Showing posts with label ဗေဒင်. Show all posts
Showing posts with label ဗေဒင်. Show all posts

Monday, July 15, 2013

ဆရာစံဇာဏီဘို၏အချစ်ဗေဒင် pdf - Minus

                      ၏အချစ်ဗေဒင်  pdf - Minus

ဗေဒင်ဝါသနာရှင်များအတွက်ပါ။

Image Hosting

             

ဆရာစံဇာဏီဘို၏အချစ်ဗေဒင်.pdf - Minus

 

Ref: http://www. swanbros.blogspot.com



 


Sunday, July 14, 2013

ကိုလူပျိုများ အတွက် အချစ်ဗေဒင် (အမျိုးသားသီသန့်)

 

                                        ကိုလူပျိုများ အတွက် အချစ်ဗေဒင် (အမျိုးသားသီသန့်)

Free Image Hosting
အိမ်ထောင်မကျသေးတဲ့ လူတိုင်း ကိုယ့်အိမ်ထောင်ဘက်က ဘယ်လိုလူမျိုးဖြစ်မလဲ ဆိုတာကို သိချင်ကြပါတယ်။ အဲဒီမှာ မိန်းကလေးထက် ယောင်္ကျားလေးတွေက ပိုစိတ်ဝင်စားတက်ကြပါတယ်။ အိမ်ထောင်တခုမှာ အိမ်ဦးနတ်ကအရေးကြီးဆုံးလို့ ပြောကြတယ်နော်။ တကယ်တော့ အိမ်ဦးနတ်ဆိုတာသူချည်းနေလို့တော့ ရာထူးတက်မလာပါဘူး။ ရာထူးပေးမဲ့ အိမ်ရှင်မ ရှိလို့ဖြစ်လာတာပါ။ အဲတော့ ကိုယ့်ကို ရာထူးပေးမဲ့ အိမ်ရှင်မက ဘယ်သူဖြစ်မလဲ မသိချင်ကြဘူးလား။ ဒီအတွက်တော့ ပူပါနဲ့ အလိမ္မာ အိမ်ပါလေးများဖြစ်မလား။ သွက်လက်ထက်မြတ်တဲ့ သူများလား။ မဟာဆန်သူလေးလား။ ကိုယ့်စိတ်ကြိုက်ပုံစံမှဖြစ်ရဲ့လား။ အသွင်တူတဲ့ ကြင်သူမှဖြစ်ပါ့မလား၊ အပျိုလား အအိုလား၊ မမလား ညီမလေးလား အန်တီကြီးနဲ့ ညားမှာလား စသဖြင့်စသဖြင့် ရီးစားသာ မရသေးရင်နေမယ် ဘယ်လိုမိန်းမယူရင်ကောင်းမလဲဆိုပြီး စိတ်ကူးနဲ့ဖဲရိုက်နေတဲ့ ကိုကိုတွေအတွက် ပျိုမေက ကူညီလို့အဖြေရှာပေးမယ်နော်…(စံဇာဏီဘို၏ဘယ်လိုမိန်းမရမှာလဲမှကောက်နုတ်ထားတာပါ…:D)

တွက်နည်းလေးက အလွယ်လေးပါ။ မိမိမွေးသက္ကရာဇ်သိရုံနဲ့ တွက်လို့ရပြီ။ မြန်မာသက္ကရာဇ်တော့ ဖြစ်ရမယ်နော်။ မိမိရဲ့မွေးသက္ကရာဇ်ကိုတည် ၄ နဲ့မြောက်ရလာတဲ့အဖြေကို ၇ နဲ့စားပြီး (အကြွင်း)ရှာရမှာ ဖြစ်ပါတယ်။
ဥပမာ - ၁၃၄၀ ခုနှစ်မှာမွေးတဲ့ အမျိုးသားကို တွက်ပါမယ်။
၁၃၄၀ X ၄ = ၅၃၆၀ ရပါတယ်။
၅၃၆၀ ကို ၇ နဲ့စားတော့ အကြွင်း ၅ ရပါတယ်။
သူငယ်ချင်းတို့လည်း တွက်ကြည့်ပြီး အကြွင်းရှာကြည့်နော်။ ရလာတဲ့အကြွင်းကိုမှတ်ပြီး အောက်မှာ အဖြေရှာကြည့်လိုက်ပါဦး။

အကြွင်း (1) ရခဲ့ရင်တော့ လက်မ ထောင်လိုက်ပါ။ ဖိုးကံကောင်းလေးပေါ့။ ကိုယ်ရမဲ့ မိန်းကလေးက အပြစ်ကင်းသူလေးပါ။ ကိုယ့်ကျင့် သိက္ခာနဲ့ပြည့်စုံတဲ့သူပါ။ အေးတဲ့ နေရာမှာတော့ ရေခဲက ဆရာခေါ်ရအောင်ပါပဲ။ ရီးစားတောင် ထားရကောင်းမှန်းမသိတဲ့သူပါ။ အလုပ်တဖက် ပညာတစ်ဖက်နဲ့ ဘ၀သမားလေးပါ။ ကိုယ်ပိုင်အစွမ်းအစနဲ့ နေနိုင်တဲ့သူ၊ ဥာဏ်ထက်မြက်တဲ့သူလေးပါ။ တစ်ခါတစ်လေ နွဲ့ဆိုး ဆိုးတက်ပေမဲ့ တည်တည်ကြည်ကြည်နဲ့ နေထိုင်တက်သူဖြစ်မယ်။ သွက်သွက်လက်လက်နဲ့ မိန်းမဆန်တယ်။ ခေတ်မီပေမဲ့ ခေတ်မဆန်ဘူး။ သ၀န်လေးတော့ ကြောင်တက်တယ်။ သူ့ရှေ့မှာ မိန်းကလေးအကြောင်းတော့ ယောင်လို့တောင် မပြောမိစေနဲ့ ချော့ရတာ မောသွားမယ်။ သူများတွေနဲ့ကျရင် လူကြီးဆန်ပြီး ကိုယ့်အပေါ်ကျတော့ ကလေးဆန်လွန်းတော့ မိဘတွေတော့ အမြင်မကြည်ဖြစ်လိမ့်မယ်။ ကိုယ့်အပေါ်မှာတော့ သစ္စာရှိတဲ့သူလေးပါနော်။
အကြွင်း(2) ရခဲ့ရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့သာ အဓိပ္ပာယ်ဖွင့်လိုက်ပါတော့။ ကိုယ့်ကတော့ အချစ်သူရဲကောင်းကြီးပါ။ မေတ္တာတရားအပြည့်နဲ့ ခွင့်လွတ်ကြင်နာတက်တဲ့သူပေါ့။ ကိုယ်နဲ့တွေ့မဲ့ မိန်းကလေးက အခြားသူကြောင့် အသဲကွဲဝေဒနာခံစားနေရသူလေးပါ။ သူ့အကြောင်းကို မခြွင်းမချန် ရင်ဖွင့်လာမဲ့သူပေါ့။ ကိုယ်က ကရုနာအပြည့်နဲ့ စီးကြိုမဲ့သူပါ။ သူကလည်း အတိတ်ကလူဆီကို စိတ်မညွတ်ပဲ သစ္စာရှိမဲ့ မိန်းကလေးပါ။ အလွန်သာယာတဲ့ အိမ်ထောင်ရေးဖြစ်လာပါလိမ့်မယ်။ အိမ်ထောင်တာဝန် ကျေပွန်တဲ့အိမ်ရှင်မတစ်ယောက်ပါ။ အချောအလှလေးကလည်း ဖြစ်ဦးမှာ ။ရုပ်ဆင်းရူပါကတော့ လူတကာ ငေးရလောက်တဲ့သူနော်။ အိမ်ထောင်ထိန်းတော်ပြီး ကိုယ့်မိဘအသိုင်းအ၀ိုင်းနဲ့လည်း အဆင်ပြေလို့ နောက်ဆို ကိုယ်ကသမက်လို့တောင် အထင်ခံရလိမ့်မယ်နော်။
အကြွင်း(3)ရခဲ့ရင်တော့ တော်တော်ကြီးမဲ့သူပဲ…:D တမျိုးမတွေးနဲ့ ဦးဆွေကြီးမျိုးကြီး မာနကြီး စိတ်ကြီး ဒေါသကြီး စတဲ့ကြီးတွေကို ပိုင်ထားတဲ့ မမကြီးရှင့်။ ပကာသနအ သိုင်းကြားကလာလို့ နှလုံးသားလှပေမဲ့ ဘုကျကျဆက်ဆံတက်တဲ့သူမျိုးပါ။ တော်ရုံကို အဖက်မလုပ်တက်တဲ့သူမျိုး၊ ပညာတက်ပြီး ကိုယ်ပိုင အရည်အချင်းနဲ့ ရပ်တည်နိုင်တဲ့သူ၊ ကိုယ်နဲ့ အိမ်ထောင်ကျပြီးလည်း ကိုယ့်အသိုင်းဝိုင်းထဲ ၀င်လာမဲ့သူမျိုး မဟုတ်ဘူး၊ ကိုယ်ကပဲ သူ့အသိုင်းဝိုင်းထဲဝင်ရလိမ့်မယ်။ အနိုင်ကျင့်တဲ့ ၀ါသနာတော့ရှိတယ်။ ကိုယ်အပေါင်းအသင်းတောင် အကောင်းစားလေးတွေမှ ပေါင်းသင်းဆက်ဆံလိမ့်မယ်။ ခပ်ညံညံအပေါင်းအသင်း မျိုးဆို အိမ်လာလည်တာတောင် လက်သင့်ခံမှာ မဟုတ်ဘူး။ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်။ သူ့ကြောင့်ပဲ တိုးတက်မှုတွေရလာလိမ့်မယ်။အောင်မြင်တဲ့ ယောင်္ကျားတစ်ယောက်နောက်မှာ ထက်မြက်တဲ့ မိန်းမရှိတယ် ဆိုတာမျိုးပေါ့။
အကြွင်း(4)ရခဲ့ရင်တော့ တော်ဝင်သူလေးပါ။ အသိုင်းဝိုင်းကြီးထဲကနေ အချစ်တွက်အရာရာကို စွန့်လွတ်ပြီး ကိုယ့်ဘ၀ထဲ ရောက်လာမဲ့သူလေးပါ။ လေးစားလောက်စရာ လူမျိုးဖြစ်ပါလိမ့်မယ်။ ဘ၀အတွေ့အကြုံနည်းပြီး ဘ၀ကိုအေးအေးချမ်းချမ်း၊ ပြည့်ပြည့်စုံစုံနဲ့နေထိုင်ခဲ့တဲ့သူပါ။ သဇင်ပန်းလိုမိန်းမသားနဲ့ အိမ်ထောင်ကျလို့ သူငယ်ချင်းများက မုဒိတာပွားကြပါလိမ့်မယ်။ အလွန်သီးခံတက်၊ ခွင့်လွတ်တက်ပေမဲ့ မဟုတ်တာလုပ်ရင်တော့ တော်တော်ကိုပွဲကြမ်းမဲ့သူ မာနခဲမလေးပါ။ မိဘတွေနဲ့လည်း အဆင်ပြေပါလိမ့်မယ်။ အပေးကမ်းလည်း ရက်ရောတယ်။ အရာရာကိုယ့်သဘောပါ။ အဲ နောက်တယောက်တော့ စိတ်နဲ့တောင် ရှုတ်ဖို့မစဉ်းစားနဲ့ ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီးသားပဲနော်။ သဘောထားကြိးပေမဲ့ ဒါမျိုးတော့ ခွင့်မလွတ်တက်ဘူး၊ အပြင်အလုပ် ထွက်လုပ်ရင်တောင် အိမ်ထောင်မှု မလစ်ဟင်းစေရတဲ့သူမျိုးပါ။ မိန်းမရကံကောင်းပါတယ်။
အကြွင်း(5)ရခဲ့ရင်တော့ ဆိုရှယ်မမပဲ၊ ခေတ်ထက်ကို ရှေးကပြေးနေတဲ့ သူလေ၊ေ ဟာ့ရှော့လို့ပြောရမလား၊ အလန်းဇယားလို့ပြောရမလား (ရုပ်ရှင်ကြေငြာဝင်တာမဟုတ်ပါ) အတော်ကို စတိုင်မိတဲ့ မလိုင်ခဲမမနော်။ ပြင်ဆင်ထားပုံများကတော့ မားကတ်မှာ အလှပြထားတဲ့ ကော်ပတ်ရုပ်နဲ့နင်လားငါလား၊ ရီးစားများတာလား လာမပြောနဲ့ ရှင့်တောင်သနားလို့ ယူထားတာနော်။ လွတ်လပ်မှုကို မြတ်နိုးပြိး ကိုယ်ပိုင်အစွမ်းအစနဲ့ နေချင်တဲ့သူ၊ သွားများ မပြောမိစေနဲ့ ကိုယ့်ကို ပြန်တရား ဟောသွားလိမ့်မယ်။ သူ့ကျေးဇူးနဲ့ နိုင်ငံခြားလည်း ရောက်ဦးမယ်။ ပညာတော်သင်တော့ မဟုတ်ဘူး၊ အလုပ်လုပ်ဖို့ အတင်းလွတ်လိုက်တာ၊ ပစ္စည်းဆိုလည်း အကောင်းစားမှ သုံးတာ၊ အစားအသောက်ဆိုလည်း ထမင်းချက် ကောင်းကောင်းခန့်ပေးထားရမယ်။ သူနဲ့အိမ်ထောင်ကျပြီး သူ့ပုံစံအတိုင်း ကိုယ်ပါမျောပါသွားလို့ သူငယ်ချင်းတွေ လမ်းတွေတောင် မမှတ်မိဖြစ်နေလိမ့်မယ်။
အကြွင်း(6)ရခဲ့ရင်တော့ မေတ္တာတရားကြီးမားတဲ့သူပါ။ တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ သူငယ်ချင်း လို မိတ်ဆွေလိုကနေ အဆင့်တက်သွားမှာပါ။ သူနဲ့ အိမ်ထောင်မကျခင် ကိုယ့်မှာ ရီးစားရှိခဲ့တာလည်း သူကသိနှင့်ပြီးသားပါ။ မမျှော်လင့်ပဲ သံယောဇဉ်တွယ်ပြိး ချစ်သွားကြမှာ၊ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်အောက် မှာ အေးအေးချမ်းချမ်းနေရမှာပါ။ ဆိုးတိုင်ပင် ကောင်းတိုင်ပင် နှစ်ယောက်သား အတူသွားအတူလာ ဖြစ်လိမ့်မယ်။သဘောထားကြီးပြီး အရမ်းချစ်တက်တဲ့ မိန်းကလေးပါ။ နားလည်မှုရှိပြီးကိုယ့်ပတ်ဝန်းကျင်နဲ့ အဆင်ပြေမဲ့သူပါ။ အိမ်ထောင်ကျပြီး နောက်ကိုယ့်အလုပ်တွေကို ၀ိုင်းကူပြီး ကြီးပွားရေး စီးပွားရေးတွေ လုပ်ဖြစ်ပါလိမ့်မယ်။ သင့်အတွက် အရာအားလုံး သူ့လက်သူ့ခြေနဲ့ကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်တဲ့သူမျိုးပါ။ သင့်ကို သူငယ်ချင်းတွေ ၀ိုင်းပြီးအားကျနေလိမ့်မယ်။
အကြွင်း(0)ရခဲ့ရင်တော့ တော်တော်လေးထူးခြားတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရပါလိမ့်မယ်။ ကိုယ့်ထက် တစ်ခုခုကြီးတဲ့ မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျလိမ့်မယ်။ အသက်တို့ ပညာတို့ ဂုဏ်တို့ ကိုပြောတာနော်…:D။ ဘာသာမတူတာမျိုးလည်း ဖြစ်တက်တယ်။ ကိုယ့်အပေါ်မှာ အလိုလိုက်လိမ့်မယ်။ အရိပ်တကြည့်ကြည့်နဲ့ စိတ်မချဖြစ်တက်တယ်။ သူများ ပစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်လေးနဲ့ အလှတော့ အတော်ပြင်မဲ့သူပဲ၊ ကိုယ့်အပေါ်မှာ မိခင်မေတ္တာမျိုးနဲ့ ချစ်လိမ့်မယ်။ ကိုယ်ဆိုးသမျှ အနွံအတာခံပြီး သူစိတ်အလိုမကျရင်တော့ မျက်ရည်လေး ကလယ်ကလယ်နဲ့ ဖြစ်လိမ့်မယ်။ ဘ၀မှာ ကြုံတွေ့ရမဲ့ အခက်အခက်တွေကို လက်တွဲမဖြုတ်ပဲ ရင်ဆိုင်ပေးမဲ့သူမျိုးပါ။ ခေတ်ပညာတက်ပြီး အစွမ်းအစရှိတဲ့သူ၊ ဆရာလုပ် အမိန့်ပေးနိုင်တဲ့သူပါ။
မြန်မာသက္ကရာဇ်မသိတဲ့ သူငယ်ချင်းတွေအတွက် တွက်နည်းတစ်ခုသင်ပေးလိုက်မယ်။
အင်္ဂလိပ် သက္ကရာဇ်ထဲက 638 ( ဒေ၀ီ လို့အလွယ်မှတ်ထားနော်) ကို နှုတ်လိုက်ပါ။
ဥပမာ - 1982 မွေးတဲ့သူဆို 638 နှုတ်လိုက်ရင် ၁၃၄၄ မြန်မာသက္ကရာဇ်ရပါတယ်။
တခုမှတ်ထားရမှာက မြန်မာသက္ကရာဇ်ကို တန်ခူးလက စတာမို့လို့ ၁လ၊ ၂လ၊ ၃လပိုင်းနဲ့ ၄လပိုင်း သင်္ကြန်မတိုင်ခင်မွေးတဲ့သူများကတော့ ရတဲ့အဖြေကို ၁တိုးယူပါ။ ၁၃၄၄ ဆို ၁၃၄၃ ပေါ့။ နားလည်မယ်ထင်ပါတယ်။ စိတ်ကူးနဲ့ဖဲရိုက်နေတဲ့ ကိုကိုတွေ အမှန်လေးနဲ့တွေပါစေ……………:)
  

မူရင်း site ကမြှားနတ်မောင်ပါ။

မမများ အတွက် အချစ်ဗေဒင် (အမျိုးသမီး သီသန့်)

                              မမများ အတွက် အချစ်ဗေဒင် (အမျိုးသမီး သီသန့်)


မြန်မာ့ရိုးရာလက်ဆန်းနည်းလေးပါ။မိန်းခလေးတွေအတွက်သီးသန့်ပါ။အရွယ်ရောက်တဲ့ မိန်းခလေးတွေကအစအရွယ်လွန်အပျိုကြီးတွေတခါတရံတခုလပ်အိမ်ထောင်ပျက်အစရှိတဲ့ အမျိုးသမီးတွေမှာချစ်စကား
ကမ်းလှမ်းခံရတာမေတ္တာရှိကြောင်း ပြောလာတာ၊လက်ထပ်ခွင့်ပန်လာတ တွေရှိပါလိမ့်မယ်... ။

ရင်ခုန်ရတာတဖက်ကြည်နူးရတာတမျိုးနဲ့နောက်ဆုံးတကယ်ချစ်တာမှဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်ကပေါ်လာစမြဲပေါ့၊ဒီပညာလေးကလွယ်ပါတယ်။ဒါပေမယ့်လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်နော်...။

အဆင့်(၁)
ကိုယ့်ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည်အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။ အက္ခရာနဲ့
သင်္ချာ ဂဏန်းတွဲပြထားပါတယ်၊ ဗျည်းကိုသာယူပါတယ်..။

အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း
  • အ ၊ ဥ ၊သြ - ၁
  • က ခ ဂ ဃ င -၂
  • စ ဆ ဇ စ် ည - ၃
  • ယ ရ လ ၀ - ၄
  • ပ ဖ ဗ ဘ မ - ၅
  • သ ဟ - ၆
  • ထ တ ဒ ဓ န - ၇
ဥပမာ ကို အောင် ကျော် ဌေး ဆိုပါတော့ ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်။
အောင်ကျော်ဌေး = အ +က+ ဌ
၁ + ၂+ ၇ = ၁၀
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။

အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။

မွေးနေ့ မွေးနံသင်္ချာဂဏန်း
  • တနင်္ဂနွေ ၁
  • တနင်္လာ ၂
  • အင်္ဂါ ၃
  • ဗုဒဟူး ၎
  • ကြာသပတေး ၅
  • သောကြာ ၆
  • စနေ ၇
ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင် ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်..
  • မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့။
  • ချစ်ရေးဆိုခံရသူ အသက်=၂၅
  • ချစ်ရေးဆိုခံရသူ၏ မွေးနေ့ သင်္ချာနံ =ကြာသပတေး= ၅
  • အသက် + မွေးနံသင်္ချာ= ၂၅+၅=၃၀
ချစ်ရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံ
သင်္ချာပေါင်းရထားတဲ့ အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ်ဂဏန်းနဲ့ စားပါ။

အကြွင်းကိုကြည့်...။
  • အဆင့် ၁ ရလဒ်= ၁၀
  • အဆင့် ၂ ရလဒ်= ၃၀
  • ၂ ခုပေါင်း =၁၀+၃၀=၄၀
  • ၄၀ ကို ၇ နဲ့စားပါ အကြွင်းက ၅ ပါ..။

အကြွင်း ၁ က ၀ထိ ရေးပေးထားပါတယ်။ကိုယ့်ကိုချစ်စကားဆိုသူက၂ ယောက် ၃ ယောက်ဆိုရင်သူတို့နာမည်တွေနဲ့တွက်ကြည့်ပေါ့နော့်....။နောက်ဆုံး ရတဲ့အကြွင်းကိုကြည့်ပြီး လိုရာသုံးပေရော့..။

အကြွင်း၁။ ။ ၇ပါကသူ့စကားကတော့ မှန်ပါတယ်။တကယ်ချစ်နေတာပါ။ဒါပေမယ့် လက်ထပ်တဲ့အထိတော့ကိုယ့်အပေါ်မှာမစဉ်းစားသေးဘူးနော်။ လက်ထပ်မယ်လို့ ပြောလာရင်လဲ အပေါ်ယံပြောတာ။

တကယ်လက်ထပ်နိုင်တဲ့အခြေအနေလတ်တလောသူ့မှာမရှိသေးဘူး။သူ့မှာ ဖြေရှင်းစရာ။ ရင်ဆိုင်စရာ
မိဘအသိုင်းအ၀ိုင်းကြားထဲကချစ်နေရတာချစ်သူဘ၀နဲ့တွဲသွားတွဲလာအဖော်အနေနဲ့တော့


 ကောင်းပါတယ်။ဒါပေမယ့်အိမ်ထောင်ဖက်တော့ ဖြစ်လာမှာမဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ ချစ်တိုင်းလဲ မညားဆိုတဲ့
စကားကိုသတိရပါ..။

အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကို စံတင်လောက်တယ်။ သူတကယ်ကိုယ့်
ကိုချစ်နေတာ။ သနားဖို့ကောင်းပါတယ်။ သူ့ဘ၀သူ့အချစ် သူ့မေတ္တာအားလုံး ကိုယ့်ကိုပုံပေးပြီး အဖြေ တုံ့
ပြန်မှုကို တကယ်မျှော်လင့်နေတာ။ သဘောကျလောက်တဲ့ အနေအထား ကိုလိုလားတဲ့ အခြေ အနေများရှိ
ရင် လက်ခံသင့်တဲ့သူပါ။ တခုတော့ရှိတယ်နော်။ သူကတကယ် လက်ထပ်မှာလို့ပဲပြောတာ။ ကိုယ်က မစဉ်း
စားသေးဘူး ဆိုလည်းသူက နောက်ဆုတ်သွားမှာပါ..။ အနှောက်အယှက်မပေးပါဘူး..။

အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲ လို့မေး
လိုက်တော့..။ မျက်နှာများတဲ့သူပဲ။ ကိုယ့်ကိုသဘောကျ တွဲချင်တာပဲရှိပါတယ်။ လေးလေးနက်နက် ချစ်တဲ့
အနေအထားတော့ မဟုတ်ဘူးနော်။

လက်ထပ်ပေါင်းသင်းဖို့ နေနေသာသာ ရေရှည်ချစ်ပါ့မလား တောင်မသိ။ ကိုယ်ကလက်ခံမိရင် ကိုယ့်အပြင်
သူနောက်ထပ် တယောက်တွဲနေတာတို့ ကိုယ့်ကိုပစ်ထားလိုက်။ ပြန်လာလိုက်နဲ့ ချစ်တမ်း ကစားနေတာတို့
လုပ်အုံးမှာ။ အသည်းကွဲ ကာကွယ်ဆေးထိုးပြီးမှ ချစ်ပေါ့။ ဒါပေမယ့် ကမ္ဘာမှာ အဲဆေးမပေါ်သေးဘူးနော်..။
မိတ်ဆွေလောက်နဲ့ပဲ ထားဖို့ကောင်းပါတယ်။

အကြွင်း၎။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ ကိုယ့်ကို မြတ်နိုးနေတာမှသဲသဲ
လုပ်ပဲ။ ကိုယ့်အတွက်ဆို ဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့ အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်
သူပါ။ သူက စကားနည်းတယ်။ ဒီမေတ္တာစကား ပြောဖို့တောင် တော်တော်အရှိန်ယူရပုံပဲ။ ကိုယ့်အပေါ် သူတတ်
အားသလောက် တင့်တင့်တယ်တယ်ထားမှာအမှန်ပဲ သဘောကျရင် စဉ်းစားဖို့တကယ်ကောင်းတဲ့သူပေါ့။

သူ့ဝန်းကျင် အသိုင်းအ၀န်း။ သူ့အနေအထားတွေကို မိန်းကလေးပီပီ ထည့်တွက်ပေးမယ်။ အချစ်ဘက်က
တော့ အမှတ်ပြည့်တကယ်ပေးထားတယ်။ ကိုယ့်သဘော ကိုယ့်အလို တကယ်လိုက်ပြီး ကိုယ့်မျက်နှာအညိုး
မခံရအောင် သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ လက်ခံလို့ရတယ်။ သူဘက်က လက်ထပ်ဖို့ သေချာ
ပါတယ်။ အချိန်ယူပြီး စဉ်းစားဆုံးဖြတ်ပေါ့..။

အကြွှုင်း၅။ ။ ရပါက သူကိုယ်တိုင်တောင်ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။ တခါတလေ ကိုယ့်
ကိုချစ်လိုက်။ တစ်ခါတလေ ကိုယ့်ကို မေ့ထားလိုက်လုပ်မှာပါ..။ ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကား
ပဲ သူမပြော သလိုလို။ တခါလောက်ပြောပြီး ကိုက မူပြီး အချိန်ဆွဲ ထားရင် ကြားထဲမှာ ထပ် အဖြေ တောင်း
တော့မှာ မဟုတ်ဘူး။ သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။ သူ့ရင်ထဲမှာ အသည်းနှလုံးရော ရှိရဲ့လား
ဆိုတာကို လေ့လာ သူ့စိတ် သူ့ပါတ်ဝန်းကျင်နဲ့ ကိုယ် အဆင်ပြေပါ့မလား....။ တွေးကြည့်ပေါ့။ ငြင်းစရာ မရှိ
လောက်အောင် ပြည့်စုံလို့ လက်ခံမယ် ကိုယ်ကချစ်သာနေပြီး မဆွတ်ခင်ကညွတ် ချင်ချင်ဖြစ်ပြီး သူလာပြော
တာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့ အချိန်လေးယူပါအုံး..။

အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ်ကောင်းတဲ့သူ ဆိုတာသတ်မှတ်လိုက်ပါ။ သူ့မေတ္တာ က အမှန် တည်
ငြိမ်ပါတယ်။ ကိုယ့်မှတပါး နောက်တယောက်ထားမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ အတိတ်မှာ ဘယ်လောက်ရှုပ်ရှုပ်
ကိုယ်နဲ့ကျမှ တည်တည်ငြိမ်ငြိမ်ဖြစ်မှာ အသက်အနေအထား ဖြတ်သန်းရတဲ့ ၀န်းကျင်တွေကြားထဲမှာ ပေါက်
ဖွားလာတဲ့ အချစ်စစ်။ တကယ်လက်ထပ် သင့်တဲ့သူပေါ့။ သူကသိပ်ချစ်တတ်တဲ့သူ။

ကိုယ့်အလိုတကယ်လိုက်မှာ။ ရေရှည်တည်မြဲပါတယ်။ ကိုယ့်မိဘ ကိုယ့်အသိုင်းအ၀ိုင်း သူ့မိဘ သူ့အသိုင်း
အ၀ိုင်းသာ စပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသား အောက်မေ့ပေတော့.။။။

အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ ကန်တော့ဆွမ်းပါပဲလို့။ သူ့အချစ်နဲ့ ကိုယ်နဲ့ မထိုက်တန် ပါဘူး။
ဟိုမရှင်း ဒီမရှင်း အရှုပ် ထုတ်ထဲ ကိုယ့်ပါဆွဲသွင်းနေတာ။ သူ့ကို သွားကြိုက်မိ လို့ကတော့ ငါးပါးမှောက်ပြီ
သာမှတ်။ ရှေးစကားနဲ့ ပြောတာ မှတ်မိသေးတယ် ဒူးနဲ့မျက်ရေသုတ်နေရမယ်။ သူ့ချစ်စကားကလဲ မဟန်
ချစ်ရေးဆိုပုံကလည်း တစ်မျိုးနှင့် မလည်မ၀ယ် မိန်းကလေးများဆိုရင်တော့. .တာ့တာ။ ပညာပါပါနဲ့ သာ
ဖယ်ထုတ်လိုက်ပါ။ ယောင်လို့များ သွားမတွဲနဲ့ ယူလို့လဲ မကောင်း မယူမိ ရင်လဲ နောက်လိုက် နောင့်ယှက်
ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။ အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။ ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထား
ပြီး ပြန်အဖြေ မပေးခင် ချိန်ဆနိုင်အောင် ပေးထား တာပါ။ ချစ်သူ ရှိပြီးသား လူတွေနဲ့ ပတ် သတ်ပြီး တွက်
ကြည့်ချင်ရင် တစ်ဖက်လူကို ချစ်စကားပြောခဲ့တဲ့ အသက်နဲ့ ချိန်ပြီးတွက် ရည်းစားမရှိသေးသူတွေကလည်း
ဘယ် အသက်မှာ ဘယ်နာမည်မျိုးနဲက လူကအချစ်စစ် ကမ်းလှမ်း လာမယ်ဆိုတာ ဥာဏ်ကစားပြီး တွက်
ကြည့်ပေါ့နော့်..



Ref: မောင်ရဲလတ် မြန်မာသတင်းစုစည်းတင်ပြချက်

အချစ်ဗေဒင်

                                အချစ်ဗေဒင်

ဗေဒင်ချစ်သူများအတွက် အချစ်ဗေဒင်လေးပါ။

Image Hosting


အချစ်ဗေဒင်



ကွန်ပျူတာ တက္ကသိုလ်ကပြုလုပ်ထားတဲ့ solfware လေးလို့ထင်ပါတယ်။

သင်ကိုယ်တိုင်ဟောနိုင်တဲ့ အချစ်ဗေဒင်


                     သင်ကိုယ်တိုင်ဟောနိုင်တဲ့ အချစ်ဗေဒင်
Image Hosting Site
 

ဟောဒီ Love Quiz လေးကို တတ်နိုင်သလောက် စိတ်ထဲမှာရှိတဲ့အတိုင်းဖြေဆို ပေးစေလိုပါတယ်။ သင်တကယ်ခံစားနားလည်တဲ့အတိုင်း ဖြေဆိုမှသာ သင်နဲ့ သင်ရည်မှန်းထားသူရဲ့ကြားက ဆက်ဆံရေးအခြေအနေကို အနီးစပ်ဆုံးပုံဖေါ်ပေး နိုင်မှာဖြစ်ပါတယ်။
မေးခွန်းတစ်ခုချင်းဆီမှာ(၁)ကနေ(၉)အထိ အဆင့်တွေပါဝင်ပါတယ်။ (၁)ဆိုရင် လုံးဝမဟုတ်ဘူးပေါ့။ (၉)ဆိုရင်တော့ သွေးထွက်အောင်မှန်တယ်ပေါ့။ အလယ်အလတ်ဆိုရင်တော့ (၅)ကိုရွေးပါ။ (၁)ကနေ (၉)ထိ မှန်ကန်မှုဒီဂရီ အဆင့် ဆင့်မြင့်သွားတယ်လို့ဆိုချင်ပါတယ်။ အပျော်သဘောဆိုပေမယ့် ဒီ Quiz ကလေး ကို အရိုးသားဆုံးဖြေဆိုရင် သင်နဲ့ သင့်မျှော်မှန်းထားသူ (သို့)သင့်လက်တွဲဖော် ဘယ်အထိခရီးပေါက်နေပြီဆိုတာကို သင်သိသွားပါလိမ့်မယ်။ ဒါဆိုနောက်ပိုင်း မှာ လိုတာပိုတာလေးတွေကို လိုက်ညှိနိုင်ရင် အားလုံးအိုကေသွားမှာပါ။

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉

လုံးဝမမှန် ...........အလယ်အလတ်........အလွန့်အလွန်မှန်

၁။ ကိုယ့်ရဲ့အတွင်းရေးတွေကို သူ့ကို ယုံယုံကြည်ကြည်နဲ့ သွားပြောမိတယ်။


၂။ အံ့သြစရာပဲ။ သူ့ရဲ့အကြောင်းတွေကိုပဲ ငါတနေ့လုံးတွေးနေမိပါသလား။


၃။ ငါနဲ့ သူ့ရဲ့ကြားမှာ သဘောတူညီမှုယူထားတယ်လေ။ ငါတို့နှစ်ယောက် ကြားကို တခြားဘယ်သူ့ကိုမှ အ၀င်ခံလို့မဖြစ်ဘူး။


၎။ ငါစိတ်သောကရောက်ရတဲ့အခါ သူ့ရဲ့ အားပေးဖြောင့်ဖြမှုဟာ အတော်အ ဖိုးတန်ပါလား။


၅။ ငါ သူနဲ့ ဆက်ဆံရတိုင်း ရင်ခုန်နေမိပါပကော။


၆။ ငါ သူ့ကို ဘ၀တစ်လျှောက်လုံး သစ္စာရှိရှိချစ်သွားနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်။


၇။ ငါဆက်ဆံရသမျှထဲမှာ သူတစ်ယောက်နဲ့ အပေါက်အလမ်းအတဲ့ဆုံးပဲ။


၈။ ငါ့ကို ပျော်အောင်လုပ်နိုင်တဲ့အထဲမှာ သူ့တစ်ယောက်ကိုတော့ ဘယ်သူမှ မမှီဘူး။


၉။ ငါ သူ့အတွက်ဆို အမြဲတာဝန်ရှိတယ်လို့ ခံယူထားမိတယ်။


၁၀။ လောကကြီးမှာ ကိုယ်တကယ်အယုံကြည်ရဆုံးက သူ့တစ်ယောက်ပဲ။


၁၁။သူနဲ့ ငါနဲ့ကြားမှာ သံယောဇာဉ်အတွယ်အတာတွေ အတော်တောင်ကြီး နေပါလား။


၁၂။ သူနဲ့ အခုလိုဆက်ဆံရေးမျိုးကို ဆက်ပြီးထိန်းထားချင်တယ်။ (ဖြစ်နိုင်ရင် တသက်လုံး)


၁၃။ သူငါ့ကို တကယ်နားလည်နိုင်ပါလား။


၁၄။ ကမ္ဘာပေါ်မှာ တခြားဘယ်သူနဲ့မှ အတူမနေချင်ဘူး။ သူ့တစ်ယောက်နဲ့ပဲ။


၁၅။ သူနဲ့ ငါအခုလိုရင်ခုန်စရာ ဇာတ်လမ်းလေး ဘယ်တော့မှ မပျောက်ဆုံး စေရဘူး။ ငါယုံတယ်။

ပျှမ်းမျှ “နီးစပ်မှု (၀ါ)စိတ်သဘောထားခြင်းတိုက်ဆိုင်မှု” ရမှတ်
(မေးခွန်း နံပါတ် ၁၊ ၄၊ ၇၊ ၁၀နှင့် ၁၃တို့၏ ပျှမ်းမျှကိန်း)
-တကယ်လို့ ပျှမ်းမျှရမှတ် (၁)ကနေ(၅)အတွင်းရတယ်ဆိုရင် သင်နဲ့သင့်ရည်မှန်း ထားသူကြားမှာ နီးစပ်မှုအားနည်နေပါတယ်။ တဦးနဲ့တဦးနီးစပ်မှုမရှိဘဲနဲ့ ချစ်သူ ဘ၀ကို တက်လှမ်းဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ (ခြင်းချက်တွေတော့ရှိတာပေါ့)။ တကယ်လို့ ဒီ့ထက်ပိုပြီး နီးနီးစပ်စပ်ဖြစ်ချင်ရင် ကိုယ့်ဘက်ကပိုကြိုးစားရမှာပေါ့။ စိတ်မပျက်ပါနဲ့။
-ပျှမ်းမျှရမှတ် (၆)သို့မဟုတ် (၇)ဆိုရင်တော့ သင်တို့ရဲ့ နီးစပ်မှုက မဆိုးပါဘူး။ ဒါပေမယ့် ပြောပလောက်အောင်လည်းမကောင်းပြန်ဘူး။ လောလောဆယ်မှာ တော့ ပြဿနာမဟုတ်သေးပေမယ့် ရေရှည်ဆက်ဆံလာတဲ့အခါမှာတော့ အခု လောက်နဲ့မလုံလောက်နိုင်ပါဘူး။
-ပျှမ်းမျှရမှတ်(၈)ရတယ်ဆိုရင်တော့ သင်တို့နှစ်ယောက်ကြားမှာ ရေပက်မ၀င်သွေး နီးကြတယ်လို့ ဆိုရမှာပါပဲ။ ဒါဟာနှစ်ဦးစလုံးအတွက် အလွန်ကောင်းပါတယ်။ တခုတော့ရှိတယ်။ အချိန်ကြာလာရင် ဒီရမှတ်တွေဟာ(တခါတရံ)ပြန်လျော့သွား တတ်တယ်။ သင်တို့ရထားတဲ့ ဆုလာဒ်ကောင်းကို ရေရှည်တည်တံ့အောင်ထိန်း သိမ်းတတ်ပါစေ။
ပျှမ်းမျှ “တွယ်တာစွဲလမ်းမှု”ရမှတ်
(မေးခွန်းနံပါတ် ၂၊ ၅၊ ၈၊ ၁၁နဲ့ ၁၄တို့မှ ရမှတ်များကို ပျှမ်းမျှပြန်ယူပါ။)
- ရမှတ် (၁)ကနေ (၅)အတွင်းဆိုရင်တော့ သင်သူ့ကို လုံးဝမစွဲလမ်းဖူးလို့ အဓိပ္ပါယ် ရပါတယ်။ တကယ်လို့ “သူ”ဟာ သင့်ချစ်သူ၊ ဒါမှမဟုတ် သင့်အိမ်ထောင်ဘက်ဖြစ် နေတယ်ဆိုရင်တော့ ဒီအဖြေဟာသင့်အတွက် မကောင်းပါဘူး။ နောက်ပြီး သင့် ချစ်သူက သင်သူကို စွဲစွဲလမ်းလမ်းချစ်နေတယ်လို့ ယုံကြည်မိနေရင် ပိုပြီးမကောင်း တော့ပါဘူး။ ဒီအခြေအနေဟာ အရေးပေါ်ကုသမှုလိုတဲ့ ရောဂါဆိုးကြီးဖြစ်ပါ တယ်။ ဒါပေမယ့် သင်တို့နှစ်ယောက်ကြားမှာ ဒီလိုရောဂါဆိုကြီးဝင်နေပြီဆိုတာ ကို အခုသလနျှကငဖကြောင့် သိနိုင်တယ်လေ။ အနာလည်းသိပြီ၊ ကုလည်းကုချင် ပြီဆိုရင် ဆေးကမရှားပါဘူး။
-၇မှတ် (၆)နဲ့ (၇)ကတော့ အနည်းဆုံးကြမ်းခင်းဈေးပါပဲ။ ဒီလိုအခြေအနေမှာ သင်တို့နှစ်ဦးစလုံးနေပျော်တယ်ဆိုရင်တော့ ဘာမှပြဿနာမရှိသေးဘူးပေါ့။ တခု တော့ရှိတယ်။ တွယ်တာမှုမှာ ပျှမ်းမျှဆိုရင် တခြားရမှတ်တွေ (စိတ်သဘောထား ခြင်းနီးစပ်မှု၊ တာဝန်ခံမှု)ကောင်းဖို့လိုတယ်နော်။
-ရမှတ် (၈)နဲ့ (၉)ဆိုရင်တော့ ချစ်မီးလျှံတဟုန်ညီးညီးတောက်နေတယ်ပေါ့။ ဒါဟာ ကောင်းပါတယ်။ ဒါပေမယ့် ဒီအတိုင်းလည်းကျေနပ်မနေနဲ့ဦး။ စွဲလမ်းတမ်းတမှု ဟာ အလွယ်တကူတောက်လောင်နိုင်သလို၊ ကြာရှည်လည်းမခံတဲ့ ကောက်ရိုးမီး လိုပဲ။ အထက်ကဆိုသလိုပဲ တခြားသောတန်ဖိုး စံနှစ်ခုနဲ့ ဒါကိုထောက်ခံပေးထား နိုင်ဖို့အရေးကြီးတယ်။
ပျှမ်းမျှ “တာဝန်ယူနိုင်မှု” ရမှတ်
(မေးခွန်းနံပါတ် ၃၊ ၆၊ ၉၊ ၁၂နှင့် ၁၅တို့၏ ပျှမ်းမျှရမှတ်)
-အထက်ကနှစ်ခုလိုပဲ (၁)ကနေ(၅)အတွင်းမှာဆိုရင်တော့ မစွံပါဘူး။ မစွံတဲ့အပြင် သင်တို့ကြားကဆက်ဆံရေးဟာအသေးအဖွဲပယောဂ ကလေးတစ်ခုနဲ့တင် အလွယ် တကူပြတ်တောက်သွားနိုင်ပါတယ်။ (ဥပမာ၊ တခြားတယောက်က နဲနဲပိုချောတယ်၊ ပိုဆွဲဆောင်မှုရှိတယ်လို့ သင်ထင်မိရင်)။ တကယ်လို့ ဒီဆက်ဆံရေးဟာချစ်သူနှစ် ဦးဆက်ဆံရေး (သို့)အိမ်ထောင်ဖက်ဆက်ဆံရေးဆိုရင်တော့ ဒါဟာ ချက်ချင်းကုသ ရမယ့်ရောဂါလို့ မှတ်ပါ။
- ရမှတ် (၆)နဲ့ (၇)ကတော့ ထုံးစံအတိုင်းမဆိုးလှပါဘူး။ အဲ၊ သိပ်လည်းမကောင်း လှပါဘူး။ သာမာန်အခြေအနေမှာ မထောင်းတာလှပေမယ့် တကယ့်မိုးထဲရေထဲ ရောက်ရင်တော့ ဒီရမှတ်လောက်နဲ့ သင်တို့ရဲ့ ဆက်ဆံရေးဟာ မရှင်သန်နိုင်ပါ။
- (၈)မှတ်နဲ့ (၉)မှတ်ကြားမှာတော့ သင့်ရဲ့တာဝန်ယူမှုဟာ အဆုံးစွန်ပါပဲ။ ချီးကျူး ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ သင့်ဘက်မှာတဖက်တည်းနဲ့ မပြီးတဲ့အတွက် သင့် အဖော်မွန်ရဲ့ “တာဝန်ယူနိုင်မှု”အတိုင်းအတာကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ တကယ်လို့ လိုအပ်ရင် သူ့ရဲ့တာဝန်ယူစိတ်ကို သင်ကတစိတ်တပိုင်းပျိုးထောင်ပေး နိုင်ပါသေးတယ်။
ယခုသင့် မှာပါတဲ့ ရမှတ်တွေဟာ သင့်ဘက် တဖက်တည်းကိုမူတည်ပြီးပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် “သူ့ဘက်”က ရမှတ် တွေကိုပါထည့်သွင်းစဉ်းစားနိုင်ရင်တော့ ပိုမိုပြည့်စုံတဲ့ အဖြေတစ်ခုကို ပေးနိုင်ပါ လိမ့်မယ်။ ဒါပေမယ့်တခုသတိချပ်ရမှာက သူ့ရမှတ်တွေတိုးတက်လာအောင် သင် ကလည်း တနည်းနည်းနဲ့ ကူညီနိုင်တယ်ဆိုတဲ့အချက်ပါပဲ။
ချစ်ခရီးလမ်းကြည်သာဖြောင့်ဖြူးကြပါစေ။


ဘယ်သူရေးထားလဲတော့မသိတော့ပါဘူး။မေးလ်ထဲမှာရှိနေတဲ့အဟောင်းလေး
ကိုပြန်တင်ပေးထားတာပါ။

Monday, July 8, 2013

ဗေဒင်

                         ဗေဒင်

ဗေဒင်ဝါသနာရှင်များအတွက်ပါ။
Image Hosting





BayDin.FM.exe

Saturday, June 8, 2013

လက်သန်းလေးကိုကြည့်ပြီး ဗေဒင်ဟောကြည့်ကြမယ်

  လက်သန်းလေးကိုကြည့်ပြီး ဗေဒင်ဟောကြည့်ကြမယ်

                                      Image Upload

ဒီပို့စ်လေးကတော်တော်လေးကိုကြာနေပြီဗျ ဘယ်သူရေးထားလဲမသိတော့ဘူးဗျ ကျွန်တော်ထင်တာတော့စင်္ကာပူကရောက်မြန်မာနိုင်ငံသားတင်ခဲ့တဲ့ပို့စ်လို့ထင်တာဘဲ
သူ့ပို့စ်အတိုင်းဘဲမူရင်းလေးဘဲပြန်တင်ပေးပါတယ်ဗျ

ကဲ သူငယ်ချင်းတို့ရေ ကိုယ့်လက်ဝါးပြင်ကို မျက်နှာချင်းဆိုင်ထားပြီး လက်သန်းကလေးကို သေချာကြည့်ရအောင်-
သြော်- သတိ- ယောက်ျားလေးဆို "ဘယ်" လက်ကို ကြည့်၊ မိန်းကလေးဆို "ညာ" လက်ကိုကြည့်ရမှာနော်-
လက်သန်းလေးကို ကြည့်တော့ အဆစ် (၃) ဆစ်ပါတာမြင်တွေ့ ကြရမှာပါ-

အဲဒီ အဆစ်ကလေး ၃ ဆစ်ရဲ့ အရှည်အတိုကို ကြည့်ပြီး ဗေဒင်ဟောကြည့်ကြရအောင်။
ပုံ(၁)

Image Hosting Site


ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ ပထမအဆစ်ဟာ အရှည်ဆုံးဖြစ်နေခဲ့မယ်ဆိုရင်- ဒီလို လက်သန်းပိုင်ရှင်ဟာ အချိန်တိုင်းမှာ စွဲဆောင်မှုအားအပြည့်ရှိသူဖြစ်ြ
ပီး၊ အပြောကောင်းသူများဖြစ်တတ်ပါတယ်၊ အကင်းပါးပြီး လူကဲခတ်တော်တာကြောင့် အလွယ်တကူ လူလိမ်မခံရနိုင်ပါဘူး တဲ့။
ပုံ(၂) 

 Image Hosting


ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ ဒုတိယအဆစ်သာ အရှည်ဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်များဟာ သူတပါးကို ဂရုဏာအပြည့်နဲ့ ပြုစုယုယတဲ့တဲ့ပညာကို မွေးရာပါတတ်မြောက်ခဲ့တဲ့သူမျိုးတွေဖြစ်ပါသတဲ့- ဒါ့အပြင် သူတို့ဟာ တဖက်သားကိုလည်း အင်မတန် စိတ်ရှည် သည်းခံတတ်ကြတယ်တဲ့၊ ဒီလို လက်သန်းပိုင်ရှင်မျိုးကို ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ ကျန်းမာရေးဌာန ၀န်ထမ်းများမှာ အတွေ့ ရများတတ်ပါတယ် တဲ့။
ပုံ(၃)

Image Upload


ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ အောက်ဆုံးအဆစ်သာ အရှည်ဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်များကတော့ လွတ်လပ်မှုကို အင်မတန်နှစ်သက်သူများဖြစ်တတ်ကြပြီး၊ လူ့ ဘ၀ရဲ့ အချုပ်အချယ်မရှိ လွတ်လပ်တဲ့ အရသာကို ကောင်းကောင်းကြီးခံစားတတ်သူများဖြစ်ကြပါတယ်တဲ့၊ ဒီလက်သန်းပိုင်ရှင်များဟာ အဟောအပြောပိုင်းဆိုင်ရာမှာ ပါရမီထူးကဲကြပြီး၊ အမှန်တရားကို မြတ်နိုးတန်ဖိုးထားတတ်ကြပါတယ် တဲ့။
ပုံ(၄)

Image Search


ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ အပေါ်ဆုံးအဆစ်ဟာ အတိုဆုံးဖြစ်ခဲ့မယ်ဆိုရင်- ဒီလိုလက်သန်းပိုင်ရှင်တွေကတော့ မွေးရာပါ အရှက်အကြောက်ကြီးသူများဖြစ်တတ်ကြပြီး၊ အရာရာကို ထုတ်ဖေါ်ပြောကြားတတ်ခြင်းမျိုးမရှိပဲ အစဉ်အမြဲ စိတ်ထဲတွင် မြိုသိပ်ထားလေ့ရှိတတ်ကြတယ်(အုံ့ ပုန်းလို့ပြောလို့ရမယ်ထင်ပါတယ်)- ဒီလို လက်သန်းပိုင်ရှင်အများစုကတော့ ကံမကောင်းတတ်ကြပါဘူး တဲ့။
ပုံ(၅)

Image Hosting at ImageHousing.com!


ဒီပုံထဲကလို လက်သန်းလေးရဲ့ ဒုတိယ အဆစ်ကသာ အတိုဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလိုလက်သန်းပိုင်ရှင်မျိုးကတော့ အင်မတန် သစ္စာရှိတတ်သူများဖြစ်တတ်ကြပြီး၊ မာနထောင်လွှားခြင်းကင်းမဲ့ကာ အမြဲနှိမ့်ချဆက်ဆံတတ်ကြတဲ့သူမျိုးဖြစ်ကြတယ်တဲ့၊ နောက်ပြီး သူတို့ ဟာ အင်မတန်လည်း ခေါင်းမာတတ်ကြသောကြောင့် အမှားအမှန်ခွဲခြားနားမလည်နိုင်ပဲ မိုက်ရူးရဲဆန်တတ်ကြပါတယ် တဲ့။ 
ပုံ(၆)
Image Hosting



ကဲ ဒီနောက်ဆုံးပုံလေးထဲကအတိုင်း လက်သန်းရဲ့ အောက်ဆုံးအဆစ်ကသာ အတိုဆုံး ဖြစ်နေခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်မျိုးကတော့ မွေးရာပါ ရိုးလွန်း၊ အေးလွန်း၊ ဖြူစင်တတ်လွန်းသူများဖြစ်ကြပြီး၊ သူတပါးအပေါ်မှာလည်း အင်မတန် အယုံလွယ်လွန်း၊ အကောင်းမြင်တတ်လွန်းသူများဖြစ်ပါတယ်၊ တကယ်တော့ ရိုးလွန်း အေးလွန်းတယ်ဆိုတာ ကောင်းတယ်ဆိုပေမဲ့ ခုခေတ်မှာတော့ ဥပမာ စီးပွါးရေး နယ်ပယ်အနေနဲ့ပြောမယ်ဆိုရင် လူလည်၊ လူလိမ်တွေ ပေါများနေပြီဖြစ်တဲ့အတွက် ရိုးလွန်း၊ အေးလွန်းသူများအတွက်တော့ အလွယ်တကူ အလိမ်ခံရနိုင်ပါကြောင်း..။