အလှူဒါနအကြောင်း သိကောင်းစရာ
စွန့်ကြဲ၊ ပေးကမ်း၊ လှူဒါန်းခြင်းကို "ဒါန" ဟုခေါ်သည်။ ဤဒါနသည် စေတနာဒါန၊ ၀တ္ထုဒါန ဟု နှစ်မျိုးရှိပါ၏ ။
အ၀တ်အစားစသည့် လှူဖွယ်ဝတ္ထုပစ္စည်းသည် " ၀တ္ထုဒါန " ဖြစ်ပါ၏ ။ ထိုအလှူဒါနနှင့်စပ်၍ အလှူရှင်သန္တာန်မှာဖြစ်
ပေါ်သည့် စေတနာကို စေတနာဒါန ဟုခေါ်ပါ၏ ။
ထိုစေတနာဒါနာမှာ _
(၁) မလှူမီ ရှေ့ပိုင်းကာလ၌ ထိုအလှူနှင့်စပ်၍ဖြစ်ပေါ်လာသော ပုဗ္ဗစေတနာ၊
(၂) ပေးလှူနေဆဲကာလ၌ ဖြစ်ပေါ်သော မုဉ္စစေတနာ၊
(၃) လှူပြီးနောက်ပိုင်းကာလ၌ ဖြစ်ပေါ်သော အပရစေတနာ ဟူ၍ သုံးမျိုးရှိပါသည်။
အကျိုးပေးရာ၌ စေတနာဒါန ကသာအကျိုးပေးပါသည်။ သို့ရာတွင် လှူဖွယ်ဝတ္ထုပစ္စည်းများသည် စေတနာ
ထက်သန်အောင် အထောက်အပံ့ပြုနိုင်ကြသည်။ လှူဖွယ်ပစ္စည်းက ညောင်စေ့လောက်နည်းနေသော်လည်း စေတနာ
ထက်သန်လျှင် ညောင်ပင်ကြီးလောက် အကျိုးကိုရနိုင်ပါသည်။ ထိုကြောင့် အလှူဒါန ပြုကြသည့်အခါ စေတနာသုံးတန်
ဖြူစင်ထက်သန်အောင် ကြိုးစားကြရမည်။
အလှူသဘော
အလှူဟူသည် _
- နတ်ပြည်၏ စောင်းတန်းလှေကားဖြစ်သည်။
- မြတ်သော ရိက္ခာထုပ်ဖြစ်သည်။
- ခရီးဖြောင့်လည်း ဖြစ်သည်။
- မြတ်သော မဂ်၊ ဖိုလ်၊ နိဗ္ဗါန်၏ အကြောင်းဖြစ်သည်။
- အစိုးရခြင်းကို ဖြစ်စေတတ်သည်။
- စည်းစိမ်၊ ချမ်းသာကို ပေးတတ်၏ ။
- ချမ်းသာကို ပွါးစေတတ်၏ ။
- မိမိကိုယ်ကို စောင်မတတ်၏ ။
- မယဉ်ကျေးသူတို့ကို ယဉ်ကျေးစေတတ်၏ ။
- အလုံးစုံသော အကျိုးကိုပြီးစေတတ်၏ ။
- အမွန်မြတ်ဆုံး မင်္ဂလာတစ်ပါးလည်းဖြစ်၏ ။
No comments:
Post a Comment