အောင်မြင်
ရတနာ သုံးပါး ၏အဓိပ္ပါယ်၊ ဗုဒ္ဓ၀င် ၊ နှိုးဆော်အကြံပေးချက်၊ နေ့ထူးနေ့မြတ် ၊ လူတို့၏ ကျင့်ဝတ်များ၊ ဗဟုသုတ ၊ နည်းပညာနှင့် solfware ၊ ကဗျာ နှင့် ဗေဒင်
Friday, October 18, 2013
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့(သီတင်းကျွတ်လ)
မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိ ဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး တရားစစ်သူကြီး ရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန် တည်းမှာ ဟောကြား သင်ပြ တော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်း ခဲ့တဲ့ အထိမ်း အမှတ် အနေနဲ့ နက်ဖြန် မနက်မှာ ကျရောက် မယ့် သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။
အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ၀ါတွင်း သုံးလ ပတ်လုံး မရပ်မနား ဟော ကြားမှ ပြီးပြည့်စုံ အောင် ဟောကြား နိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တထိုင် တည်း တနေရာတည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟော ကြား ရတာ ဖြစ်ပြီး လူသား ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကတော့ လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စပ္ပါယ်ရင်း တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော် မူပါတယ်။ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးက တဆင့် တခြား သာဝက ငါးရာကို မကျဉ်း မကျယ် ပြန်လည် ဟောပြ သင်ကြား ပေးခဲ့ ပါတယ်။ ဒီအထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော် နေ့ လို့ ခေါ်ဆိုခြင်း ဖြစ်ပါသည်။ သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပ လေ့ ရှိတဲ့ ပွဲများ ကတော့
။ ။ပ၀ါရဏာရဲ့ အဓိပ္ပာယ်မှာဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း တို့ ဖြစ်လေသည်။ သာသနာ့ဝန်ဆောင် ရဟန်းတော် များဟာ ၀ါကျွတ်တာနဲ့ သီတင်းကျွတ် လပြည့်နေ့မှာ “အရှင် ဘုရားတို့။ တပည့်တော်သည် သံဃာကို ဖိတ်ကြား ပါဧ။်။ တပည့်တော် ဧ။် အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော် လည်းကောင်း၊ သံသယ ရှိလျှင် သော်လည်း ကောင်း တပည့်တော်အား သနားသော အားဖြင့် ပြောဆို သတိ ပေးကြပါ။ အပြစ်ကို ကုစား ပါ မည်" ဟု ဖိတ်ကြား တိုက်တွန်း ပြီး ရဟန်းများက မိမိရဲ့ အပြစ်များကို အခြား တစ်ပါး ထံမှာ မိမိ ရဲ့ သဘောဆန္ဒ အလျောက် ဖွင့်ဟ ပြောဆိုပြီး ၀န်ချ တောင်းပန် ကြသလို သာသနာတော် သန့်ရှင်း တိုးတက် ရေးအတွက် အပြုသဘော ဆောင်ပြီး ဝေဖန် သုံးသပ် ကြသည့် ပွဲလဲ ဖြစ် ပေသည်။ အလွန်ပင် ဒီမိုကရေစီ နည်းလမ်း ကျန စည်းစနစ် ကောင်းလှသော ပွဲပါပေ။
။ ။သီတင်းကျွတ် လပြည့်နေ့ ညနေမှာ နတ်ပြည် ကနေ လူ့ပြည်ကို ဆင်းအ လာ လပြည့်ဝန်း နဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရတဲ့ မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်တဲ့ အနေနဲ့ ဆီမီးများနဲ့ ပူဇော် ကြတဲ့ အထိမ်းအမှတ် အနေနဲ့ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင့်မိုရ်ပွဲများ ပြုလုပ် ကြပါသည်။ ပုဂံမြို့ မြင်းကပါ ဂူပြောက်ကြီး ဘုရားက ပန်းချီ ကား တွင် ဗုဒ္ဓ မြတ်စွာ ဘုရား တာဝတိံသာမှ သင်္ကသနဂိုရ်ပြည်သို့ သက်ဆင်းပုံ ပန်းချီကို တွေ့ရသည့် အတွက် မီးမြင့်မိုရ်ပွဲကို ပုဂံခေတ် တည်းက ကျင်းပခဲ့သည်ဟု ယူဆ နိုင်ပေသည်။
ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီး ပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများ စသည်တို့ ကိုလည်း မြန်မာနိုင်ငံ တ၀ှမ်း ကျင်းပလေ့ ရှိကြ သည်မှာ ယနေ့တိုင် ဖြစ်လေသည်။
သီတင်းကျွတ် လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဍာန် နက္ခတ် ထွန်းပ လေသည်။ ထိုမျှ မက ၁၂လ ရာသီတွင် နေ့တာနဲ့ ညတာ တူညီသော တခုတည်းသော လလဲ ဖြစ်လေသည်။ ထို့ကြောင့် ကင်းဝန် မင်းကြီးက ဟု ဖွဲ့ဆို ခဲ့လေသည်။
ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။
သီတင်းကျွတ်လ သည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမ မြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီကြယ် နှင့် လမင်း တို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology) သဘောအရလူ့ယဉ်ကျေးမှုသမိုင်း ကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသောမိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမား တို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။ မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဗုဒ္ဓသာသနာတော်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့်တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့် သက်ဝင်ယုံကြည်ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သော အခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြသည်။
ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည်ဟု ပြောဆိုနိုင်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကျင်းပသည့် သီတင်းကျွတ်လ မီးထွန်းပွဲတော်အစဉ်အလာများသည် ယင်းမှတစ်ဆင့် ကူးစပ်ဆင့်ပွားလာခြင်း ကြောင့် ဖြစ်ပါသည်။ ယင်းခေတ်အခါနှင့် ယခုခေတ်အခါတို့မတူသော်ငြားလည်း ရည်ရွယ်ချက်များ တူညီနိုင် ကြမည်ပင်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။ သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည်။
ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာများက ဆိုကြပါသည်။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ဆွမ်းပန်းရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြ သည်။ ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံ လုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည်ဟု မှတ်သားရပါသည်။
ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ၊ နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြသည့် ဓလေ့များကိုလည်း တွေ့မြင်ကြရပါသည်။
ထို့အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော၊ မာန်မာနကို နှိမ့်ချတတ်သောသဘော၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက်ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာအစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ အစ်ကို၊ အစ်မများ ညီငယ်ညီမငယ်များအားလုံးတို့သည်လည်း လောကသာရ ရခိုင်သူမြတ် ရေးသည့် ဆုံးမစာအတိုင်း `ကောင်းသောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေဟု ဤစာ၏ နိဒါန်းအချီ အနေဖြင့် ဆုတောင်း ဆန္ဒပြုလိုက်ပါသည်။
မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ တွင် မိခင်မာယာဒေ၀ီ မှ ဖွားမြင်တော်မူခဲ့ပါသည်။ ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာ နှင့် ထိမ်းမြား လက်ထပ်တော်မူခဲ့ပါသည်။ အသက် (၂၉)နှစ်မှာ သားတော် ရာဟုလာ ကို ဖွားမြင်သော ညမှာပင် ကာမဂုဏ်၏ အပြစ်တို့ကိုတွေ့ပြီး ငြီးငွေ့တော်မူသဖြင့် နန်းစည်စိမ် နှင့်တကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလတော ကို ၀င်ခဲ့ပါသည်။ ဥရုဝေလမှာ ပင်ပန်းဆင်းရဲသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါသည်။ ဘုရားအလောင်းတော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော် အတွက် မည်သို့မျှ အထောက်အကူ မပြုသော ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော် တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါသည်။ ဘုရားဖြစ်ပြီးနောက်-
(၁)။ ။ဘုရားဖြစ်သော ဗောဓိပင်ရင်းနေရာ (ပလ္လင်)ထက်တွင် ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ၀ိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်းချမ်းသာ) ကို ခံစားလျှက် သီတင်းသုံးတော်မူခဲ့ပါသည်။
(၂)။ ။ဗောဓိပင်၏အနီး အရှေ့မြောက်အရပ် တည့်တည့် (၁၄)လံအကွာ နေရာမှာ ကဆုန်လပြည့် ကျော် (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ (၇)ရက် ထပ်မံ သီတင်းသုံးတော်မူခဲ့ပါသည်။ ငါသည် ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ်(၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှု ၀မ်းမြောက်နေတော်မူခဲ့ပါသည်။ (အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ= မျက်စိမမှိတ်ပဲ)
(၃)။ ။ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်နေ့အထိ(၇)ရက်တွင်
ဗောဓိပင်ပလ္လင်နဲ့ အနိမိသ သတ္တာဟ အကြား စင်္ကြံလျှောက်တော်မူကာ (၇)ရက်
ထပ်မံသီတင်းသုံးတော်မူခဲ့ပါသည်။ ယင်းနေရာမှာ နတ်တို့က “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည်၊ ဘုရားစင်စစ်မဖြစ်သေး”ဟု ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူခဲ့ပါသည်။ စင်္ကြံ ကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ၀င်စားသောကြောင့် စင်္ကမ သတ္တာဟ ဟုခေါ်ပါသည်။
(၄)။ ။ဗောဓိပင်၏ အနောက်မြောက် (၁၀)လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာ ရွှေအိမ်ထက်၌ နယုန်လဆန်း (၇) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူပါသည်။ အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။ နောက်ဆုံး ပဋ္ဌာန်းဒေသနာ တော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူး ထွက်ပေါ်လာခဲ့ပါသည်။
(၅)။ ။ဒီနေရာကို ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင်လို့ ဆိုပါတယ်။ ဗောဓိပင်ရဲ. အရှေ.ဘက် (၃၂)လံ အကွာမှာ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက် သီတင်းသုံးတော် မူပါတယ်။ ဒီနေရာမှာပဲ မာရ်နတ်ရဲ. သမီး (၃) ယောက် ဖြစ်တဲ့ (တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေးမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။
(၆)။ ။ဗောဓိပင်၏ အရှေ.တောင်ဘက် (၁၅)လံ အကွာ၊ မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့ထိ (၇)ရက် သီတင်းသုံးတော် မူခဲ့ပါသည်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်းသည် တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်သော်လည်း သူ၏ပကတိ ကိုယ်တော်နှင့်သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါသည်။
(၇)။ ။ဗောဓိပင်၏ တောင်ဘက် (၄၀)လံ အကွာ လင်းလွန်းပင်ရင်းမှာ နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း (၄)ရက်နေ့ အထိ (၇)ရက် ပတ်လုံး ဖလသမာပတ် ၀င်စားပါတယ်။(၇) ရက်ပြည့်တဲ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ်နေချိန်မှာ ရာမညတိုင်း၊ ဥက္ကလာဇနပုဒ်၊ ပေါက္ကရ၀တ္တီဇနပုဒ်မှ ကုန်သည်ညီနောင် တဖုဿ၊ ဘလ္လိက တို့က ဘုရားရှင်ကို မုန့်ကျစ်ဆုပ် ဆပ်ကပ်ခဲ့ပါသည်။ ယင်းကုန်သည်ညီနောင်ကို သံဃာမရှိသေးသည့်ကာလဖြစ်သည့် အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါးကိုသာချီးမြှောက်ခဲ့ပါသည်။ ဆံတော် (၈)ဆူ စွန့်တော်မူပါတယ်။ ယင်းဆံတော်တို့ကို သူတို့၏အရပ်ပြန်ရောက်သောအခါ စေတီထဲမှာ ဌာပနာပြုခဲ့ကြောင်း မှတ်သားရပါသည်။
ဗုဒ္ဓစာပေများအရ မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန် မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါ တို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါ ကို ဝေသာလီပြည်၊ ဆဋ္ဌမ၀ါ ကို မကုဠတောင် စသော နေရာဌာနများမှာ ၀ါကပ်တော်မူခဲ့ပါသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သား ကို အမှူးထားကာ တာဝတိံတာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာတော် ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။ မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ ဟုလည်း ရှေးလူကြီးသူမများ ပြောဆိုရေးသားခဲ့ကြပါသည်။
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - မှာ
၁။ ကို (၁၂) ရက်
၂။ ကို (၁၂) ရက်
၃။ ကို (၆) ရက်
၎။ ကို (၇) ရက်
၅။ ကို (၈) ရက်
၆။ ကို (၂၀) ရက်
၇။ ကို (၂၅) ရက်ဟောတော်မူခဲ့ပါတယ်။
အဘိဓမ္မာတရား ဒေသနာတော်ကို နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။
(၁) (အကျယ်နည်း)
ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။
(၂) (အကျဉ်းနည်း)
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူပါတယ်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။
(၃) (မကျဉ်းမကျယ်နည်း)
အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသောအဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရား ထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့ ပါသည်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ်သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ လက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။
တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါသည်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရားဆုကို တောင်းကြပါသည်။ ထို့အတွက်ကြောင့် ဟုခေါ်ဆိုထိုက်ပါသည်။
သီတင်းကျွတ်လပြည့်နေ့တွင် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့အထိဝါဆိုကြသည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြပါသည်။
အချုပ်အားဖြင့်ဆိုရသော်
သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွ ကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆု ပန်သောနေ့ စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ် ပင် ဖြစ်ပါသည်။
ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံး သတိပဋ္ဌာန်တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြသဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ အမြိုက်နိဗ္ဗာန်ကို ရနိုင်ကြပါစေဟု ဆုတောင်းပြီး ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။
Wednesday, October 16, 2013
ဗောဓိသတ္တ = ဘုရားဖြစ်မည့် ပုဂ္ဂိုလ်။
= ဗောဓိသတ်၊ ဘုရားအလောင်း၊ ဘုရားဖြစ်မည့် ပုဂ္ဂိုလ်။
ဘုရားလောင်း (၃)မျိုး ရှိသည်။
(၁) = ပညာလွန်ကဲ၍၄-သင်္ချေ နှင့်ကမ္ဘာတစ်သိန်းမျှ
ပါရမီ ဖြည့်ရသော ဘုရားအလောင်း။
(၂) = သဒ္ဓါလွန်ကဲ၍ ၈-သင်္ချေ နှင့် ကမ္ဘာတစ်သိန်းမျှ
ပါရမီ ဖြည့်ရသော ဘုရားအလောင်း။
(၃) = ၀ီရိယလွန်ကဲ၍ ၁၆-သင်္ချေ နှင့် ကမ္ဘာတစ်သိန်းမျှ
ပါရမီ ဖြည့်ရသော ဘုရားအလောင်း။
one destined to brcome a Buddha.
There are three types of
1. , who for four asankheyyas and one hundred thousand aeons, fulfils the practice of Perfection, parami, with Wisdom predominating, ;
2. , who for eight asankheyyas and one hundred thousand aeons, fulfils the practice of Perfection, parami, with Convition, saddha predominating,
; and
3. , who for sixteen asankheyyas and one hundred thousand aeons, fulfils the practice of Perfection, parami, with Endeaviou predominating, .
ဂန္တ = တုပ်နှောင်ခြင်း
= တုပ်နှောင်ခြင်း၊ တုပ်နှောင်တတ်သောတရား။
တုပ်နှောင်တတ်သော တရားလေးပါးရှိသည်။
(၁) = သူတစ်ပါး စည်းစိမ်ကို မတရားလိုချင်မှု လောဘ။
(၂) = သူတစ်ပါးကို ပျက်စီးစေလိုမှု ဒေါသ။
(၃) = အကျင့်သီလ၌ အယူမှားမှု ဒိဌိ။
(၄) = ဤအယူသည်သာမှန်၏-ဟု စွဲမြဲစွာယူခြင်း ဒိဌိ။
There are four bonds:
1. Bond of covetousness, i.e.,desiring to possess other's property wrongfully,
2. Bond of ill will; i.e.,wishing to destroy other's ,
3. Bond of wrong view regarding practiceof morality,
4. Bond of wrong view that firmly holds' only this is true,
Sunday, October 6, 2013
ပအိုဝ်း တိုင်းရင်းသားပေါက်ဖွားလာပုံ
ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိကိုယ်ကို နဂါးအမျိုးအနွယ်မှ ပေါက်ဖွားလာသည်ဟု ယူဆကြ၏။ မိခင်မှာ နဂါးမ ဖြစ်ပြီး ဖခင်မှာ ဇော်ဂျီ ဟုယူဆကြသည်။ သက်ကြီးရွယ်အိုများကလည်း မိမိတို့မှာ နဂါးမျိုးနွယ်ဖြစ်ကြောင်းနှ
ပအိုဝ်းပေါက်ဖွားလာပုံ ဒဏ္ဍာရီလေးမှာ-
သက်ကရာဇ် ၄၀၀ ခန့်လောက်တွင် တိုင်းပြည်တစ်ပြည်မှ မင်းနှင့်မိဖုရားတွင် သားတော်နှစ်ပါးထွန်းကား၏။ သားတော်နှစ်ပါးစလုံးမှာ သူတော်ကောင်း စိတ်ဓါတ်များရှိကြသည်။ ထို့ကြောင့် အရွယ်ရောက်လာသောအခါ ခမည်းတော် မယ်တော်ထံ ခွင့်တောင်းပြီး ရသေ့ဝတ်လဲကာ တောထွက်သွားကြ၏။
တစ်နေ့သောအခါ နဂါးမသည် လူ့ပြည်သို့ ရောက်ရှိခဲ့ရာ လူယောင်ဖန်ဆင်းပြီး တောထဲတွင် လှည့်လည်နေထိုင်ရင်း ဟေမ၀န်၏ စိမ်းစိုသာယာမှုကြောင့် ထိုတောထဲတွင် နေထိုင်လိုသော စိတ်ဖြစ်ပေါ်လာ၏။ မိန်းမဖန်ဆင်းပြီး တောထဲတွင် လှည့်လည်ခဲ့ရာ နတ်ရေးသောဖူးစာကြောင့် လေလားမသိ ဇော်ဂျီနှင့် ဖူးစာဆုံလေတော့၏။ ဇော်ဂျီသည် ထိုအမျိုးသမီးကို နဂါးမှန်း မသိချေ။ ထို့ကြောင့် နှစ်နှစ်ကာကာ ပေါင်းသင်းနေထိုင်ခဲ့ရာ နဂါးမတွင် ကိုယ်ဝန်ရှိလာခဲ့သည်။
ကိုးလလွယ်ပြီး ဆယ်လသို့ရောက်သောအခါ နဂါးမသည် ဥနှစ်လုံးကို ဖွားသန့်စင်ခဲ့သည်။ ထိုဥနှစ်လုံးသည် အရွယ်အစားတူညီပြီး အလွန်လှပလေသည်။
ထိုသို့ မိမိမိန်းမက ဥနှစ်လုံးဖွားမြင်သည်ကို ဇော်ဂျီက သိရှိသောအခါ “အလို ငါ့ အိမ်သူမသည် လူသားစင်စစ် မဟုတ်၊ မြွေမျိုး နဂါးမျိုးပါကလား” ဟု ညည်းညူလေ၏။ ထို့နောက် စိတ်ပျက်အားငယ်ပြီး ထွက်ပြေးရန် ကြံစည်လေတော့သည်။ ထို့ကြောင့် နဂါးမကို ချိုသာသော စကားပရိယာယ်ဖြင့် ကလေးများအတွက် ဆေးရှာထွက်ခွင့်ပေးရန် ခွင့်တောင်းလေသည်။ မိမိ၏ မိန်းမနဂါးမ မျက်ကွယ်သို့ရောက်သောအခါ ကောင်းကင်သို့ဆန်လျက် ပျံတက်သွားလေသည်။
သုံးလေးရက်ခန့် ကြာသောအခါ နဂါးမသည် မိမိ၏ လင်တော်မောင် ဇော်ဂျီ ပြန်လာလေနိုးဖြင့် လည်တဆန့်ဆန့်နှင့် မျှော်ကိုးနေခဲ့၏။ သို့သော် လင်တော်မောင် ဇော်ဂျီ ပြန်မလာသဖြင့် နဂါးမသည် ယခုကဲ့သို့ ညည်းညူပြန်လေသည်။ “ငါ၏ လင်တော်မောင်သည် ကလေးများအတွက် ဆေးရှာထွက်ရာတွင် ယခုကဲ့သို့ ကြာမြင့်ရခြင်းမှာ ငါသည် နဂါးမဖြစ်ကြောင်းကို ငါ၏ လင်တော်မောင် သိသွားသောကြောင့် ဖြစ်လိမ့်မည်” ဟု ပြင်းစွာ စိုးရိမ်ပူပန်လေ၏။
ထို့ကြောင့် မိမိလင်ကို တွေ့လိမ့်လေနိုး ၊ တွေ့လေနိုးဖြင့် တောအနှံ့ တောင်အနှံ့ လှည့်လည်ရှာဖွေခဲ့၏။ သို့သော် မိမိလင်တော်ကို အရိပ်အယောင်မျှပင် မတွေ့လေသဖြင့် လူမတန် ကံချကာ ပြင်းစွာဟစ်အော် ငိုကြွေးလေရှာသည်။ မိမိ၏ ရင်နှစ်သည်းချာဖြစ်သော ဥနှစ်လုံးကို ဥမင်လိုဏ်ခေါင်းထဲတွင် လုံခြုံစွာ သိမ်းဆည်းထားခဲ့ပြီး မိမိ၏ဌာန နဂါးပြည်သို့ ပြန်သွားလေ၏။
ထို့နောက် ရသေ့တစ်ပါးသည် ထိုဥကြီးနှစ်လုံးကိုတွေ့ရှိ
Tuesday, September 17, 2013
အပါယ်လေးပါးမှလွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး
အပါယ်လေးပါးဆိုတာက ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။ အပါယ်ဆိုတာက (အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။ (အပါယ)မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ= ကင်းခြင်း၊ အယ= ကုသိုလ်တရား၊ သို့မဟုတ် ချမ်းသာ။ နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်း၊ ချမ်းသာတို့မှ ကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ
အပါယ်လေးဘုံရောက်သွားရင်လည်
အ
အာမခံလို့မရပါ
ဘုရား၊တရား၊သံဃာတော်များရဲ့
ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလ
ဗုဒ္ဓဘာသာများ သီတင်းကျွတ်ကာလမှာဆိုရင် ကျောင်းတိုက်များမှ သံဃာများကို မဲချပြီး ကျတဲ့ သံဃာတော်ကို ဆွမ်းစတဲ့ လှူဘွယ်ပစ္စည်းများကို ပေးလှူတဲ့ကုသိုလ်မျိုးပါ။ ကထိန်ရာသီမှာဆိုရင် ပဒေသာပင်များလှူဒါန်းတဲ့ ကုသိုလ်ပါ။ မိမိလှူလိုက်တဲ့ပစ္စည်းဝတ္ထုမ
များဖြစ
ရှင်းအောင်ပြောမယ်ဆိုရင် မိမိတို့ကိုးကွယ်နေတဲ့ ကျောင်းတိုက်များကို တစ်လဆွမ်းတစ်ချိုင့်ဖြစ်စေ၊
ဗမာလိုရှင်းရှင်းပြောရင် ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ
ဝါဆိုသင်္ကန
ဆိုလိုတာ ကျောင်းတစ်ဆောင်ဖြစ်စေ၊ဇရပ်တစ်ဆောင်ဖြစ်စေလှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။
ကျောင်းတစ်ဆောင်လုံး တပည့်တော်တို့မတတ်နိုင်ပါဘူ
တတ်နိုင်သလောက်လှူဒါန်းလိုက
(သောတာပန်ပုဂ္ဂိုလ်နဲ့အလားတြူ
အသိပေးပါတယ်။)
ဆိုလိုတာက ရေတွင်းရေကန်များကိုတူးဖော်
ရေသန့်ဗူးလေးကိုတည်ထားပြီး ခရီးသွား ရဟန်း၊ ရှင်၊ လူများသောက်သုံးဖို့ တည်ထားမယ်ဆိုရင်လည်း အဲဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာမယ်ဆိုရင
ဒါဖြင့်ရင် အားလုံးသော ဒကာ ဒကာမများ ဆိုခဲ့ ကုသိုလ်(၇)မျိုးထဲက တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေ အမြဲဝတ်ထားပြီး ပြုလုပ်မယ်ဆိုရင် မြတ်စွာဘုရားက သောတာပန်ပုဂ္ဂိုလ်နှင့်
အလားတူပါတယ်၊ သောတာပန်ပုဂ္ဂိုလ်များ အပါယ်လေးပါးက လွတ်မြောက်သလို အဲဒီကုသိုလ်များကို
အမြဲပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်း အပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့
သေသေချာချာဟောထားခဲ့တာပါ။ တစ်ကြိမ်လောက်လုပ်ပြီး အပါယ်လေးပါးက လွတ်မြောက်ချင်လို့တော့ မရဘူးနော်၊ (နိဗဒ္ဓ)ဆိုတဲ့ပါဠိက ပါနေတော့ အမြဲဝတ်ထားပြီး ပြုလုပ်ရမယ်လို့ပြောတာပါ။ ဝါဆိုသင်္ကန်းဆိုလည်း နှစ်စဉ်၊ စာရေးတံမဲဆိုရင်လည်း နှစ်စဉ်၊ ဆွမ်းချိုင့်ဆိုရင်လည်း လစဉ်၊ ရေအိုးစင်ဆိုရင်လည်းနေ့စဉ်ေ
လို
အားလုံးကိုယ်စိတ်နှစ်ပါးကျန
အသောကမင်းကြီးကျောက်တိုင်ကြီး ၄-တိုင်
ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော အသောကမင်းကြီး(ခေါ်) သီရိဓမ္မာသောက မင်းကြီးသည် ဗုဒ္ဓဘာသာကို အထူးယုံကြည်သက်ဝင်သူ ဖြစ်သည်။ အထူးကိုးကွယ် ဆည်းကပ်သူလည်း ဖြစ်သည်။ သူသည် ဗုဒ္ဓသာသနာ ထွန်းကားရေးအတွက် အမှတ်အသားအဖြစ် အိန္ဒိယပြည်၌ ကျောက်တိုင်ကြီး ၄-တိုင် စိုက်ထူထားခဲ့သည်။
အသောကမင်းကြီးသည် ကောလိယတိုင်း ရွာမရွာ အနီးတွင်
ကျောက်တိုင်ကြီး တခု စိုက်ထူခဲ့သည်။ ထိုကျောက်တိုင်ထိပ်ပေါ်တွင်
နွားလားဥသဘရုပ်ကို အထွတ်တင်ထားသည်။ အဓိပ္ပါယ်မှာ "ငါသည် တိုင်းပြည်နှင့် သာသနာအတွက် နွားကဲ့သို့ သည်းခံ၍ ရုန်းကန်တော့မည်"ဆိုသော ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီတွင်လည်း ကျောက်တိုင် စိုက်ထူခဲ့သည်။ ထိုကျောက်တိုင်၏ ထိပ်ပေါ်တွင် သိန္ဓောမြင်းရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် သာသနာနှင့် လူသားတို့အတွက် မြင်းကဲ့သို့ လျင်မြန် သွက်လက်စွာ ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် မြင်းရုပ်ကို ထားရှိခြင်း ဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် သင်္ကဿ မြို့တံခါးဝတွင် ကျောက်တိုင်တခု စိုက်ခဲ့ပြန်သည်။ သင်္ကဿ မြို့သည် မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောကြားပြီးနောက် တာဝတိံသာမှ ဆင်းသက်ရာနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင် ဆင်ရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆင်ကဲ့သို့ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ဆင်ရုပ်ကို ထားရှိခြင်းဖြစ်သည်။
ထို့ပြင် အသောကမင်းကြီးသည် ဗာရာဏသီ မိဂဒါဝုန်တွင် ကျောက်တိုင်ကြီး တတိုင် စိုက်ထူထားပြန်သည်။ မိဂဒါဝုန်မှာ ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ပထမဦးဆုံးသော တရားတော်ဖြစ်သည့် ဓမ္မစကြာ တရားတော်ကို ဟောတော်မူသောနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင်ကား သီဟရာဇာ ခြင်္သေ့ရုပ် အထွတ်တင်ထားသည်။ "ငါသည် တိုင်းကျိုးပြည်ကျိုး သာသနာအကျိုး သယ်ပိုးရာ၌၄င်း၊ တိုင်းပြည်အန္တရာယ် သာသနာ့အန္တရာယ် အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်ရာ၌၄င်း၊
Friday, September 13, 2013
ဗုဒ္ဓ္ဓ္ဓ္ဓ၀င်အကျဉ်း
၁။ ဗျာဒိတ်ခံယူသောဘ၀ - သုမေဓာရှင်ရသေ့ဘဝ
၂။ ဗျာဒိတ်ခံယူသောနေ့ - ကဆုန်လပြည့်နေ့
၃။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာမြတ်စွာဘုရား
၎။ ပါရမီဖြည့်ဖက် - သုမိတ္တာအမျိုးသမီး
၅။ ပါရမီဖြည့်ရာကာလ - လေးသင်္ချနှင့်ကမ္ဘာတစ်သိန်း
( သုမေဓာရသေ့ဘ၀မှ ဝေဿန္တရာဘ၀အထိ )
၆။ ဖြည့်ခဲ့သောပါရမီ - ဒါန၊ သီလစသော ပါရမီ (၁၀)ပါး
၇။ ပါရမီဖြည့်ရခြင်းရည်ရွယ်ချက် - သတ္တ၀ါများ၏ အကျိုးကိုဆောင်ရွက်ရန်
၈။ နောက်ဆုံးစံခဲ့သောနတ်ပြည် - တုတိသာနတ်ပြည်
၉။ နတ်သားအမည် - သေတကေတု မည်သောနတ်သား
၁၀။ ဘုရားဖြစ်ရန်တောင်းပန်သူများ - နတ်၊ ဗြဟ္မာများ
၁၁။ ကြည့်ခြင်းကြီး(၅)ပါး - လူ့သက်တမ်း(ကာလ)
ဘုရားဖြစ်ရန်ဇမ္ဗူဒီပကျွန်း(ဒီပ)
ဘုရားဖြစ်ရန်အရပ်(ဒေသ)
ဘုရားဖြစ်ရာမျိုးနွယ်(ကုလ)
အမိအသက်အပိုင်းအခြား
(မာတုအာယုပရိစ္ဆေဒ)
၁၂။ မယ်တော်အိမ်မက် - နတ်မင်းများကအနောဝတတ်အိုင်သို့
သယ်ပြီး ရေချိုးပေး၊ ကျောက်ဖျာ၌အိပ်၊
ဆင်ဖြူတော်ဝင်သည်ဟုမက်
၁၃။ သန္ဓေယူသောနေ့ - မဟာသက္ကရာဇ် (၆၇)
ဝါဆိုလပြည့်၊ ကြာသာပတေးနေ့
၁၄။ မိဘအမည် - သုဒ္ဓေါဓနနှင့် မာယာဒေ၀ီ
၁၅။ နေပြည်တော် - ကပိလ၀တ်ပြည် (သက္ကတိုင်း)
၁၆။ အမျိုးအနွယ် - သာကီဝင်မင်းမျိုး
၁၇။ ဖွားသောနေ့ - မဟာသက္ကရာဇ်(၆၈)၊ ကဆုန်လပြည့် သောကြာနေ့
၁၈။ ဖွားရာဌါန - လုမ္ဗနီဥယျာဉ် (ကပိလ၀တ်နှင့် ဒေ၀ဒဟအကြားရှိ)
၁၉။ ဘုရားဖြစ်မည်ဟုဧကန်ဟောသူ - ကောဏ္ဍညပုဏ္ဏား
၂၀။ မိထွေးတော် - ဂေါတမီ
၂၁။ မင်းသားအမည် - သိဒ္ဓတ္ထ
၂၂။ ဖွားဖက်တော်များ - ယသော်ဓရာ၊ အာနန္ဒာမင်းသား၊ ဆန္နအမတ်၊ ကာဠုဒါယီ၊
ကဏ္ဍကမြင်း၊ ဗောဓိပင်၊ ရွှေအိုးကြီး(၄)လုံး
၂၃။ ကြင်ယာတော် - ယသောဓရာ (ဘဒ္ဒကဉ္စနာ)
၂၄။ ရင်သွေးတော် - ရာဟုလာ
၂၅။ ယောက်ဖတော် - ဒေ၀ဒတ်
၂၆။ နန်းစံသောနှစ် - ၁၃နှစ် (၁၆ နှစ်မှ ၂၉ နှစ်ထိ)
၂၇။ မြင်သောနိမိတ် - သူအို, သူနာ, သူသေ, ရဟန်း
၂၈။ တောထွက်သောအသက် - ၂၉နှစ်
၂၉။ တောထွက်သောနေ့ - မဟာသက္ကရာဇ် ၉၇၊ ၀ါဆိုလပြည့်
၃၀။ တောထွက်ချိန်ပါသူ - ကဏ္ဍကမြင်းနှင့် ဆန္နအမတ်
၃၁။ ဖြတ်ကူးသောမြစ် - အနော်မာမြစ်
၃၂။ ပယ်သောအရာ - ဆံတော်နှင့် အ၀တ်
၃၃။ ဆံတော်တည်ရာစေတီ - တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်
၃၄။ ၀တ်တော်စေတီ - ဗြဟ္မာပြည်ရှိဒုဿစေတီ
၃၅။ သင်္ကန်းပရိက္ခရာလှူသူ - ဃဋိကာရဗြဟ္မာ
၃၆။ ဒုက္ကရစရိယကျင့်ရာဌါန - ဥရုဝေဠတော
၃၇။ ဒုက္ကရစရိယကျင့်သောနှစ် - (၆) နှစ်
၃၈။ ဘုရားဖြစ်သောနှစ် - မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့်
၃၉။ ဘုရားဖြစ်ချိန်အသက် - ' ၃၅ ' နှစ်
၄၀။ ဘုရားဖြစ်ချိန်လူတို့သက်တမ်း - (၁၀၀) တမ်း
၄၁။ ဒုက္ကရစရိယကျင့်ချိန်အလုပ်အကျွေး - ပဉ္စ၀ဂ္ဂီ (၅) ဦး
၄၂။ ဘုရားဘွဲ့တော် - ဂေါတမ
၄၃။ ဃနာနို့ဆွမ်းကပ်လှူသူ - သုဇာတာအမျိုးသမီး
၄၄။ ရွှေခွက်မျှောသောမြစ် - နေရဉ္ဇရာမြစ်
၄၅။ ဗောဓိပင်အသွားမြက်လှူသူ - သောတ္ထိယမြက်ရိတ်သမား
၄၆။ မြက်မှဖြစ်သောအရာ - ရွှေပလ္လင်
၄၇။ ရွှေပလ္လင်လာလုသူ - သ၀တ္တိနတ်ပြည်နေမာရ်နတ်
၄၈။ ဘုရားဘက်မှသက်သေပြုသူ - ၀သုနြေ္ဒမြေစောင့်နတ်
၄၉။ ဘုရားဦးစွာရသောဉာဏ်များ - ပထမယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊
မဇ္ဈိမယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊
ပစ္ဆိမယံ၌ အာသ၀က္ခယဉာဏ်၊
၅၀။ ဓမ္မစကြာဟောသောနေရာ - မိဂဒါဝုန်တော
၅၁။ ဓမ္မစကြာဟောသောနေ့ - မဟာသက္ကရာဇ် ၁၀၃ခု၊ ၀ါဆိုလပြည့်၊ စနေနေ့
၅၂။ ပထမဦးဆုံးရဟန္တာဖြစ်သူ - အရှင်ကောဏ္ဍည
၅၃။ တရားဦးဟောသည့်နေရာ - ဗာရာဏသီပြည်၊ မိဂဒါဝုန်တော
၅၄။ ပထမဆုံးသာဝက - ပဉ္စ၀ဂ္ဂီ (၅) ဦး
၅၅။ နောက်ဆုံးကျွတ်သောသာဝက - သုဘဒ္ဒပရိဗိုဇ်
၅၆။ လက်ယာရံ အဂ္ဂသာဝက - အရှင်သာရိပုတ္တရာ
၅၇။ လက်ဝဲရံ အဂ္ဂသာဝက - အရှင်မဟာမောဂ္ဂလာန်
၅၈။ အဆုံးအမ - ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ
၅၉။ ကျင့်စဉ်သိက္ခာ - သီလ, သမာဓိ, ပညာ
၆၀။ နောက်ဆုံးဆွမ်းလှူသူ - စုန္ဒ
၆၁။ နောက်ဆုံးကျွတ်သူ - သုဘဒ္ဒပရိဗိုဇ်
၆၂။ ပရိနိဗ္ဗါန်ပြုသောအသက် - သက်တော် (၈၀)
၆၃။ ပရိနိဗ္ဗါန်စံသောနေ့ - မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့။
Tuesday, September 3, 2013
ဗုဒ္ဓ [ The Fully-Enlightened ]
သက်တော် ၁၆-နှစ်တွင် ဒေ၀ဒဟမြို့တော်မှ ဘဒ္ဒကဉ္စနာယသောဓရာဒေ၀ီနှင့် လက်ထပ်၍
ထီးနန်းစည်းစိမ် ခံစားတော်မူသည်။ သက်တော်၂၉-နှစ်တွင် သားတော်ရာဟုလာမွေးဖွားခဲ့သည်။
ထိုနေ့မှာပင် တောထွက်တော်မူခဲ့၍ ဥရုဝေလ တောအုပ်၌ ၆-နှစ်တိုင်တိုင် ဒုက္ကရစရိယာ အကျင့်ကို
ကျင့်ခဲ့သည်။ သက်တော် ၃၅-နှစ်တွင် ဂယာမြို့အနီး ဗောဓိမဏ္ဍိုင်၌ လောကသုံးပါးတွင် အတုမရှိ မြင့်မြတ်သောသဗ္ဗညူဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့သည်။
၄၅-၀ါ ကာလပတ်လုံး တရားတော်များကို လှည့်လည် ဟောကြားတော်မူခဲ့ပြီး သက်တော် ၈၀-အရွယ်တွင်
ကုသိနာရုံ၌ ပရိနိဗ္ဗါန်ပြုတော်မူခဲ့သည်။
ဗုဒ္ဓသည် သတ္တ၀ါများ စီးပွါးချမ်းသာအကျိုးငှါ ပွင့်ပေါ်တော်မူလာခဲ့ခြင်း ဖြစ်သည်။
မြတ်ဗုဒ္ဓကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါသည်။
He has born is Kapilavatthu in 623-B.C. His parents were King Suddhodana and Queen Maha Maya of
Sakyan Clan. At the age of Sixteen, he married Bhaddakancana Yasodhara of Devadaha City and took
the royal throne. At the age of twenty-nine, he got a son and named him Rahula. On the day his son
was born, he renounced the world and wandered about in Uruvela grove, seaching for the ultimate
Truth from various teachers. For six long years he parctised the Dukkaracariya, the difficult practice
which no ordinary person can undertake. At the age of thirth-five, he attained full Enlightened at the
foot of the Bodhi Tree near the town of Gaya. He taught the dhamma for forty-five years of Buddhahood and at the age of eighty, he realized Parinibbana at Kusinara.
For the welfare of all living beings, the Buddha appeared in this world.
I take refuge in the Buddha.
Monday, September 2, 2013
ကိုယ်တော်မှဖြစ်သော ဓါတ်တော် [Bone relics]
မြတ်စွာဘုရား ပရိနိဗ္ဗါန်စံရာတွင် ကိုယ်တော်မှ ကြွင်းကျန်ရစ်သော အရိုးဓါတ်တော်များကို ခေါ်သည်။ ပမာဏအားဖြင့် မုန်ညှင်းစေ့မှ ပဲနောက်စေ့တစ်ခြမ်းအထိ အရွယ်အစားအပြားပြားရှိသည်၊
ထို့ပြင်မပြိုကွဲနိုင်သော အသမ္ဘိန္န ဓါတ်တော်ကြီး ခုနစ်ဆူလည်း ရှိသေးသည်၊ ယင်းတို့မှာ သင်းကျစ်တော်၊
ညှပ်ရိုးတော်နှစ်ဆူနှင့် စွယ်တော်လေးဆူတို့ဖြစ်သည်။
The remains of the Buddha after his passing away and cremation.
Bone relics consist of small pieces of bones ranging in size from a mustard seed to half a kidney
bean as well as the seven larger imperishable pieces, namely, the upper forepart of the skull,
two collar bones and foyr eye-teeth.
Subscribe to:
Posts (Atom)