= ကာယကံ (၃) ပါး
(၁) = သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့် သူ့အသက်ကို
သတ်လေ့ရှိခြင်း။
(၂)
= ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။
(၃)
= မာတုရက္ခိတ (အမိ စောင့်ရှောက်ထားသူ) စသော မိန်းမ ဆယ်မျိုးတို့၌ ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။
= ၀စီကံ (၄) ပါး
(၄)
= ပရိသတ်အလယ်၌ တံစိုးလက်ဆောင် စသော လာဘ်အမိသကြောင့် မဟုတ်မမှန် ပြောလေ့ရှိခြင်း။
(၅) = ညီညွှတ်သူများ အချင်းချင်း ကွဲပြားအောင် ကုန်းချောစကား ပြောကြားတတ်ခြင်း။
(၆)
= သူတစ်ပါးတို့၏ နားစပ်ခါးစေတတ်လျက် အမျက်ထွက်ဖွယ်စကား ကြမ်း တမ်းသော စကားကို ပြောကြားတတ်ခြင်း။
(၇)
= အကျိုးမဲ့ အခါမဲ့ တရားမဲ့ဖြစ်သော ပြိန်းဖျင်းသော စကားကိုပြောဆိုတတ်ခြင်း။
= မနောကံ (၃) ပါး
(၈)
= သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ အဆောက်အဦတို့သည် ငါ့ဥစ္စာဖြစ်မူ ကောင်းလေစွ စသည်ဖြင့် သူတစ်ပါး ဥစ္စာပစ္စည်းကို ရှေးရှုကြံစည်မှု
အဘိဇ္ဈာစိတ် အကြံရှိခြင်း။
(၉) = ဤသတ္တဝါတို့အား ဖမ်းဆီးသတ်ဖြတ် ကြပါစေ စသဖြင့် ဖျက်ဆီးလိုသော
စိတ်အကြံရှိခြင်း။
(၁၀)
= လှူဒါန်းပူဇော်ခြင်းသည် အကျိုးမရှိ အစရှိသဖြင့် မှားသောအမြင်ရှိခြင်း။
ဤဒုစရိုက် ( ၁၀ ) ပါးကို အကုသလကမ္မပထ တရား ( ၁၀ ) ပါးဟုလည်း ခေါ်သေး၏ ။
No comments:
Post a Comment