လူငယ်တွေအတွက်အလွန်တန်ဖိုးရ
မြတ်နိုးစရာအစစ်ဖြစ်သည်။
လူတစ်ဦး၏ ပထမဆုံးဂုဏ်ပုဒ်မှာ မိမိ၏ နှုတ်ကို စောင့်စည်းမှုဖြစ်သည်။
နေ့စဉ် မျက်မှောက်၌ ဖြစ်ပျက်နေသော ကိစ္စတို့ကို သိခြင်းသည် လူ၏ အဓိကညာဏ်ပညာ ဖြစ်၏။
ကောင်းသောဂုဏ်အချင်းအရာ မရှိပါက လူ၏မွေးဖွားရာဇာတိ မည်မျှကောင်းစေ
ကာမူ အချည်းနှီးသာတည်း။
မျှတမှုသည် လူလူချင်း ဆက်ဆံရာ၌ တိကျမှန်ကန်သော တရားသူကြီးဖြစ်လေ
သည်။
ပိုးကောင်သည် အ၀တ်ကိုကိုက်၍ ဖျက်ဆီးသကဲ့သို့၊ မနာလိုဝန်တိုမှုမည်သည် လူတစ်ဦးကို ဖျက်ဆီးတတ်ပေသည်။
လူတစ်ယေက်၏ နှုတ်မှထွက်သော စကားတို့၌ အပြစ် လေးမျိုး ရှိသည်။
မမှန်ကန်ခြင်း၊ ပုံပြင်ဆန်ခြင်း၊ ကြမ်းတမ်းရုန့်ရင်းခြင်း နှင့် အကျိုးမဲ့ခြင်းတို့ဖြစ်
သည်။
ဒုက္ခရောက်နေသူကို သနားခြင်းသည် လူပီသသည်။ ထိုဒုက္ခမှ လွတ်မြောက် ကူညီပေးသူသည် လူအပီသဆုံးဖြစ်သည်။
အကျိုးမဲ့သော လူ့ဘ၀ဟူသည် ကမ္ဘပေါ်တွင် ရှင်လျှက်နှင့် သေနေသော ဘဝ
မျိုးကိုဆိုလိုသည်။
လူ့ဘ၀ဟူသည် တိုတောင်းလှ၏။ မျှော်လင့်ချက် အနည်းငယ်၊ စိတ်ကူးယဉ်ခြင်း အနည်းငယ်ကို ပြုလုပ်ပြီးနောက် အိပ်ချိန်သို့ရောက်လေသည်။
လူတစ်ယေက်သည် ပညာတတ်မြောက်ခြင်း မရှိသေးသမျှ ကာလပတ်လုံး လူ
တစ်လုံး သူတစ်လုံး ဖြစ်သည်ဟုမဆိုနိုင်သေးပေ။
သာမာန်လူများထက်ထူးကဲသော ပညာရှိ သူတော်စဉ်တို့၌ပင် ဦးနှောက်၏တစ်
ထောင့်တစ်နေရာ၌ ရူးမိုက်တတ်သောသဘော ကိန်းအောင်းနေတတ်သည်။
စကားလုံးများ၏ သတ္တိကို မသိသောသူသည် လူတို့၏ အကြောင်းကိုလည်း မသိပေ။
လေ့လာမှတ်သားခြင်း မပြုသော လူတစ်ယောက်၏ မျက်လုံးသည် မည်သို့မှ အကျိုးမရှိပေ။ (ပက်စန်တွဒ်)
No comments:
Post a Comment