ရတနာ သုံးပါး ၏အဓိပ္ပါယ်၊ ဗုဒ္ဓ၀င် ၊ နှိုးဆော်အကြံပေးချက်၊ နေ့ထူးနေ့မြတ် ၊ လူတို့၏ ကျင့်ဝတ်များ၊ ဗဟုသုတ ၊ နည်းပညာနှင့် solfware ၊ ကဗျာ နှင့် ဗေဒင်
Sunday, July 7, 2013
ဗုဒ္ဓရတနာ
ဗုဒ္ဓရတနာ
- ဗုဒ္ဓသည် အရဟံ စသော ဂုဏ်တော်(၉)ပါး နှင့်ပြည့်စုံပြီး ဗုဒ္ဓတရားကို နာကြားရသူတို့မှာ စိတ်၏အေးချမ်း
သာယာမှု၊ အသိဉာဏ် တိုးတက်မှုကို ရသောကြောင့် ဆည်းကပ်၊ ကိုးကွယ်သူတို့၏ အလေးအမြတ်ပြုအပ်သော
ရတနာဖြစ်ပါသည်။
- စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြား၊ ရတနာတို့သည် အဖိုးထိုက်တန်၏ ။ ထိုရတနာအတွက် ဥစ္စာရှင်မှာ
စိတ်ချမ်းသာမှုအကျိုးခံစားရသကဲ့သို့ ဘုရားရှင်ကို ဖူးတွေ့ရ၊ ကိုးကွယ်ရ၊ ဆည်းကပ်ရသော ပုဂ္ဂိုလ်တို့သည်လောက,
သံသရာ နှစ်ဖြာသောအကျိုးကို ရကြပါသည်။ ထိုပုဂ္ဂိုလ်များအတွက် ဗုဒ္ဓရတနာသည် တန်ဖိုးမဖြတ်နိုင်သော ရတနာ
ဖြစ်ပါသည်။
- ပြည်တန်ပတ္တမြားသည် အခြားတန်းတူ ရတနာမရှိနိုင်သကဲ့သို့ ဘုရားရှင်၏ သီလ၊ သမာဓိ၊ ပညာဂုဏ်နှင့်
တူသော ပုဂ္ဂိုလ်သည် လောကတွင်မရှိ၊ သို့အတွက် ဗုဒ္ဓသည် အတုမရှိသော ရတနာဖြစ်ပါသည်။
- ပြည်တန်ပတ္တမြားကို တွေ့ဖို့ကြုံဖို့ခဲယဉ်းသကဲ့သို့ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်
ပြီးမှ ဘုရားဖြစ်လာရသော ဗုဒ္ဓမည်သော ပုဂ္ဂိုလ်ထူးနှင့် တွေ့ဖို့၊ ကြုံဖို့၊ ဖူးတွေ့ဖို့ အလွန်ခဲယဉ်းလှ၍ ဗုဒ္ဓသည်ရတနာ
ဖြစ်ပါသည်။
- လောက၌ ကျောက်၊ သံ၊ ပတ္တမြား၊ စိန်၊ ရွှေ၊ ငွေ၊ ရတနာတို့သည် လူသာမန်တို့မသုံးနိုင်၊ ချမ်းသာကြွယ်ဝ
သူတို့သာသုံးဆောင်နိုင်သကဲ့သို့ ဗုဒ္ဓရတနာကိုလည်း ဘုန်းကံရှိသောသူတို့သာ ဆည်းကပ်ကိုးကွယ်နိုင်သောကြောင့်
ရတနာ မည်ပါပေသည်။ ဘောကတွင် လူနေအားဖြင့် အထက်တန်းကျကျ နေထိုင်စားသောက်နိုင်သည်မှန်သော်လည်း
"ဗုဒ္ဓရတနာ" ကို မယုံကြည်၍ ကိုးကွယ် ဆည်းကပ်ခွင့် မရကြပါပေ။
ဗုဒ္ဓဂုဏ်တော် ( ၉ ) ပါး
အရဟံ =
သမ္မာသမ္ဗ္ဗုဒ္ဓေါ =
ဝိဇ္ဇာစရဏသမ္ပန္နော=
သုဂတော =
လောက၀ိဒူ =
အနုတ္တရော ပုရိသဒမ္မသာရထိ =
သတ္တာ ဒေ၀မနုဿာနံ =
ဗုဒ္ဓေါ =
ဘဂ၀ါ =
ဗုဒ္ဓဂုဏ်တော် ကဗျာ
ဗုဒ္ဓကြောင်းရာ ကောင်းစွာသိမှ၊
ဗုဒ္ဓကိုလည်း ကြည်ညိုမည်။
ကြည်ညိုသူတွေ ဟောညွှန်ပြမှ၊
စိတ်ကနှစ်ခြိုက် လိုက်ကြသည်။
ဂုဏ်တော် တန်တန် မှန်မှန်ရလို့၊
ခဏ ခဏ ရွတ်သင့်သည်။
ရွတ်သော်ရန်စွယ် အန္တရာယ်ကင်းလို့၊
ကောင်းခြင်းသုခ ရလိမ့်မည်။
ဗုဒ္ဓဂုဏ်တော် အာရုံပြုရကျိုး
ဘုရားမြတ်ဂုဏ် အာရုံညွတ်လို့
မပြတ်မလပ် အောက်မေ့လျှင်
အမြဲတမ်းသာ ကောင်းစွာနိုးလို့
ကြီးမားဖွံ့ဖြိုး အကျိုးထင်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment