ရတနာ သုံးပါး ၏အဓိပ္ပါယ်၊ ဗုဒ္ဓ၀င် ၊ နှိုးဆော်အကြံပေးချက်၊ နေ့ထူးနေ့မြတ် ၊ လူတို့၏ ကျင့်ဝတ်များ၊ ဗဟုသုတ ၊ နည်းပညာနှင့် solfware ၊ ကဗျာ နှင့် ဗေဒင်
Tuesday, July 9, 2013
ဗုဒ္ဓဂုဏ်တော် ( ၉ ) ပါး
ဣတိပိ သော ဘဂ၀ါ _ သောဘဂ၀ါ၊ သစ္စာလေးဆင့် ခိုင်လုံးဆင့်ကာ ပွင့်ပေါ်လာတော်မူသော မြတ်စွာဘုရားသည်၊
ဣတိပိ၊ ဤသို့
အရဟံ = ကိလေသာအညစ်အကြေးတို့မှကင်းဝေးတော်မူခြင်း၊
ကိလေသာရန်သူတို့ကိုပယ်သတ်တော်မူခြင်း၊
သံသရာစက်ဝန်း၏ အကန့်အထောက်ကို ဖျက်ဆီးတော်မူခြင်း၊
ပူဇော်အထူးကိုခံယူတော်မူထိုက်ခြင်း
ဟူသောကြောင့်လည်း အရဟံ၊ " အရဟံ " ဟူသောဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါ၏ သမ္မာသမ္ဗ္ဗုဒ္ဓေါ = သိစရာဟူသမျှမှန်သမျှကို အကြွင်းအကျန်မရှိ၊ ဆရာမလို
ကိုယ်တော်တိုင်သိမြင်တော်မူသော ကြောင့် သမ္မာသမ္ဗ္ဗုဒ္ဓေါ၊ " သမ္မာသမ္ဗ္ဗုဒ္ဓေါ "
ဟူသောဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါ၏ ။
ဝိဇ္ဇာစရဏသမ္ပန္နော= (အသိဉာဏ်) ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ (အကျင့်သီလ) စရဏတရားတစ်ဆယ့်ငါးပါးတို့ နှင့်ပြည့်စုံသောမူသောကြောင့် ၀ိဇ္ဇာစရဏသမ္ပန္နော၊ " ၀ိဇ္ဇာစရဏသမ္ပန္နော "
ဟူသောဂုဏ်တော်မြတ် နှင့် ပြည့်စုံတော်မူပါ၏ ။
သုဂတော = အကျိုးရှိ၊ ဟုတ်မှန်၊ နှစ်တန်သောစကားကိုသာ မိန့်ကြားတော်မူသောကြောင့် သုဂတော၊
"သုဂတော" ဟူသောဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါ၏ ။
လောက၀ိဒူ = သတ္တလောက၊ သင်္ခင်္ါရလောက၊ သြကာသလောကတည်းဟူသော လောက၏သဘာဝ၊
လောကဖြစ် ကြောင်းတရား၊ လောက၏ ချုပ်ငြိမ်းမှုနှင့် လောက၏ချုပ်ငြိမ်းရာ နိဗ္ဗ္ဗာန်သို့
ရောက်ကြောင်းကိုသိမြင်
တော်မူသောကြောင့် လောက၀ိဒူ၊ " လောက၀ိဒူ " ဟူသောဂုဏ်တော်မြတ်နှင့်
ပြည့်စုံတော်မူပါ၏။
အနုတ္တရော ပုရိသဒမ္မသာရထိ = မယဉ်ကျေး၊ မလိမ္မာသော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါများအား ယဉ်ကျေး၊
လိမ္မာလာအောင် ဆုံးမပေးတော်မူခြင်းကြောင့်
အနုတ္တရော ပုရိသဒမ္မသာရထ၊ " အနုတ္တရော ပုရိသဒမ္မသာရထ "
ဟူသောဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါ၏ ။
သတ္တာ ဒေ၀မနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါများအား လောကသံသရာမှ ကယ်တင်တော်မူခြင်း၊ လူ၊
နတ်၊ ဗြဟ္မာ၊ သတ္တ၀ါများအားပစ္စုန်ပ္ပန်၊သံသရာ နှစ်ဖြာအကျိုးဖွံ့ဖြိုးစေခြင်း
တို့ကြောင့် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါများအား၏ ကိုးကွယ်ရာဆရာအစစ်ဖြစ်တော်
မူသောကြောင့် သတ္တာ ဒေ၀မနုဿာနံ၊ " သတ္တာ ဒေ၀မနုဿာနံ "
ဟူသောဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါ၏ ။
ဗုဒ္ဓေါ = သစ္စာလေးပါးတရားတော်မြတ်
ကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်သိမြင်တော်မူခြင်း၊
သူတပါးတို့ကိုလည်း မိမိနည်းတူ သိမြင်စေခြင်းငှာ ဟောကြား၊ ပြသ၊ဆုံးမတော်မူခြင်း
ဟူသောကြောင့် ဗုဒ္ဓေါ၊ " ဗုဒ္ဓေါ " ဟူသောဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါ၏ ။
ဘဂ၀ါ = ဘုန်းတော်ခြောက်ပါး
( ဣဿရိယ = ကိုယ်တော်မြတ်၏စိတ်တော်ကို စိုးပိုင်၊ နိုင်နင်းခြင်းတည်းဟူသော ဣဿရိယဘုန်းတော်၊
ဓမ္မ = မဂ်၊ ဖိုလ်၊ နိဗ္ဗ္ဗာန်ကိုးတန်သော လောကုတ္တရာတရားတည်းဟူသော ဓမ္မဘုန်းတော်၊
ယသ = ဟုတ်တိုင်းမှန်စွာ သုံးဖြာသောလောကတွင် ပျံ့နှံ့ကျော်စောရခြင်းတည်းဟူသောယသဘုန်းတော်၊
သီရိ = အင်္ဂါကြီးငယ်၊ တင့်တယ်ပြည့်ဖြိုး၊ အချိုးတကျ၊ သပ္ပါယ်တော်မူလှခြင်းတည်းဟူသော သီရိဘုန်းတော်၊
ကာမ = အလိုရှိတိုင်းမဆိုင်းခဏ ပြီးစီးတော်မူရခြင်းတည်းဟူသော ကာမဘုန်းတော်၊
ပယတ္တ = အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တိုင်အောင် ရစေနိုင်သည့် ကြံ့ခိုင်၊ ကြီးမားသော
ဝီရိယတော်တည်းဟူသော ပယတ္တဘုန်းတော် )တည်းဟူသော
ဘုန်းတော် ခြောက်ပါးနှင့်ပြည့်စုံတော်မူခြင်းကြောင့် ဘဂ၀ါ၊ " ဘဂ၀ါ " ဟူသောဂုဏ်တော်မြတ်နှင့်
ပြည့်စုံတော်မူပါ၏ ။
ဗုဒ္ဓဂုဏ်တော် အာရုံပြုရကျိုး
ဘုရားမြတ်ဂုဏ် အာရုံညွတ်လို့
မပြတ်မလပ် အောက်မေ့လျှင်
အမြဲတမ်းသာ ကောင်းစွာနိုးလို့
ကြီးမားဖွံ့ဖြိုး အကျိုးထင်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment