ရတနာ သုံးပါး ၏အဓိပ္ပါယ်၊ ဗုဒ္ဓ၀င် ၊ နှိုးဆော်အကြံပေးချက်၊ နေ့ထူးနေ့မြတ် ၊ လူတို့၏ ကျင့်ဝတ်များ၊ ဗဟုသုတ ၊ နည်းပညာနှင့် solfware ၊ ကဗျာ နှင့် ဗေဒင်
Monday, August 12, 2013
ထလော့မြန်မာ အိုမြန်မာတို့
ထလော့မြန်မာ အိုမြန်မာတို့
များစွာနှစ်လ အိပ်မောကျ၍
မြန်မာ့ဘ၀ မသိကြတော့
မြန်မာ့အလှ မမြင်ကြတော့
မြန်မာ့ဓလေ့ သင်တို့မေ့ပေါ့
မေ့မေ့လျော့လျော့ လူ့ဘော်ကြော့တို့
ဟစ်ဟော့သီကြွေး ကခုန်ပြေး၍
ဆိုရေးရှိက ဆိုအပ်လှသည်
ကျောချ၍မှ မသိကြလျှင်
ငအငတုံး လူဖြစ်ရှုံး၏
မိုးလုံးတိမ်တိုက် လျှပ်မကြိုက်သား
အမိုက်တရား ဖုံးလွှမ်းထားသည်
နက်ကားရာထောင် မကမှောင်မှ
လွတ်အောင်ရုံးထွက် တိုင်းပြည်တွက်ကို
မပျက်သတိ အစဉ်ရှိလော့
လာမည့်ရှေ့ရေး အစဉ်တွေးလော့
သွေးစည်းညီညာ စည်းရုံးကာနှင့်
ပညာသတ္တိ ဒို့ဇာတိကို
လာမည့်နောင်လာ နောက်သားပါအောင်
မကွာထက်ကြပ် စောင့်ရှောက်အပ်၏
ဒို့ရပ်ဌာနေ ဒို့တိုင်းမြေသည်
ဘိုးမွေဘွားမွေ မိဘမွေမို့
ဒို့တွေကောင်းစွာ ကာကွယ်ပါမှ
ကမ္ဘာမကြေ မြန်မာပြည်သည်
ရေရှည်တည်တံ့ပါလိမ့်မည်။
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment