
အခါမဲ့ ( ညအခါ ) ခရီးသွားလာလေ့ရှိခြင်း၏ အပြစ်ခြောက်ပါးမှာ
(၁) အခါမဲ့ခရီးသွားသူ ထိုလူ၏ကိုယ်သည်လည်း အကာအကွယ် အစောင့်အရှောက်ကင်း၏ ။
(၂) ထိုသူ၏ သားမယားတို့သည်လည်း အကာအကွယ် အစောင့်အရှောက်ကင်း၏ ။
(၃) ထိုသူ၏ ဥစ္စာနှစ်သည်လည်း အကာအကွယ် အစောင့်အရှောက်ကင်း၏ ။
(၄) သူတပါးပြုသည့် မကောင်းမှုဒုစရိုက်တို့၌ (မိမိအပေါ်) ယုံမှားအပ်၏ ။
(၅) မဟုတ်မမှန်ဘဲ အစွပ်စွဲ ခံရတတ်၏ ။
(၆) များစွာသော ဆင်းရဲတရားတို့၏ ရှေ့သွားဖြစ်၏ ။
No comments:
Post a Comment