
ဒီပါကျွန်းလုံး သိမ့်သိမ့်မှုန်းအောင်
ဘုန်းတော်ရောင်လက် ဓမ္မစက်ဖြင့်
မိန့်မြွက်ဟောကြား
တရားစည်ကြီး ရိုက်ဆော်တီးသော်
ပြည်ကြီးပြည်ငယ် အသွယ်သွယ်၌
ရှေးကာလ၀ယ် မိုက်နေကြလည်း
ဓမ္မမိစ္ဆာ အဖြာဖြာကို
ပယ်ခွာစွန့်ပစ် တရားသစ်ကို
အစစ်အမှန် လိုက်နာရန်ဟု
တစ်သံတည်းအော် ကမ္ဘာပေါ်တွင်
ထင်ပေါ်များစွာ ဘာသာမခြား လူအများတို့
တရားကိုယ်စီ တည်သောကာလ သမယ၌
ဗမာ့ဌာနီ ဒို့တိုင်းပြည်ကား
မဟီတစ်သောင်း တိုက်အပေါင်းက
ခညောင်းပူဇော် တရားတော်ကြောင့်
အမော်အမောက် ထိပ်သို့ရောက်မည်မဝေးတည်း။
No comments:
Post a Comment