သော သက်ရှိ-သက်မဲ့ အရာဝတ္ထုဟူသမျှသည်
ရတနာမည်ပါ၏ ။
စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြား၊ ရတနာတို့သည် လောကရှိလူအပေါင်းတို့၏ စိတ်နှလုံးကိုနှစ်သက်စေ
တတ်၊ မွေ့လျော်ပျော်ရွှင်စေတတ်သောကြောင့် လောကီရတနာ ဟုခေါ်ဆိုရပါသည်။
ထို့အတူ " ဘုရား, တရား, သံဃာ " တို့သည် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါတို့၏ စိတ်နှလုံးကို နှစ်သက်စေတတ်၊
မြတ်နိုးစေတတ်သောကြောင့် လောကုတ္တရာရတနာ ဟုခေါ်ဆိုရပါသည်။
ရတနာ၏ လက္ခဏာ သဘောထား ( bijou of palmist ) _
- အလေးအမြတ်ပြု ခံရခြင်း၊
- အဖိုးများစွာ ထိုက်တန်ခြင်း၊
- အတုမရှိ အသာဆုံးဖြစ်ခြင်း၊
- တွေ့ခဲ၊ ကြုံခဲ၊ ရခဲခြင်း၊
- ဘုန်းကံရှိသူတို့၏ အသုံးအဆောင်၊ (သို့မဟုတ်) ကိုးကွယ်ရာဖြစ်ခြင်း။
ဆောင်ပုဒ်။ ။ အလေးပြုအပ်၊ ဖိုးမပြတ်တည့်၊ နှိုင်းအပ်ပြိုင်ဖွယ်၊
မရှိကွယ်သား၊ မလွယ်တွေ့ဖို့၊ ရှေးကံချို့သည့်၊
လူတို့သုံးစရာ၊ မဟုတ်ပါသည်၊ ရတနာပစ္စည်း၊ ခေါ်သတည်း။
ဗုဒ္ဓရတနာ



ဓမ္မရတနာ

သံဃရတနာ

No comments:
Post a Comment