လူမှုရေးကျင့်ဝတ်များ
သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များ
သိင်္ဂါလောဝါဒခေါ် လူတို့ကျင့်ဝတ်များ
တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသာ၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား
ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည့်၊ လာကကျင့်ရာ၊ မကျဉ်းမှာပိမ့်၊ နတ်ရွာသို့လုံးလုံး၊ ကျက်၍သုံး။
ဆရာကျင့်ဝတ် (၅) ပါး
(၁) အသိပညာ အတတ်ပညာများကို သင်ကြားပြသပေးခြင်း။
(၂) လိမ္မာယဉ်ကျေးအောင် ပြုပြင် ဆုံးမ တည့်မတ်ပေးခြင်း၊
(၃) မိမိတတ်သိသမျှကို အကြွင်းမရှိ သင်ပြပေးခြင်း၊
(၄) တပည့်များ ဘေးရန်ကင်းရှင်းအောင် ကြိုတင်တားဆီးကာကွယ်ပေးခြင်း၊
(၅) မိမိထက်ပို၍ သင်ပြပေးနိုင်မည့် ဆရာကောင်းထံ အပ်နှံပေးခြင်း၊ ပညာတတ်ပြီးသူများကို သင့်ရာအလုပ်ဌာန၌ ဆက်သွယ်အပ်နှံပေးခြင်း။
No comments:
Post a Comment