သံဃရတနာ
သံမ္မုတိနှင့် အရိယာ နှစ်ဖြာသော သံဃာတော် အရှင်မြတ်အပေါင်းသည် သံဃရတနာ မည်၏ ။
- ထိုသံဃရတနာသည် ရိုသေလေးစားထိုက်ပါ၏ ။ မရိုမသေလုပ်လျှင် ထိုမရိုမသေလုပ်သောသူမှာ လောကကြီး၌ ကြီးပွါးခြင်း အန္တရာယ် ဖြစ်ပါ၏ ။ နောင်သံသရာ၌လည်း မကောင်းကျိုးကို ခံစားရမည်၊
- သံဃာတော်ကို ရိုသေ၊ လေးမြတ်၊ ဆည်းကပ်၊ ကိုးကွယ်သူမှာ လောကသံသရာ နှစ်ဖြာသောအကျိုးကို
ရရှိနိုင်ပါ၏ ။
- သံဃရတနာသည် ဗုဒ္ဓရတနာ ပေါ်ထွန်းချိန်၌သာ တွေ့ရ၊ ကြုံရ၊ ဖူးမြင်ရသောကြောင့် အလွန်တွေ့ကြုံ
သော ရတနာဖြစ်ပါသည်။
- ထို သံဃရတနာကို ဘုန်းကံကြီးသူ လူတို့သာ ဖူးတွေ့နိုင်၊ ဆည်းကပ် ကိုးကွယ်နိုင်သောကြောင့်
"သံဃရတနာ" သည် ဘုန်းကံရှိသူတို့၏ ကိုးကွယ်ရာသာ ဖြစ်ပါသည်။
သံဃဂုဏ်တော် ( ၉ ) ပါး
သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော =
ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော =
ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော =
သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော =
ယဒိဒံ စတ္တာရိ ပုရိသယုဂါရိ အဌပုရိသပုဂ္ဂလာ
ဧသ ဘဂ၀တော သာဝကသံဃော_
အာဟုနေယျော =
ပါဟုနေယျော =
ဒက္ခိဏေယျော =
အဉ္ဇလိကရဏီယော =
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ =
သံဃဂုဏ်တော် ကဗျာ
ဘုရားရှင်တော် သားတော်များဟု၊
မှတ်သားခေါ်ရ သံဃာမည်။
တရားမူမှန် မပျက်ဆီးဖို့၊
သီးသီးဆောင်ရ ကျင့်ရသည်။
သံဃာဆိုတာ နှစ်မျိုးရသည့်၊
ပရမတ္ထ သံမ္မုတီ၊
တရားသိကာ ရိယာမြတ်မှ၊
ပရမတ္ထ ခေါ်ရသည်။
သံမ္မုတိဆို ထိုသံဃာ့၌၊
ဆိုးကောင်းနှစ်ဝ ရှိကြသည်။
အကောင်းကိုသာ ကိုးကွယ်ကြဖို့၊
စိတ်က နိစ္စ ထားရမည်။
အကောင်းတွေကို အသက်ပေးလို့၊
သာသနာရေး ဆောင်သင့်ပြီ။
မဆောင်နိုင်သော် ဘာသာပျက်၍၊
သာသနာသက် ဆုံးတော့မည်။
သံဃဂုဏ်တော် အာရုံပြုကျိုး
သံဃာမြတ်ဂုဏ် အာရုံညွတ်လို့
မပြတ်မလပ် အောက်မေ့လျှင်
အမြဲတမ်းသာ ကောင်းစွာနိုးလို့
ကြီးမားဖွံ့ဖြိုး အကျိုးထင်။
No comments:
Post a Comment