ဓမ္မရတနာ
မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗ္ဗာန်၊ ပရိယတ္တိ၊ ဤဆယ်မျိုးကို ဓမ္မ ဟုခေါ်ပါသည်။
- ထိုဆယ်မျိုးသောဓမ္မကို ရိုသေလေးမြတ်စွာ နာယူမှတ်သားအပ် ကျင့်ကြံပွါးများ အပ်ပါ၏ ။
- တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးထိုက်တန်၏ ။
- မဂ်ဖိုလ်နိဗ္ဗ္ဗာန်တရားတော်များကို မဆိုထားဘိ ပရိယတ္တိ တရားတော်များသည်ပင် အတုမရှိ အသာဆုံး
တရားတော် ဖြစ်ပါ၏ ။
- ထိုတရားတော်သည် ဘုရားပွင့်တော်မူမှ ကြားသိရသောတရားတော်များဖြစ်ရကား ဘုရားရှင်ကို ဖူးတွေ့ရ
ဖို့မလွယ်သလို တရားတော်ကိုလည်း ကြားနာရဖို့ မလွယ်ကူပါချေ။
- ထိုတရားတော်ကို ဘုန်းကံနည်းသူများ မသိနိုင်၊ မသုံးစွဲနိုင်၊ ဘုန်းကံရှိသောသူတို့၏ အသုံးအဆောင်ဖြစ်
၏ ။ ဤသို့ဆိုလျှင် တရားတော်သည် ရတနာ ၏ဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသောကြောင့် "ဓမ္မရတနာ"
မည်ပါသည်။
ဓမ္မဂုဏ်တော် ( ၆ ) ပါး
သွာက္ခာတော ဘဂ၀တာ ဓမ္မော =
သန္ဒိဌိကော =
အကာလိကော =
ဧဟိပဿိကော =
သြပနေယျိကော =
ပစ္စတံ္တ ဝေဒိတဗ္ဗော ၀ိညူဟိ =
ဓမ္မဂုဏ်တော် ကဗျာ
တရားစစ်မှန် ကျင့်ကြံကြမှ၊
ချမ်းသာသုခ ရနိုင်မည်။
တရားတုတွေ ကျင့်နေကြလို့၊
ဗုဒ္ဓ၀ါဒ ပြယ်ရသည်။
ယခုမြန်မြန် အမှန်လမ်းသို့
တဖန်လှမ်းဖို့ ချိန်တော်ပြီ။
သို့မှတိုင်းပြည် ဘာသာရေးကြောင့်
သာယာအေးဆေး ရှိလိမ့်မည်။
ဓမ္မဂုဏ်တော် အာရုံပြုရကျိုး
တရားမြတ်ဂုဏ် အာရုံညွတ်လို့
မပြတ်မလပ် အောက်မေ့လျှင်
အမြဲတမ်းသာ ကောင်းစွာနိုးလို့
ကြီးမားဖွံ့ဖြိုး အကျိုးထင်။
No comments:
Post a Comment