Wednesday, June 26, 2013

လူမှုရေးကျင့်ဝတ်များ ( နာယကကျင့်ဝတ် (၆) - ပါး )

လူမှုရေးကျင့်ဝတ်များ

သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များ

သိင်္ဂါလောဝါဒခေါ် လူတို့ကျင့်ဝတ်များ
                  တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသာ၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား
ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည့်၊ လာကကျင့်ရာ၊ မကျဉ်းမှာပိမ့်၊ နတ်ရွာသို့လုံးလုံး၊ ကျက်၍သုံး။


နာယကကျင့်ဝတ် (၆) - ပါး
                                           Inline image 1
                               
            
          ထကြွ , နိုးကြား၊ သနား , သည်းခံ၊ ဝေဖန် , ကြည့်ရှု၊ ဤခြာက်ခု၊ ကြီးသူ့ ကျင့်ရာတရားတည်း။
(၁) သူများထက် လုံ့လ ရှိရခြင်း၊
(၂) သူများကို မိမိက ရှေ့ဆောင် ပြုလုပ်နိုင်အောင် နိုးကြား တက်ကြွခြင်း၊
(၃) မိမိလက်အောက်ငယ်သားများကို သနားကြင်နာရခြင်း၊
(၄) သည်းခံ ခွင့်လွှတ်တတ်ခြင်း၊
(၅) အရာရာကို ချင့်ချိန် ဝေဖန် ထောက်ဆ၍ ပြုလုပ်ရခြင်း၊
(၆) အရာရာမှာ ဉာဏ်ပညာဖြင့် ဆင်ခြင်ကြည့်ရှုခြင်း။

No comments: