ရတနာ သုံးပါး ၏အဓိပ္ပါယ်၊ ဗုဒ္ဓ၀င် ၊ နှိုးဆော်အကြံပေးချက်၊ နေ့ထူးနေ့မြတ် ၊ လူတို့၏ ကျင့်ဝတ်များ၊ ဗဟုသုတ ၊ နည်းပညာနှင့် solfware ၊ ကဗျာ နှင့် ဗေဒင်
Tuesday, July 16, 2013
ဆွမ်းတော်ကပ်လှူခြင်း
ဘုန်းတော်အနန္တ, ကံတော်အနန္တ, ဉာဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသော မဟာဂရုဏာရှင်၊ ရှင်တော်မြတ်ဘုရား အား ဤမွန်မြတ်သော ဆွမ်း, ခဲဖွယ်, ဘောဇဉ်တို့ကို လှူဒါန်းဆပ်ကပ်ပါ၏
အရှင်ဘုရား။ ဤမွန်မြတ်သော ဆွမ်း, ခဲဖွယ်, ဘောဇဉ်တို့ကို လှူရသော ကောင်းမှုကြောင့် နိဗ္ဗါန်ကိုလျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။
ဆွမ်းလှူရကျိုး
ထမင်းမစားရလျှင် အသက်မရှည်၊ ခန္တာကိုယ်ညှိုး၍ အဆင်းမလှ၊ ကိုယ်စိတ်မချမ်းမသာ၊ ခွန်အားလည်းမရှိ၊ ဉာဏ်
လည်းမထွက်၊ ထမင်းစားရမှ သက်ရှည်ဆင်းလှ၊ ချမ်းသာရ၍ ခွန်အားဗလတိုးလျက် ဉာဏ်လည်းထွက်၏ ။ ထို့ကြောင့် ဆွမ်းပေးလှူသူတိုင်းမှာ တူသောအကျိုး ၅-မျိုးကို ရမြဲဖြစ်ပါသည်။
( ၁ ) အသက်ရှည်ခြင်း၊
( ၂ ) အဆင်းလှခြင်း၊
( ၃ ) ကိုယ်စိတ်ချမ်းသာခြင်း၊
( ၄ ) ခွန်အားဗလ ကြီးမားခြင်း၊
( ၅ ) ဉာဏ်ပညာ ကြီးမားခြင်းတို့ပါဖြစ်သည်။
Labels:
ဗုဒ္ဓ၀င်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment