လူမှုရေးကျင့်ဝတ်များ
သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များ
သိင်္ဂါလောဝါဒ ခေါ် လူတို့ကျင့်ဝတ်များ
တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသာ၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား
ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည့်၊ လာကကျင့်ရာ၊ မကျဉ်းမှာပိမ့်၊ နတ်ရွာသို့လုံးလုံး၊ ကျက်၍သုံး။
သားသမီးကျင့်ဝတ် (၅) - ပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊
ကျင့်ဖွယ် သားတို့တာ။
(၁) မိဘတို့ကိုလုပ်ကျွေးခြင်း၊


(၂) မိဘတို့၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊

(၃) မိဘစကားကို နားထောင်၍ မိဘတို့အမွေကို ခံထိုက်အောင် ပြုလုပ်ခြင်း၊

(၄) မိဘတို့ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း၊

(၅) မိဘတို့၏ မျိုးနွယ် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရခြင်း။


No comments:
Post a Comment