ရတနာ သုံးပါး ၏အဓိပ္ပါယ်၊ ဗုဒ္ဓ၀င် ၊ နှိုးဆော်အကြံပေးချက်၊ နေ့ထူးနေ့မြတ် ၊ လူတို့၏ ကျင့်ဝတ်များ၊ ဗဟုသုတ ၊ နည်းပညာနှင့် solfware ၊ ကဗျာ နှင့် ဗေဒင်
Tuesday, July 16, 2013
ရေချမ်းကပ်လှူခြင်း
ဘုန်းတော်အနန္တ, ကံတော်အနန္တ, ဉာဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသော မဟာဂရုဏာရှင်၊ရှင်တော်မြတ်ဘုရားအား ဤကြည်လင်၊ သန့်ရှင်း၊ အေးမြသော
ရေချမ်းတော်ကို လှူဒါန်းဆပ်ကပ်ပါ၏ အရှင်ဘုရား။ ဤရေလှူသောကောင်းမှုကြောင့်
နိဗ္ဗါန်ကိုလျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။
ရေလှူရကျိုး
ရေမသောက်ရလျှင် အသက်မရှည်၊ အဆင်းမလှ၊ ချမ်းသာမရ၊ ခွန်အားလည်းမရှိ၊ ဉာဏ်လည်းမရှိ၊ ရေမချိုးရလျှင်မစင်ကြယ်၊ မသန့်ရှင်း၊ထို့ကြောင့် ရေလှူသူ၊
ရေပေးသူတို့သည်အသက်ရှည်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်းစသောအကျိုးများရ နိုင်ပါသည်။
( ၁ ) လျင်မြန်ခြင်း၊
( ၂ ) သန့်ရှင်းစင်ကြယ်ခြင်း၊
( ၃ ) ကျော်ကြားလူသိများခြင်း၊
( ၄ ) ဆာလောင်မွတ်သိပ်မှုကင်းခြင်း၊
( ၅ ) အခြွေအရံများခြင်း၊
( ၆ ) အသက်ရှည်ခြင်း၊
( ၇ ) အဆင်းလှခြင်း၊
( ၈ ) ချမ်းသာကြီးခြင်း၊
( ၉ ) ခွန်အားဗလ ကြီးမားခြင်း၊
( ၁၀ ) ဉာဏ်ပညာ ကြီးမားခြင်းတို့ပါဖြစ်သည်။
ရေမငတ်ငြား၊ လျင်မြန်သွား၊ ဆယ်ပါးရေကျိုးလာ။
Labels:
ဗုဒ္ဓ၀င်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment