ရတနာ သုံးပါး ၏အဓိပ္ပါယ်၊ ဗုဒ္ဓ၀င် ၊ နှိုးဆော်အကြံပေးချက်၊ နေ့ထူးနေ့မြတ် ၊ လူတို့၏ ကျင့်ဝတ်များ၊ ဗဟုသုတ ၊ နည်းပညာနှင့် solfware ၊ ကဗျာ နှင့် ဗေဒင်
Tuesday, June 11, 2013
ရပ်ပြစ်ရှစ်ပါး
= မဂ် ဖိုလ် တရားရအောင် အားထုတ်ခွင့်မရသောအရပ်ဖြစ်၍ " ရပ်ပြစ် " ဟုခေါ်သည်။
( ၁၊ ၂၊ ၃) ဘုရားပွင့်ခါ ပါယ်သုံးရွာ = ဘုရားပွင့်နေဆဲ ငရဲ ၊ တိစ္ဆာန် ၊ ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ
( အသူရကာယ်ကို ပြိတ္တာဘုံ၌ သွင်းယူရသည်။)
(၄) ဒီဃာယုနတ် = အသက်ရှည်သော နတ် ၊ ဗြဟ္မာများ ( ဘုရားပွင့်ဆဲအခါ လွန်စွာအသက်ရှည်ကြ ၍
ဘုရားရှင်ကိုမဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မာနှင့် အရူပဗြဟ္မာ တို့ဖြစ်ကြသည်)။
(၅) ဖြစ်လတ်ပစ္စန် = ဘုရားရှင်နှင့် ရဟန်းသံဃာတော်များ မရောက်နိုင်သော အစွန်အဖျား တောကြို
တောင်ကြားအရပ် ( ပစ္စန္တ ရစ်သား)။
(၆) မိစ္ဆာဥာဏ်ရှိ = ဘုရားပွင့်ဆဲ သာသနာတော်တည်ဆဲအခါ မိစ္ဆာဒိဌိ အယူရှိသူများ။
(၇) ဥာဏ်မရှိသား = တရားတော်ကို နားလည်လောက်သော ဥာဏ်မရှိသူများ။
(၈) ဥာဏ်ရှိညားလည်း ဘုရားမဖြစ် = တရားတော်ကို တတ်သိနားလည်သော ဥာဏ်ရှိသော်လည်း
ဘုရားသာသနာတော် မရှိသောအခါ လူဖြစ်ရသူများ။
Labels:
ဗုဒ္ဓ၀င်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment