လူမှုရေးကျင့်ဝတ်များ
သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များ
သိင်္ဂါလောဝါဒခေါ် လူတို့ကျင့်ဝတ်များ
တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသာ၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား
ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည့်၊ လာကကျင့်ရာ၊ မကျဉ်းမှာပိမ့်၊ နတ်ရွာသို့လုံးလုံး၊ ကျက်၍သုံး။
ဒါယကာကျင့်ဝတ် (၅) - ပါး
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊
ဝတ်ငါးထွေ၊ ပြုလေ ဒါယကာ။
(၁) ရဟန်းသံဃာတို့အပေါ်၌ မေတ္တာစိတ် ရှေ့ထားရခြင်း၊
(၂) ရဟန်းသံဃာတော်တို့အတွက် ဆောင်ရွက်စရာများကို ချစ်ခင်လေးစား စေတနာထား၍
ဆောင်ရွက်ရခြင်း၊
(၃) ခင်ခင်မင်မင် လေးလေးစားစား နှုတ်ချို ကြည်သာစွာ ပြောဆိုရခြင်း၊
(၄) အလိုရှိသောအရာများကို တောင်းပါဟု ဖိတ်ထားရခြင်း၊
(၅) တတ်နိုင်သမျှ လှူဒါန်းရခြင်း။
No comments:
Post a Comment