လူမှုရေးကျင့်ဝတ်များ
သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များ
သိင်္ဂါလောဝါဒခေါ် လူတို့ကျင့်ဝတ်များ
တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသာ၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား
ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည့်၊ လာကကျင့်ရာ၊ မကျဉ်းမှာပိမ့်၊ နတ်ရွာသို့လုံးလုံး၊ ကျက်၍သုံး။
တပည့်ကျင့်ဝတ် (၅) - ပါး
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီး , လုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊
မချွတ် ငါးခုသာ။
(၁) ဆရာသင်ကြား ဆုံးမသမျှကို လေးစားစွာ ရရုတစိုက် နာခံမှတ်သားရခြင်း (ဆုံးမနာယူ)၊
(၂) ဆရာလာသောအခါ ညီညာစွာ မတ်တပ်ရပ်လျှက် ခရီးဦး ကြိုဆိုရခြင်း (လာမူကြိုဆီး)၊
(၃) ဆရာ့ထံပါး ဆည်းကပ် ခစားရခြင်း (ထံနီး)၊
(၄) ဆရာ့ထံပါးဝယ် ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးရခြင်း (လုပ်ကျွေး)၊
(၅) ဆရာသင်ပေးပြီးသောအခါ သင်ခန်းစာများကို လေးစားစွာ တွေးတော ကြံစည် သင်အံ လေ့ကျက်
နှုတ်တက်ရွတ်ဆိုရခြင်း (သင်တွေးအံရွတ်)။
No comments:
Post a Comment