လူမှုရေးကျင့်ဝတ်များ
သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များ
သိင်္ဂါလောဝါဒခေါ် လူတို့ကျင့်ဝတ်များ
တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသာ၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား
ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည့်၊ လာကကျင့်ရာ၊ မကျဉ်းမှာပိမ့်၊ နတ်ရွာသို့လုံးလုံး၊ ကျက်၍သုံး။
အလုပ်ရှင်ကျင့်ဝတ် (၅) - ပါး
ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်၊
မချွတ် ငါးခုသာ။
(၁) မိမိအလုပ်သမားကို ၀လင်စွာ ကျွေးမွေးရခြင်း၊
(၂) သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေပြီး သင့်လျော်သောအချိန်၌ ခိုင်းစေရခြင်း၊
(၃) မကျန်းမမာသောအခါ၌ ရောဂါပျောက်အောင် ကုသပေးရခြင်း၊
(၄) ထူးဆန်းသောအစားအစာကို ရသောအခါ ဝေငှ ပေးရခြင်း၊
(၅) ဥပုသ်နေ့၊ ပွဲတော်နေ့၊ အလုပ်ပိတ်ရက် စသောအခါ၌ အခိုင်းအစေ၊ စားရင်းငှား၊ ကျွဲနွားတို့ကို မခိုင်းစေဘဲ အနားပေးရခြင်း၊ အခွင့်လွှတ်ရခြင်း။
No comments:
Post a Comment