လူမှုရေးကျင့်ဝတ်များ
သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များ
သိင်္ဂါလောဝါဒခေါ် လူတို့ကျင့်ဝတ်များ
တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသာ၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား
ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည့်၊ လာကကျင့်ရာ၊ မကျဉ်းမှာပိမ့်၊ နတ်ရွာသို့လုံးလုံး၊ ကျက်၍သုံး။
မိဘကျင့်ဝတ် (၅) - ပါး
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှင်းရီး၊ ထိမ်းမြားခြင်းလျှင်၊
ဝတ်ငါးအင်၊ ဖခင် မယ်တို့တာ။
(၁) မကောင်းမှုများကို တားမြစ်ပေးရခြင်း၊

(၂) ကောင်းမှု ကောင်းရာများကို ညွှန်ပြရခြင်း၊

(၃) အတတ်ပညာ သင်ကြား ပေးရခြင်း၊

(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန် ပေးရခြင်း၊
(၅) လက်ထပ်ထိမ်းမြား ပေးရခြင်း။

No comments:
Post a Comment