လူမှုရေးကျင့်ဝတ်များ
သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များ
သိင်္ဂါလောဝါဒခေါ် လူတို့ကျင့်ဝတ်များ
တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသာ၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား
ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည့်၊ လာကကျင့်ရာ၊ မကျဉ်းမှာပိမ့်၊ နတ်ရွာသို့လုံးလုံး၊ ကျက်၍သုံး။
မယားကျင့်ဝတ် (၅) ပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာရှောင်ကြည်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊
အိမ်သူ ကျင့်အပ်စွ။
(၁) အိမ်တွင်းမှု လုပ်ငန်းကိစ္စများကို အဆင်ပြေစေရန် စီမံပြုလုပ်ရခြင်း၊
(၂) မိမိလင်ယောက်ျား အပ်နှံလာ ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းထားရခြင်း၊
(၃) မိမိယောက်ျားမှ တပါးသော ယောက်ျားတို့နှင့် မမှားမယွင်း မဖောက်ပြန်ရခြင်း၊
(၄) မိမိဘက်ဆွေမျိုး၊ လင်ဘက်ဆွေမျိုးတို့၌ မျှမျှတတ ပေးကမ်းရခြင်း၊
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။
No comments:
Post a Comment