= ဗောဓိသတ်၊ ဘုရားအလောင်း၊ ဘုရားဖြစ်မည့် ပုဂ္ဂိုလ်။
ဘုရားလောင်း (၃)မျိုး ရှိသည်။
(၁) = ပညာလွန်ကဲ၍၄-သင်္ချေ နှင့်ကမ္ဘာတစ်သိန်းမျှ
ပါရမီ ဖြည့်ရသော ဘုရားအလောင်း။
(၂) = သဒ္ဓါလွန်ကဲ၍ ၈-သင်္ချေ နှင့် ကမ္ဘာတစ်သိန်းမျှ
ပါရမီ ဖြည့်ရသော ဘုရားအလောင်း။
(၃) = ၀ီရိယလွန်ကဲ၍ ၁၆-သင်္ချေ နှင့် ကမ္ဘာတစ်သိန်းမျှ
ပါရမီ ဖြည့်ရသော ဘုရားအလောင်း။
one destined to brcome a Buddha.
There are three types of
1. , who for four asankheyyas and one hundred thousand aeons, fulfils the practice of Perfection, parami, with Wisdom predominating, ;
2. , who for eight asankheyyas and one hundred thousand aeons, fulfils the practice of Perfection, parami, with Convition, saddha predominating,
; and
3. , who for sixteen asankheyyas and one hundred thousand aeons, fulfils the practice of Perfection, parami, with Endeaviou predominating, .
= တုပ်နှောင်ခြင်း၊ တုပ်နှောင်တတ်သောတရား။
တုပ်နှောင်တတ်သော တရားလေးပါးရှိသည်။
(၁) = သူတစ်ပါး စည်းစိမ်ကို မတရားလိုချင်မှု လောဘ။
(၂) = သူတစ်ပါးကို ပျက်စီးစေလိုမှု ဒေါသ။
(၃) = အကျင့်သီလ၌ အယူမှားမှု ဒိဌိ။
(၄) = ဤအယူသည်သာမှန်၏-ဟု စွဲမြဲစွာယူခြင်း ဒိဌိ။
There are four bonds:
1. Bond of covetousness, i.e.,desiring to possess other's property wrongfully,
2. Bond of ill will; i.e.,wishing to destroy other's ,
3. Bond of wrong view regarding practiceof morality,
4. Bond of wrong view that firmly holds' only this is true,
- ဘီစီ ၆၂၃-ခုနှစ်တွင် ကပ္ပိလ၀တ္ထုမြို့တော်၌ ခမည်းတော် သုဒ္ဓေါဒနမင်း၊ မယ်တော် သီရိမဟာမာယာဒေ၀ီတို့မှဖွားမြင်တော်မူသည်။ သကျသာကီဝင်မင်းမျိုးဖြစ်သည်။
သက်တော် ၁၆-နှစ်တွင် ဒေ၀ဒဟမြို့တော်မှ ဘဒ္ဒကဉ္စနာယသောဓရာဒေ၀ီနှင့် လက်ထပ်၍
ထီးနန်းစည်းစိမ် ခံစားတော်မူသည်။ သက်တော်၂၉-နှစ်တွင် သားတော်ရာဟုလာမွေးဖွားခဲ့သည်။
ထိုနေ့မှာပင် တောထွက်တော်မူခဲ့၍ ဥရုဝေလ တောအုပ်၌ ၆-နှစ်တိုင်တိုင် ဒုက္ကရစရိယာ အကျင့်ကို
ကျင့်ခဲ့သည်။ သက်တော် ၃၅-နှစ်တွင် ဂယာမြို့အနီး ဗောဓိမဏ္ဍိုင်၌ လောကသုံးပါးတွင် အတုမရှိ မြင့်မြတ်သောသဗ္ဗညူဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့သည်။
၄၅-၀ါ ကာလပတ်လုံး တရားတော်များကို လှည့်လည် ဟောကြားတော်မူခဲ့ပြီး သက်တော် ၈၀-အရွယ်တွင်
ကုသိနာရုံ၌ ပရိနိဗ္ဗါန်ပြုတော်မူခဲ့သည်။
ဗုဒ္ဓသည် သတ္တ၀ါများ စီးပွါးချမ်းသာအကျိုးငှါ ပွင့်ပေါ်တော်မူလာခဲ့ခြင်း ဖြစ်သည်။
မြတ်ဗုဒ္ဓကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါသည်။
- The Fully-Enlightened
He has born is Kapilavatthu in 623-B.C. His parents were King Suddhodana and Queen Maha Maya of
Sakyan Clan. At the age of Sixteen, he married Bhaddakancana Yasodhara of Devadaha City and took
the royal throne. At the age of twenty-nine, he got a son and named him Rahula. On the day his son
was born, he renounced the world and wandered about in Uruvela grove, seaching for the ultimate
Truth from various teachers. For six long years he parctised the Dukkaracariya, the difficult practice
which no ordinary person can undertake. At the age of thirth-five, he attained full Enlightened at the
foot of the Bodhi Tree near the town of Gaya. He taught the dhamma for forty-five years of Buddhahood and at the age of eighty, he realized Parinibbana at Kusinara.
For the welfare of all living beings, the Buddha appeared in this world.
I take refuge in the Buddha.
- အရင်းအမြစ်သိအောင် ဖွေရှာစစ်ဆေးတတ်သောဉာဏ်၊
အစိတ်စိတ် စိစစ်၊ စစ်ဆေးတတ်သောဉာဏ်။
ပဋိသမ္ဘိဒါလေးပါးဆိုသည်မှာ_
(၁) အတ္ထပဋိသမ္ဘိဒ္ထါ - အနက်အဓိပ္ပါယ်ကို ထိုးထွင်းသိခြင်း၊ အကျိုးတရားကိုသိခြင်း၊
(၂) ဓမ္မ္ပ္ပပဋိသမ္ဘိဒါ - တရားသဘာဝကို အစိတ်စိတ်ဖွေရှာစိစစ်၍ ပါဠိကိုထိုးထွင်းသိခြင်း၊
အကြောင်းတရားကို သိခြင်း၊
(၃) နိရုတ္တိပဋိသမ္ဘိဒါ - ဘာသာစကားတည်ဆောက်မှု သဒ္ဒါ၊ စည်းကမ်း၊ နည်းလမ်းကို ထိုးထွင်း သိခြင်း၊
(၄) ပဋိဘာန ပဋိသမ္ဘိဒါ - အတ္ထ၊ ဓမ္မ္ပ္ပ၊ နိရုတ္တိပဋိသမ္ဘိဒါ သုံးမျိုးကို အကျယ်ဝေဖန်၍ သိခြင်းတို့ဖြစ်သည်။
- Discriminating knowledge
Analytical insight is of four kinds:
1. Analytical insight into the meaning and consequences of things, attha patisambhida;
2. Analytical insight into the nature of the Doctrine, and the Pali language in which it exists and the
origin of things, dhamma patisambhida;
3. Analytical insight into the language, the grammar and the syntax of the language,
nirutti patisambhida;
4. Analytical insight into the nature of the above three knowledges, patibhana patisambhida.
- ကပ်ကမ္ဘာ Kappa - An age of the world
ကပ်လေးမျိုးရဗိသည်။
(၁) သံဝဋ္ဋကပ် - ပျက်နေသောကမ္ဘာ၊
(၂) သံဝဋ္ဋဌာယီကပ် - အပျက်အတိုင်းတည်နေသောကမ္ဘာ၊
(၃) ၀ိဝဋ္ဋကပ် - ပြန်၍ဖြစ်ပေါ်နေသောကမ္ဘာ၊
(၄) ၀ိဝဋ္ဋဌာယီကပ် - ဖြစ်ပြီးတည်နေဆဲကမ္ဘာ။
- A world circle.
There are four kinds of Kappa;
1. the world in the process of dissolution, samvatta kappa;
2. the world in the state of dissolution, samvattathayi kappa;
3. the world in the process of development, vivatta kappa;
4. the world in the state of development, vivittathayi kappa.
ဝိသုဒ္ဓိခုနစ်ပါးခေါ် စင်ကြယ်သော အဆင့်ခုနစ်ဆင့်မှာ_
(၁) - အကျင့်သီလ၏ စင်ကြယ်ခြင်း၊
(၂) - စိတ်၏ စင်ကြယ်ခြင်း၊
(၃) - အယူ၏ စင်ကြယ်ခြင်း၊
(၄) - ယုံများခြင်းကို လွန်မြောက်ခြင်းဖြင့် စင်ကြယ်ခြင်း၊
(၅) - မဂ်ဟုတ်သည် မဟုတ်သည်ကို ခွဲခြားသိတတ်သောဉာဏ်၏ စင်ကြယ်ခြင်း၊
(၆) - အရိယာမဂ်ကို ရကြောင်း အကျင့် ၉-ပါးဟူသော ဉာဏ်၏ စင်ကြယ်ခြင်း၊
(၇) - မဂ်ဉာဏ်လေးပါး၏ စင်ကြယ်ခြင်း _ တို့ဖြစ်ပါသည်။
The seven stages of purity are:-
1. Purity of morality, ;
2. Purity of mind, ;
3. Purity of views, ;
4. Purity of transcending doubt, ;
5. Purity of knowledge and Insight into what is the right path and what is not, ;
6. Purity of knowledge and Insight htat discerns the method, by which is meant the nine kinds of knowledge leading to the attainment of Ariya Magga, ; and
7. Purity of knowledge and Insight into the four Ariya Truths, .
ကိလေသာ(၂)မျိုး, (၃)မျိုး, (၁၇)မျိုးစသည်ဖြင့် အမျိုးမျိုးရှိသည့်အနက် ကိလေသာ (၁၀) မျိုးမှာ_
(၁) - လိုချင်တပ်မက်ခြင်း၊
(၂) - အမျက်ထွက်ခြင်း၊
(၃) - တွေဝေခြင်း၊
(၄) - ထောင်လွှားခြင်း၊
(၅) - အယူမှားခြင်း၊
(၆) - ယုံမှားခြင်း၊ မဆုံးဖြတ်နိုင်ခြင်း၊
(၇) - ထိုင်းမှိုင်းခြင်း၊
(၈) - မတည်ငြိမ်၊ ပျံ့လွင့်ခြင်း၊
(၉) - မကောင်းမှုပြုလုပ်ရမည်ကို မရှက်ခြင်း၊
(၁၀) - မကောင်းမှုပြုရမည်ကို မကြောက်ရွံ့ခြင်း _ တို့ဖြစ်သည်။
Ten kinds of mind-defiling factors have been enumerated as:
1. greed,
2. hatred,
3. bewilderment,
4. conceit,
5. wrong view,
6. doubt,
7. mental torpor,
8. restlessness,
9. shamelessness ( to do evil ), and
10. not fearing ( to do evil ), .
သေရည်သေရက်၊ ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ၊ ကုတ်ကင်း၊ ဆေးခြောက်၊ ဘိန်းဖြူ စသော မူးယစ်စေတတ်သောမည်သည့်ပစ္စည်းတို့ကိုမဆို သောက်စားသုံးစွဲမှုမျိုးကို သုရာမေရယ ဟုခေါ်သည်။ ထိုအရာများကို သောက်စားသုံးစွဲခြင်းသည် ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သည်။
ဤသေရည်သေရက် စသည်များကိုသောက်သောသူသည် မူးယစ်မှုအားကြီးလာသောအခါ
အချင်းချင်းကိုဖြစ်စေ အခြားသူကိုဖြစ်စေ ရိုက်မှု၊ သတ်မှု၊ ခိုးမှု၊ လိမ်ညာမှု၊ အိမ်ရာပြစ်မှားမှု
စသည်များ ဆက်လက်ကျူးလွန်မိတတ်သည်။ ဤသူသည် ဤဘ၀မှာပင် အသက်ဆုံးရှုံးရသည်အထိ
ဆိုးကျိုးများဖြစ်စေပြီး သေသောအခါဝယ် ငရဲ၌ကျရောက်တတ်သည်။
ဖြစ်လေရာဘ၀တိုင်းမှာအောက်ပါဆိုးကျိုးများ ခံစားရတတ်သည်။
(၁)
(၂)
(၃)
(၄)
(၅)
(၆)
(၇)
Taking intoxicants and narcotic drugs such as alcohol, hashish, cocaine, marijuana, heroin and
the like result in forgetfulness to do deeds of merit and excessive use can lead ot the committing of
wrongful assault, murder, lying, adultery, etc.The consequences of using intoxicants and narcotic can
be fatal, cause one to be reborn in the four woeful states and suffer from the following evil consequences in successive existences:
1.
2.
3.
4.
5.
6. and
7.
နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ကိုယ်လက်လှုပ်ပြ၍ဖြစ်စေ၊ သူတစ်ပါးအကျိုး ပျက်စီးအောင် မဟုတ်မမှန် လိမ်ညာလျှင် မုသာဝါဒ ဖြစ်သည်။
သူတစ်ပါးအကျိုးစီးပွါး အနည်းငယ်ပျက်စီးလျှင် အပြစ်ငယ်၏ ၊ များစွာပျက်စီးလျှင် အပြစ်ကြီး၏ ။
(၁)
(၂)
(၃)
(၄)_
ဟူသာ ဤအင်္ဂါ - ၄ - ပါးနှင့်ညီက ကံမြောက်သည်။ သေလျှင်အပါယ်ဘုံ၌ ဆင်းရဲစွာခံစားရမည်။ လူလာဖြစ်သော်မှ အောက်ပါဆိုးကျိုးများ ခံစားရမည်။
(၁)
(၂)
(၃)
(၄)
(၅)
(၇)
(၈)
(၉)
Telling lies with malicious intent is musavada.The gravity of that offence corresponds to the amount of harm done.
There are four factors which make this offence complete;
1.
2.
3. and
4.
The liar will have to suffer in the four miserable realms, apaya, at the time of his death.If he
were to be reborn in the human world he will be afflicted with the following;
1.
2.
3.
4.
5.
6.
7.
8. and
9.
ယောက်ျားအနေဖြင့် မိမိဇနီးမယားမှတပါး ကျန်မိန်းမများနှင့် ကျူးလွန်ဖောက်ပြားခြင်းသည်လည်းကောင်း၊
မိန်းမများအနေဖြင့်လည်း မိမိ၏ခင်ပွန်းမှတပါး အခြားယောက်ျားများနှင့် ဖောက်ပြားခြင်းသည်လည်းကောင်း အလွန်
အပြစ်ကြီးလေးသော ကာမေသုမိစ္ဆာစာရ ဖြစ်သည်။
ကာမေသုမိစ္ဆာစာရ ကျူးလွန်က အောက်ပါဆိုးကျိုးများ ကြံတွေ့ရမည်။
(၁)
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
A man having sex with a woman other than his wife, or a woman having sex with another
man other than her husband is sexual misconduct, kamesumicchacaya, wich is, a heinous crime. The
wages of committing sexual misconduct are:
1. being reborn in the four miserable existences, apaya;
2. being reborn as a woman or as a sexual pervert;
3. having to face enemies;
4. being hated by many;
5. having difficulty in obtaining the three basic needs of food, cloting and shelter;
6. having difficulty in getting a good night's rest;
7. having a bad temper;
8. inability to acquire Supramundane knowledge;
9. dissolution of wealth and property;
10. inability to gain others confidence;
11. meeting with danger;
12. being doubted by others;
13. having to stay apart from loved ones;
14. dying young; and
15. having to suffer great hardship.
ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ပိုင်ရှင်ကမပေးအပ်သော ဥစ္စာကို ခိုးယူခြင်း၊ ဓါးပြတိုက်ယူခြင်း၊ လိမ်ညာယူခြင်း၊ လှည့်ပတ်ယူခြင်း၊၊ အရောင်းအ၀ယ်ပြုလုပ်ရာ၌ အလေး၊
တင်းတောင်း၊ ချိန်ခွင်စသည်ဖြင့် မမှန်မကန်ပြုခြင်း၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်း စသည်ဖြင့်
မရိုးမသား မတရားပြုလုပ်၍ယူခြင်း၊ မှန်သမျှသည် အဒိန္နာဒါနဖြစ်သည်။
အပြစ်ကြီးမှု၊ ငယ်မှုသည် ဥစ္စာရှင်၏ ဂိုဏ်သိက္ခာကို လိုက်၍လည်းကောင်း၊ ဥစ္စာတန်ဖိုး အနည်းအများကို
လိုက်၍လည်းကောင်း ခြားနား၏ ။ အဒိန္နာဒါနပြုသူသည် အောက်ပါဆိုးကျိုးများကို ခံစားရတတ်သည်။
(၁) အလွန်ဆင်းရဲမွဲတေခြင်း၊
(၂) မနားမနေပင်ပန်းကြီးစွာ အလုပ်လုပ်ရခြင်း၊
(၃) ငတ်မွတ်ခြင်း၊ အစာရေစာ ရှားပါးခြင်း၊
(၄) လိုရာဆန္ဒနှင့် မပြည့်စုံခြင်း၊
(၅) စီးပွါးပျက်ခြင်း၊
(၆) ရန်သူမျိုးငါးပါး ဘေးဒဏ်နှင့်ကြုံရခြင်း။
လင်္ကာ။ ။ အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊
မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊
ရှောင်ခါ အပြန်အကျိုးတည်း။
ကဗျာ။ ။ သူ့ဥစ္စာကို သိလျက်သားနဲ့၊
လောဘစိတ်ထား ခိုးယူလို။
လုံ့လပြုကာ ခိုးယူမက၊
အဒိန္နာဒါန အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လဲ ဥစ္စာမွဲ ဆင်းရဲဖြစ်တိုင်းကိုယ်။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
Taking what is not given by open action or erpress order.
Taking what has not been given willingly by word, deed or in writing, but obtaining it through
stealing, by threat or use of force, taking something which should rightfully belong to another in
transactions throught the practice of artifice, deception, shortchanging or adulteration amounts to
theft.The gravity of the offense will vary according to the morality and conduct ot the owner and
the value involved.Committing the offense of theft results in being consigned to the woeful states and
to suffer the following evil consequences in successive existences:
1. dire poverty;
2. need to work incessantly;
3. hunger and starvation;
4. wishes being unfulfilled;
5. loss or fortunes;
6. destruction at the hands of the five enemies.
သေစေလိုသောစိတ်ဖြင့် မည်သည့်သတ္တ၀ါ၏ အသက်ကိုမဆို သတ်ဖြတ်ခြင်းသည် ပါဏာတိပါတဖြစ်သည်။ သတ္တ၀ါအကြီးအငယ်ကို လိုက်၍လည်းကောင်း၊ သတ္တ၀ါ၏အကျင့်သီလ၊
ဂုဏ်သိက္ခာကိုလိုက်၍ လည်းကောင်း အပြစ်ကြီးငယ်ခြားနား၏ ။
ခန္ဓာကိုယ်နှင့်သီလစသောဂုဏ်တို့ တူညီရာ၌ စေတနာ, လုံ့လ အားနည်းလျှင် အပြစ်နည်း၏ ။
အားကြီးလျှင် အပြစ်ကြီး၏ ။
Panatipata - Killing a living being
Killing of any living being with intent means a breach of the precept against killing, but the offence may be greater or lesser for the perpetrator according to the size and morality of the victim.
Furthermore, these factors being equal, gravity of the offence will be determined by the killer motive.
ပါဏာတိပါတပြုသူသည် အောက်ပါအကျိုးများကို ခံစားရသည်။
(၁) ကိုယ်အင်္ဂါချို့တဲ့တတ်ခြင်း၊
(၂) အရုပ်ဆိုးခြင်း၊
(၃) အားအင်ချိနဲ့ခြင်း၊
(၄) လျင်မြန်ဖျတ်လတ်မှုမရှိခြင်း၊
(၅) ဘေးရန်နှင့်တွေ့က ကြောက်ရွံ့လွယ်ခြင်း၊
(၆) သူများသတ်၍သေရခြင်း၊ မိမိကိုယ်ကို မိမိသတ်၍လည်း သေရခြင်း၊
(၇) အနာရောဂါများခြင်း၊
(၈) ခြွေရံပျက်ဆီးခြင်း၊
(၉) အသတ်တိုခြင်း။
လင်္ကာ။ ။ ပါဏာတိပတ်၊သူ့သတ်သတ်က၊ချို့တဲ့အင်္ဂါ၊မွဲပြာရုပ်သွင်၊ အားအင်ယိုယွင်း၊လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်တတ်၊ အသတ်ခံရာ၊အနာများလျက်၊ ခြွေရံပျက်၍၊
အသက်တိုလျ၊ ပြစ်များစွာသည်၊ ရှောင်က အပြန်အကျိုးတည်း။
ကဗျာ။ ။ သူ့အသက်ကို သိလျက်သားနဲ့၊
ဒေါသစိတ်ထား သေစေလို။
လုံ့လပြုကာ သေအောင်သတ်က၊
ပါဏာတိပတ် အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လဲ ရောဂါစွဲ ဆင်းရဲအသက်တို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
မဂ္ဂင်ရှစ်ပါး မြတ်တရား [The Ariya Path of Eight Constituents]
မဂ္ဂင်ရှစ်ပါးဆိုသည်မှာ မှန်စွာသိမှု၊ မှန်စွာကြံစည်မှု၊ မှန်စွာပြောဆိုမှု၊ မှန်စွာပြုလုပ်မှု၊ မှန်စွာအသက်မွေးမှု၊
မှန်စွာအားထုတ်မှု၊ မှန်စွာအောက်မေ့အမှတ်ရမှု၊ မှန်စွာတည်ကြည်မှု _ တို့ဖြစ်သည်။
The Ariya Path of Eight Constituents; the middle way.
The eight of constituents of the Ariya Path are;
1. Right Understanding,
2. Right Thinking,
3. Right Speech,
4. Right Action,
5. Right Livelihood,
6. Right Effort,
7. Right Mindfulness, and
8. Right Concentration.
The Ariya Path is the practice that leads to the end of suffering, Dukkha.
သမ္မာဒိဌိ - Right Understanding
သမ္မာဒိဌိ - မှန်ကန်သောအမြင်, မှန်ကန်သောအယူ၊ ကောင်းသောအမြင်, ကောင်းသောအယူ။
ကံ, ကံ၏ အကျိုးကိုယုံကြည်ခြင်း၊ သစ္စာလေးပါးကိုသိမြင်ခြင်းသည် သမ္မာဒိဌိ မည်၏ ။
Right Understanding
Right view means a firm belief in kamma, i.e,
ones action and the result thereof. It also means comprehending the four Ariya Truths.
သမ္မာသင်္ကပ္ပ - Right Thinking
သမ္မာသင်္ကပ္ပ - မှန်ကန်သော အကြံအစည်၊ ကောင်းစွာကြံစည်မှု။
နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတ်နှင့်၊ အ၀ိဟိံသာဝိတက် တို့သည် သမ္မာသင်္ကပ္ပ မည်၏ ။
Right Thinking
Right Thinking means thinking about renouncing the world, and thoughts free ill will and cruelty.
သမ္မာဝါစာ - Right Speech
သမ္မာဝါစာ - ကောင်းစွာ စကားဆိုခြင်း၊ မှန်ကန်သောစကားကိုဆိုခြင်း။
ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြည်ခြင်းသည် သမ္မာဝါစာ မည်၏ ။
Right Speech
Right Speech consists in refraining from the four kinds of evil speech.
သမ္မာကမ္မန္တ- Right Action
သမ္မာကမ္မန္တ- မှန်ကန်သော အလုပ်၊ ကောင်းစွာပြုလုပ်မှု။
ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြည်ခြင်းသည် သမ္မာကမ္မန္တမည်၏ ။
Right Action
Right Action consists of abstaining from the three demeritorious bodily actions,ie., killing
living beings, taking that which is not given, and sexual misconduct.
သမ္မာအာဇီဝ - Right Livelihood
သမ္မာအာဇီဝ - မှန်ကန်သော အသက်မွေးခြင်း၊ ကောင်းစွာအသက်မွေးခြင်း။
ကာယဒုစရိုက် ၃-ပါး၊ ၀စီဒုစရိုက် ၄-ပါးတို့နှင့် ကင်းလွတ်၍ မည်သူကိုမျှ ထိခိုက်နစ်နာစေမှု
မရှိသောအသက်မွေးမှုသည် သမ္မာအာဇီဝ မည်၏ ။
Right Livelihood
Right Livelihood means earning a living that in no way harms anybody, and in ways that
are free from the three kinds of physical misdeed and the four kinds of evil speech.
သမ္မာဝါယာမ - Right Effort
သမ္မာဝါယာမ - မှန်ကန်သော အားထုတ်ခြင်းလုံ့လ၊ ကောင်းစွာအားထုတ်မှု။
ဖြစ်ပြီးသော အကုသိုလ်တရားတို့ကိုပယ်နိုင်အောင် ကြိုးစားအားထုတ်ခြင်း၊မဖြစ်သေးသော
အကုသိုလ်တရားတို့ကို မဖြစ်အောင် ကြိုးစားအားထုတ်ခြင်း၊ မဖြစ်သေးသောကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာအောင်
ကြိုးစားအားထုတ်ခြင်း၊ ဖြစ်ပြီးသောကုသိုလ်တရားတို့ကို တိုးတက်များပြားလာအောင် ကြိုးစားအားထုတ်ခြင်းဟူသော
သမ္မပ္ပဓာန်လေးပါးနှင့် အညီကြိုးစားအားထုတ်ခြင်းသည် သမ္မာဝါယာမ ဖြစ်သည်။
Right Effort
Right Effort consists in striving to discard whatever demerit that has accrued to oneself and
to stave off whatever demerit that has not arisen in oneself, as well as in striving to earn whatever
merit that has not accrued to oneself and to enhance whatever merit that has already arisen in oneself.
သမ္မာသတိ - Right Mindfulness
သမ္မာသတိ - မှန်ကန်သော အောက်မေ့အမှတ်ရခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း။
ကုသိုလ်တရားတို့၌ ကောင်းစွာ အောက်မေ့သတိရခြင်းသည် သမ္မာသတိ မည်၏ ။
Right Mindfulness
Right Mindfulness means being never forgetful about doing good things nthat are meritorious.
သမ္မာသမာဓိ - Right Concentration
သမ္မာသမာဓိ - မှန်ကန်သော တည်ကြည်ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း။
Right Concentration
Right Concentration consists of concentration of one's thought on a single object.