Tuesday, May 28, 2013

G Talk ဖုန်းအသံနေရာမှာသီချင်းသံလေးတွေနဲ့ အစားထိုးချင်ရင်

G Talk ဖုန်းအသံနေရာမှာသီချင်းသံလေးတွေနဲ့ အစားထိုးချင်ရင်

G talk နဲ့ ပတ်သက်ပြီးတော့ ဒီဆော့ဖ်ဝဲလ်ရဲ့ အသုံးဝင်ပုံတွေကို သိတဲ့သူတွေလဲ သိပြီးလောက်ပြီထင်ပါတယ်ခင်ဗျာ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် ဒီဆော့ဖ်ဝဲလ်လေးရဲ့ တစိတ်တဒေသဖြစ်တဲ့ G talk အသံပြောင်းတဲ့ နည်းလေးကို တင်ပြလိုက်ပါတယ်။

အရင်ဆုံးအောက်မှာကလစ်ပီးဒေါင်းလိုက်ပါ ။

http://www.mediafire.com/download/l64ij3q5ymezh54/ResHacker.exe

ဒေါင်းပီးသွားပီဆိုရင်အောက်မှာ ပုံလေးတွေနဲ့ တဆင့်ခြင်း ရှင်းပြမယ် ဒေါင်းထားတဲ့ ဖိုင်ကိုဖွင့်လိုက်ပါ အောက်မှာပြထားတဲ့ အတိုင်း တူ ပုံလေး
ကိုကလစ်လိုက်ပါ။  ။



Free Image Hosting



ပုံ (၂) ကို ဆက်ကြည့်ပါ ပထမဆုံးအနေနဲ့ File ကိုကလစ်လိုက်ပါ ၀pen ဆိုတဲ့ စာလုံးလေးကို ကလစ်ပြီးတော့ ဖွင့်လိုက်ပါ ။


Image Hosting



ပုံ (၃) open ကိုဖွင့်လိုက်တာနဲ့ အောက်မှာကျွန်တော်ပြထားတဲ့ အတိုင်း Google Talk ဆိုတဲ့ ဖိုင်လေးကို တွေ့အောင်ရှာလိုက်ပါ တွေ့ ပြီ
ဆိုရင်ကလစ်ပီးတော့ open နဲ့ ဖွင့်လိုက်ပါ။

Image Search


ပုံ(၄) ဒီအဆင့်မှာတော့ နည်းနည်းလေးတော့ ခက်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်နားလည်အောင် ရှင်းပြပေးပါမယ်။
အောက်ကပုံလေးကို ကြည့်ပါ။ ပထမဆုံးနံပါတ် (၁) WAVE ကို ကလစ်လိုက်ပါ နံပါတ် (၂) 126 ကို ကလစ်လိုက်ပါ ပြီးလျှင် မိတ်ဆွေတို့ မြင်နေရတဲ့ အတိုင်း အစိမ်းရောင် ပန်းပွင့်လိုမျိုးလေးကို အရင်တချက်ကလစ်လိုက်ပါ

ဒါဆိုရင်ပုံမှာ တွေ့ ရတဲ့အတိုင်းလေးပေါ့...အဲဒီနေရာမှာ play wave ဆိုတာလေးကို နှိပ်ပြီးတော့ ကြည့်ပါ  G talk ဖုန်းမှာ ပင်ကိုအသံလေးကို ကြားရပါမယ် အဲဒီအသံလေးကို အခုပြောင်းလိုက်မယ်။ အစိမ်းရောင်ပန်းပွင့်လေးရဲ့ ဘေးမှာရှိနေတဲ့  {o} လေးကို  Right Click  ပြီးရင် Replace Resource ဆိုတာကို ကလစ်လိုက်ပါ။


Image Hosting


ပုံ (၅) ဒီအဆင့်မှာတော့ သီချင်းတွေထည့်ရတော့မှာပါ ကျွှန်တော် မြှားပြထားတဲ့ နေရာလေးကိုကလစ်ပီးတော့ ကျွန်တော်တင်ပေးထားတဲ့ သီချင်းလေးကိုရှာပီးတော့ထည့်လိုက်ပါ။

Image Hosting at ImageHousing.com!



ပုံ (၆) ကို ထပ်ကြည့်လိုက်ပါ အသံသီချင်းဖိုင်ကို ရွေးပြီးတာနဲ့ တွေ့ ရမဲ့ပုံစံလေးပါ ဖိုင်ထဲက deta လေးတွေကို ဖြည့်ပေးရမှာပါ Type ဆိုတဲ့
အကွက်လေးမှာ WAVE ကို ရေးထည့်ရပါမယ် Name ဆိုတဲ့ အကွက်လေးမှာ 126 ကို ရေးထည့်ပါ Language ဆိုတဲ့ အကွက်မှာ o ကိုရေး
ထည့်လိုက်ပါ အားလုံး ရေးထည့်ပြီးသွားပြီဆိုရင်တော့ Replace ကိုနှိပ်လိုက်ပါ။  ။

Image Upload



Play ကိုနှိပ်ပြီးတော့ နားထောင်ကြည့်လိုက်ပါ G talk ရဲ့ ပင်ကိုအသံလေးအစား ကိုယ်ထည့်ထားတဲ့ သီချင်းသံလေးကိုကြားနေရမှာပါ ဒီနေရာမှာ ကျွန်တော်တခု ပြောချင်တာကတော့ အခုဖော်ပြလိုက်တဲ့ ပုံစံလေးဟာ မိတ်ဆွေကနေခေါ်လိုက်ရင်ကြားရမဲ့ အသံထည့်တဲ့ နည်းလေးပါ တဖက်လူက ခေါ်လိုက်ရင်ကြားရအောင်လုပ်တဲ့
အသံလေးဟာလည်း 125 ကိုနှိပ်ပြီးတော့ ဒီပုံစံအတိုင်းလေးပဲ လုပ်သွားရမှာပါ အောက်ကပုံလေးကို ကြည့်ပြီးတော့ကျန်တာတွေကိုဆက်လုပ်
ကြည့်ပါ။

Image Upload


စိတ်ကြိုက် ပြောင်းလို့ပြီးရင် file - save ကိုနှိပ်ပြီး save ပါ။ အဲဒီအတွက် Gtalk တွေကို exit ပေးထားဖို့လိုပါလိမ့်မယ် ။

G talk အသံအစားသီချင်းသံလေးထည့်ဖို့အတွက်သီချင်းကို   http://www.mediafire.com/download/g48dd4j8zi8uerc/8.wav


G talk မှာစာရိုက်ရင်တက်လာတဲအသံလေးလိုချင်ရင်     http://www.mediafire.com/download/agaqzaar2ed7dj3/vlc.exe

စကားမစပ်- သုံးမျိုးစလုံးကို တစ်ပြိုင်နက်ထည်း ထည့်သွင်းပေးသင်ပါတယ်။ တစ်ခါထည့်ရင် တစ်ခါ Google Effect အဖြစ်ဝင်သွားလို့ ပထမဆုံး တစ်ခုကပဲ အလုပ်လုပ်တာမျိုး
ဖြစ်တက်ပါတယ်။ ဒါကြောင့် သုံးခုလုံးတစ်ပြိုင်ထည်း စမ်းစေလိုပါတယ်။ 


မန္တလေးကညီမလေးတစ်ယောက်ရေးထားတဲ့ post လေးပါ။

No comments: