လက်သန်းလေးကိုကြည့်ပြီး ဗေဒင်ဟောကြည့်ကြမယ်
ဒီပို့စ်လေးကတော်တော်လေးကိုကြာနေပြီဗျ ဘယ်သူရေးထားလဲမသိတော့ဘူးဗျ ကျွန်တော်ထင်တာတော့စင်္ကာပူကရောက်မြန်မာနိုင်ငံသားတင်ခဲ့တဲ့ပို့စ်လို့ထင်တာဘဲ
သူ့ပို့စ်အတိုင်းဘဲမူရင်းလေးဘဲပြန်တင်ပေးပါတယ်ဗျ
ကဲ သူငယ်ချင်းတို့ရေ ကိုယ့်လက်ဝါးပြင်ကို
မျက်နှာချင်းဆိုင်ထားပြီး လက်သန်းကလေးကို သေချာကြည့်ရအောင်-
သြော်- သတိ-
ယောက်ျားလေးဆို "ဘယ်" လက်ကို ကြည့်၊ မိန်းကလေးဆို "ညာ"
လက်ကိုကြည့်ရမှာနော်-
လက်သန်းလေးကို ကြည့်တော့ အဆစ် (၃)
ဆစ်ပါတာမြင်တွေ့ ကြရမှာပါ-
အဲဒီ အဆစ်ကလေး ၃ ဆစ်ရဲ့ အရှည်အတိုကို ကြည့်ပြီး
ဗေဒင်ဟောကြည့်ကြရအောင်။
ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ ပထမအဆစ်ဟာ အရှည်ဆုံးဖြစ်နေခဲ့မယ်ဆိုရင်-
ဒီလို လက်သန်းပိုင်ရှင်ဟာ အချိန်တိုင်းမှာ
စွဲဆောင်မှုအားအပြည့်ရှိသူဖြစ်ြ
ပီး၊ အပြောကောင်းသူများဖြစ်တတ်ပါတယ်၊
အကင်းပါးပြီး လူကဲခတ်တော်တာကြောင့် အလွယ်တကူ လူလိမ်မခံရနိုင်ပါဘူး တဲ့။
ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ ဒုတိယအဆစ်သာ
အရှည်ဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်များဟာ သူတပါးကို
ဂရုဏာအပြည့်နဲ့ ပြုစုယုယတဲ့တဲ့ပညာကို
မွေးရာပါတတ်မြောက်ခဲ့တဲ့သူမျိုးတွေဖြစ်ပါသတဲ့- ဒါ့အပြင် သူတို့ဟာ
တဖက်သားကိုလည်း အင်မတန် စိတ်ရှည် သည်းခံတတ်ကြတယ်တဲ့၊ ဒီလို
လက်သန်းပိုင်ရှင်မျိုးကို ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ ကျန်းမာရေးဌာန
ဝန်ထမ်းများမှာ အတွေ့ ရများတတ်ပါတယ် တဲ့။
ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ အောက်ဆုံးအဆစ်သာ
အရှည်ဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်များကတော့
လွတ်လပ်မှုကို အင်မတန်နှစ်သက်သူများဖြစ်တတ်ကြပြီး၊ လူ့ ဘ၀ရဲ့
အချုပ်အချယ်မရှိ လွတ်လပ်တဲ့ အရသာကို
ကောင်းကောင်းကြီးခံစားတတ်သူများဖြစ်ကြပါတယ်တဲ့၊
ဒီလက်သန်းပိုင်ရှင်များဟာ
အဟောအပြောပိုင်းဆိုင်ရာမှာ ပါရမီထူးကဲကြပြီး၊ အမှန်တရားကို
မြတ်နိုးတန်ဖိုးထားတတ်ကြပါတယ် တဲ့။
ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ အပေါ်ဆုံးအဆစ်ဟာ
အတိုဆုံးဖြစ်ခဲ့မယ်ဆိုရင်- ဒီလိုလက်သန်းပိုင်ရှင်တွေကတော့ မွေးရာပါ
အရှက်အကြောက်ကြီးသူများဖြစ်တတ်ကြပြီး၊ အရာရာကို
ထုတ်ဖေါ်ပြောကြားတတ်ခြင်းမျိုးမရှိပဲ အစဉ်အမြဲ စိတ်ထဲတွင်
မြိုသိပ်ထားလေ့ရှိတတ်ကြတယ်(အုံ့ ပုန်းလို့ပြောလို့ရမယ်ထင်ပါတယ်)-
ဒီလို
လက်သန်းပိုင်ရှင်အများစုကတော့ ကံမကောင်းတတ်ကြပါဘူး တဲ့။
ဒီပုံထဲကလို လက်သန်းလေးရဲ့ ဒုတိယ အဆစ်ကသာ အတိုဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့-
ဒီလိုလက်သန်းပိုင်ရှင်မျိုးကတော့ အင်မတန်
သစ္စာရှိတတ်သူများဖြစ်တတ်ကြပြီး၊
မာနထောင်လွှားခြင်းကင်းမဲ့ကာ
အမြဲနှိမ့်ချဆက်ဆံတတ်ကြတဲ့သူမျိုးဖြစ်ကြတယ်တဲ့၊ နောက်ပြီး သူတို့ ဟာ
အင်မတန်လည်း ခေါင်းမာတတ်ကြသောကြောင့် အမှားအမှန်ခွဲခြားနားမလည်နိုင်ပဲ
မိုက်ရူးရဲဆန်တတ်ကြပါတယ် တဲ့။
ကဲ ဒီနောက်ဆုံးပုံလေးထဲကအတိုင်း လက်သန်းရဲ့ အောက်ဆုံးအဆစ်ကသာ အတိုဆုံး
ဖြစ်နေခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်မျိုးကတော့ မွေးရာပါ
ရိုးလွန်း၊ အေးလွန်း၊ ဖြူစင်တတ်လွန်းသူများဖြစ်ကြပြီး၊
သူတပါးအပေါ်မှာလည်း
အင်မတန် အယုံလွယ်လွန်း၊ အကောင်းမြင်တတ်လွန်းသူများဖြစ်ပါတယ်၊ တကယ်တော့
ရိုးလွန်း အေးလွန်းတယ်ဆိုတာ ကောင်းတယ်ဆိုပေမဲ့ ခုခေတ်မှာတော့ ဥပမာ
စီးပွါးရေး နယ်ပယ်အနေနဲ့ပြောမယ်ဆိုရင် လူလည်၊ လူလိမ်တွေ
ပေါများနေပြီဖြစ်တဲ့အတွက် ရိုးလွန်း၊ အေးလွန်းသူများအတွက်တော့ အလွယ်တကူ
အလိမ်ခံရနိုင်ပါကြောင်း..။
No comments:
Post a Comment