ရတနာ သုံးပါး ၏အဓိပ္ပါယ်၊ ဗုဒ္ဓ၀င် ၊ နှိုးဆော်အကြံပေးချက်၊ နေ့ထူးနေ့မြတ် ၊ လူတို့၏ ကျင့်ဝတ်များ၊ ဗဟုသုတ ၊ နည်းပညာနှင့် solfware ၊ ကဗျာ နှင့် ဗေဒင်
Thursday, July 18, 2013
အလှူဒါနအမျိုးမျိုး [ Charity of the various ]
သူတော်ကောင်းအလှူသည် ( ၅ ) မျိုးရှိပါသည်။
( ၁ ) သဒ္ဓါဒါန၊ Saddhadana ]
( ၂ ) သက္ကစ္စဒါန၊ Sakkaccadana ]
( ၃ ) ကာလဒါန၊ Kaladana ] ( ၄ ) အနုဂ္ဂဟိတဒါန၊ Anaggahitadana ]
( ၅ ) အနုပဟစ္စဒါန၊ Anupahaccadana ]
တို့ဖြစ်ပါသည်။
[ Saddhadana ]
ကံ-ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်ပါသည်။
ထိုသူသည် ဖြစ်လေရာဘုံဘ၀တို့၌ _
- ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏ ။
- များသော အသုံးအဆောင်ရှိ၏ ။
- ရှုချင်စဖွယ် ရှိ၏ ။
- စိတ်ကြည်လင်ဖွယ် ရှိ၏ ။
- လွန်ကဲသော အဆင်းသဏ္ဌာန် နှင့်ပြည့်စုံ၏ ။
[ Sakkaccadana ]
လှူဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန၊် သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်တို့အား ရိုသေစွာလှူခြင်းကို သက္ကစ္စဒါနဟု ခေါ်ပါသည်။
ထိုသူသည် ဖြစ်လေရာဘုံဘ၀တို့၌ _
- ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာသည်။
- များသော အသုံးအဆောင်ရှိသည်။
- သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်တတ်သည်။
- တတ်သိနားလည်လွယ်သော ဉာဏ်ရှိသည်။
လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာဘုံဘ၀တို့၌ ဥစ္စာပစ္စည်း စည်းစိမ်ရှိသော်လည်း သား၊ မယား၊ ကျေးကျွန်တို့အပေါ်၌ မိမိသြဇာ မညောင်းဖြစ်တတ်သည်။
[ Kaladana ]
လှူဖွယ်ပစ္စည်းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းကို ကာလဒါန ဟုခေါ်ပါသည်။
ထိုသူသည် ဖြစ်လေရာဘုံဘ၀တို့၌ _
- ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာသည်။
- များသော အသုံးအဆောင်ရှိသည်။
- အချိန်ကာလနှင့် လျော်ညီစွာ အကျိုးတရားများစွာ ရနိုင်သည်။
- လိုအပ်သောအချိန်၌ လိုအပ်သော ပစ္စည်းများကို ရတတ်သည်။
အချိန်အခါ မဟုတ်ဘဲလှူဒါန်းသောသူသည် ဥစ္စာပစ္စည်း စည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သော ပစ္စည်းများကို မရတတ်ပေ။
[ Anaggahitadana ]
အလှူခံပုဂ္ဂိုလ်အား ချီးမြှောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါန ဟုခေါ်ပါသည်။
ထိုသူသည် ဖြစ်လေရာဘုံဘ၀တို့၌ _
- ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာသည်။
- များသော အသုံးအဆောင်ရှိသည်။
- ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌ သုံးဆောင်လိုစိတ်ရှိသည်။
သုံးလည်း သုံးဆောင်သည်။
အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော စိတ်မရှိဘဲလှူသောသူသည် စည်းစိမ်ဥစ္စာရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုသောစိတ် မရှိပါ။
မသုံးဆောင်ရဘဲလည်း ရှိတတ်သည်။ အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်သည်။
[ Anupahaccadana ]
မိမိကိုလည်းကောင်း၊ သူတပါးကိုလည်းကောင်း၊ မငြိစွန်း မထိခိုက်စေဘဲ လှူခြင်းကို အနုပဟစ္စဒါန ဟုခေါ်ပါသည်။
ထိုသူသည် ဖြစ်လေရာဘုံဘ၀တို့၌ _
- ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာသည်။
- များသော အသုံးအဆောင်ရှိသည်။
- မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။
- အမွေခံ သားဆိုး၊ သမီးဆိုးတို့ မဖျက်ဆီးနိုင်။
မိမိနှင့်သူတပါးကို ငြိစွန်းထိခိုက်၍ လှူဒါန်းသူသည် စည်းစိမ်ဥစ္စာရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ နှိပ်စက်ဖျက်ဆီးခြင်းကို ခံရတတ်သည်။
There are five aspects of charity performed the virtuous.
1. Saddhadana
Charity based on the belief in kamma and its results.
2. Sakkaccadana
Charity given with respect and reverence.
3. Kaladana
Charity performed at an appropriate time.
4. Anaggahitadana
Charity devoid of clinging and attachment.
5. Anupahaccadana
Charity devoid of clinging and attachment.
Labels:
ဗုဒ္ဓ၀င်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment